BREAKING
September 19, 2024

တနင်္သာရီပုံရိပ်

ထင်တိုင်းကြဲနေသည့် လောင်းကစားဝိုင်းများ

Dawei Watch

September 10, 2023

လူသူရှင်းသည့်နေရာများနှင့် လူသူအရောက်အပေါက်နည်းသည့်နေရာတွင်သာ ကျင်လည်ခဲ့သည့် လောင်းကစားဝိုင်းများမှာ အာဏာသိမ်းပြီးချိန်တွင် မြို့လယ်ကောင်သို့ ရောက်လာကြသည်။ တနင်္သာရီတိုင်းအတွင်း လေးပြား၊ အနီထောင်၊ ပေါက်တင်း အစရှိသည့် လောင်းကစားနည်းများကို လောင်းကြေးအဖြစ် ငွေကျပ်သိန်းရာချီ ကစားလေ့ရှိသည်။ ယခင်ကမူ လောင်းကစားဝိုင်းများကို လူသူအရောက်အပေါက်နည်းသည့် နယ်ဘက်ကျသည့် ရော်ဘာတောများ၊ ဥယျာဉ်ခြံများတွင် ပြုလုပ်လေ့ရှိသည်။ အာဏာသိမ်းပြီစအချိန်ကမူ ဒေသအများစုတွင် လိုင်းကြေးပေးထားသည့် လောင်းကစားဝိုင်းများရှိနေပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က မျက်စိမှိတ်ထားကြသည်။ အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာချိန်တွင်မူ ထားဝယ်မြို့လယ်ကောင်သို့ ပြောင်းရွေ့လာကြသည်။ အကြောင်းမှာ နယ်ဒေသများတွင်အဖြစ်များလာသည့် နှစ်ဖက်တိုက်ပွဲများ၊ ပဋိပက္ခများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တားမြစ်မှုများကြောင့် ပိုမိုလုံခြုံသည့် မြို့ပေါ်သို့ ရွေ့လာကြခြင်းဖြစ်သည်။ အဆိုပါ လောင်းကစားဝိုင်းများမှာ စစ်အစိုးရလက်ထက်မှ အစိုးရအဆက်ဆက်တိုင်အောင် နည်းလမ်းမျိုးစုံ၊ အပေးအယူပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ကျင်းပလေ့ရှိသည့် ရိုးရာနတ်ပွဲများ၊ […]

စနစ်ဆိုး၊ ခေတ်ဆိုးမှာ ရှင်သန်ကြသူများ

Dawei Watch

September 3, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီး ပြည်သူလူထုမှာလည်း အထွေထွေ အကျပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။ စီးပွားရေး လုပ်ငန်းအများစု ရပ်တန့်သွားကြသလို မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းသွားပြီး ဝင်ငွေနည်း ပြည်သူများမှာ အဆမတန်မြင့်တက်သွားသည့် ကုန်စည်စျေးနှုန်းကြောင့် စားရေးအခက်အခဲ များစွာကြုံတွေ့ နေကြရသည်။ ယင်းအပြင် ပဋိပက္ခဒေသများတွင် နေထိုင်သူများမှာ အိုးအိမ်စွန့်ကာ အသက်ဘေးအတွက် စစ်ဘေးရှောင်ကြရပြန်သည်။ ပြည်သူလူထုမှာတော့ ဆိုးရွားလွန်းသည့် ခေတ်အခြေအနေကို အားတင်းဖြတ်ကျော်နေကြသည်။ ယင်းအခြေအနေကို မည်သို့သော စိတ်ခွန်အား၊ ယုံကြည်ချက်ဖြင့် ဖြတ်သန်းနေကြသည်ကို သိရှိနိုင်ရန်အတွက် မတူညီသော နယ်ပယ်များတွင် ဖြတ်သန်းနေကြသူများကို တွေ့ဆုံမေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ‌ဖော်ပြအပ်ပါသည်။ “အခက်အခဲပေါင်းစုံရှိပေမယ့် လူသားတွေရဲ့ မျက်နှာကိုကြည့်ပြီးပဲ ရပ်တည်နေတာပါ” အရေးပေါ်လူနာတင်ယာဉ် အသင်းခေါင်းဆောင်တစ်ဦး DW ။ လက်ရှိပရဟိတ အသင်းတစ်သင်းကို ဘယ်လို့စိတ်ဓာတ်ခွန်အားတွေနဲ့ ရှေ့ဆက်နေလဲ။ […]

ရိက္ခာဖြတ်တောက်ခံထားရတဲ့ ဘဝတွေ

Dawei Watch

August 27, 2023

အစားအသောက် ရရှိဖို့ဆိုတာ လူတစ်ယောက်ရဲ့ တကယ့်အခြေခံအခွင့်အရေးပါပဲ။ ဒါပေမဲ့ ဒီလိုအခြေခံ အခွင့်အရေးလေးကိုတောင် မရတဲ့မိသားစုတွေ တနင်္သာရီတိုင်းထဲမှာ အများကြီးရှိနေပါတယ်။ စစ်အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့နေရာဒေသတွေကို ရိက္ခာဖြတ်တောက်ပိတ်ဆို့တာတွေ လုပ်လာ ပါတယ်။ ဒီလိုလုပ်နေရာမှာ တနင်္သာရီတိုင်းက ဒေသတွေလည်း ပါဝင်ပါတယ်။ ထားဝယ်ခရိုင်မှာဆိုရင် ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ မြိတ်ခရိုင်မှာဆိုရင် ပုလောမြို့နယ် အရှေ့ဖျားဒေ၊ တနင်္သာရီမြို့နယ်က တကူ၊ သရဘွင် ကျေးရွာအုပ်စုတွေ ရိက္ခာဖြတ်တောက်ခံထားရတာပါ။ ထားဝယ်အရှေ့တောဒေသဆိုရင် ပြီးခဲ့တဲ့နှစ်ကပင် ရိက္ခာဖြတ်တောက်ခံထားရပေမယ့် ရိက္ခာအနည်းငယ် သယ်လို့ ရနေပါသေးတယ်။ ဒါပေမဲ့ ဩဂုတ်လလယ်ပိုင်းမှာ လုံးဝ သယ်ခွင့်မပေးတော့သလို ပုလော အရှေ့ဖျားဒေသ ဆိုရင်လည်း ၂နှစ်နီးပါး ကြာမြင့်နေပါပြီ။ ဒီလို ရိက္ခာဖြတ်တောက်ခံထားတဲ့ ဒေသတွေက […]

ကလေးကာကွယ်ဆေး မထိုးရရင် ဘာဖြစ်နိုင်လဲ

Dawei Watch

August 7, 2023

အာဏာသိမ်းပြီးနောက် ကလေးများကိုပုံမှန်ထိုးပေးနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ရပ်တန့်ကုန်သည်။ မွေးကင်းစအရွယ်မှ ကလေးအသက်တစ်နှစ်ခွဲအထိထိုးရမည့် ကာကွယ်ဆေး အမျိုးအစား အနည်းဆုံးရှစ်မျိုးခန့်ရှိသည်။ ယင်းကာကွယ်ဆေးများမှာ တစ်ကြိမ်တည်းထိုးရမည့်ဆေးရှိသလို အသက်အရွယ်အလိုက် သုံးကြိမ်ထိုးရမည့် ကာကွယ်ဆေးများလည်းပါဝင်သည်။ အာဏာမသိမ်းခင်ကမူ ကလေးကာကွယ်ဆေးထိုးသည့်လုပ်ငန်းကို ဖိဖိစီးစီးလုပ်နိုင်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များ ရပ်တန့်သွားသည်။ အာဏာသိမ်းမှုကို လက်မခံသည့်အတွက် CDM လုပ်သွားသည့် ကျန်းမာရေးဝန်ထမ်း များပြားသည့်အတွက်လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ရပ်တန့်သလောက်ဖြစ်သွားသည်။ အထူးသဖြင့် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် ကာကွယ်ဆေးထိုး လုပ်ငန်းများ မရှိတော့ချေ။ စစ်အုပ်ချုပ်ရေးမကြေညာသည့် ကျန်သည့်မြို့နယ်များတွင်လည်း ပုံမှန်ထိုးပေးနေသည့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကဲ့သို့သော ဆေးအချို့ ပြတ်လပ်နေကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူအချို့က ဝန်ခံပြောဆိုထားသည်။ ကလေးများအနေဖြင့် ကာကွယ်ဆေး သတ်မှတ်အကြိမ်အရေအတွက် ပြည့်အောင်မထိုးရခြင်းနှင့် ကာကွယ်ဆေးလုံးဝမထိုးရသည့် အခြေအနေနှင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများကိုသိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။ […]

အွန်လိုင်းအရောင်းတွေ ဘာလို့မှတ်ပုံတင်ခိုင်းတာလဲ

Dawei Watch

July 30, 2023

အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်‌တွင် အချက် ၃ ချက်ပါဝင်သည်။ ယင်းအချက် ၃ ချက်အနက် နံပါတ် ၂ အချက်တွင် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါအချက်အရ အမိန့်စာထုတ်ပြန်ပြီး ၆ လပြည့်မြောက်သည့် နေ့မှစတင်ပြီး မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဟု […]

တိုက်ပွဲကြားက လယ်သမားများ

Dawei Watch

July 23, 2023

တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ ဖမ်းဆီးခံရမှု၊ ပစ်ခတ်သတ်ဖြတ်ခံရမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။ ယင်းသို့သော အခြေအနေတွင် လယ်သမားများမှာ လယ်ယာအလုပ်ကို ဆက်လက်လုပ်ကိုင်ရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။ လယ်စိုက်ရင်း လက်နက်ကြီးကျသေဆုံးမှု၊ မိုင်းနင်းမိ၍ ခြေ၊လက်ဆုံးရှုံးမှု၊ ပစ်ခတ်ခံရမှု၊ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်ဖြစ်ရာ အသက်နှင့်ရင်း၍ လယ်လုပ်နေကြရသည်။ ယင်းကြောင့်ပင် လယ်သမားအချို့ လယ်မစိုက်ကြတော့သလို လယ်ယာလုပ်ငန်းခွင် ဝင်နေကြသူများကလည်း အခြေအနေကြည့်ပြီး စိုးတထိတ်ထိတ်ဖြင့် လုပ်နေကြရသည်။ တိုက်ပွဲဖြစ်ချိန်၊ စစ်ကြောင်းဝင်ချိန်ဆိုလျှင် လယ်ပစ်ပြီးပြေးကြရပြန်သည်။ အချို့မှာလယ်စိုက်ထားပြီး ဒေသအခြေအနေမကောင်းသဖြင့် ထွက်ပြေးကြရရာ လယ်ပျက်စီးမှုများလည်း ကြုံကြရပြန်သည်။ ယင်းကြောင့် ပဋိပက္ခဒေသမှ လယ်စိုက်တောင်သူများ၏ အခြေအနေများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီ ပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “သေနတ်သံကြားရင်ပြေးပုန်း လက်နက်ကြီး လာကျရင်လည်း ကံပဲ” […]