ထင်တိုင်းကြဲနေသည့် လောင်းကစားဝိုင်းများ
Dawei Watch
September 10, 2023လူသူရှင်းသည့်နေရာများနှင့် လူသူအရောက်အပေါက်နည်းသည့်နေရာတွင်သာ ကျင်လည်ခဲ့သည့် လောင်းကစားဝိုင်းများမှာ အာဏာသိမ်းပြီးချိန်တွင် မြို့လယ်ကောင်သို့ ရောက်လာကြသည်။ တနင်္သာရီတိုင်းအတွင်း လေးပြား၊ အနီထောင်၊ ပေါက်တင်း အစရှိသည့် လောင်းကစားနည်းများကို လောင်းကြေးအဖြစ် ငွေကျပ်သိန်းရာချီ ကစားလေ့ရှိသည်။ ယခင်ကမူ လောင်းကစားဝိုင်းများကို လူသူအရောက်အပေါက်နည်းသည့် နယ်ဘက်ကျသည့် ရော်ဘာတောများ၊ ဥယျာဉ်ခြံများတွင် ပြုလုပ်လေ့ရှိသည်။ အာဏာသိမ်းပြီစအချိန်ကမူ ဒေသအများစုတွင် လိုင်းကြေးပေးထားသည့် လောင်းကစားဝိုင်းများရှိနေပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က မျက်စိမှိတ်ထားကြသည်။ အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာချိန်တွင်မူ ထားဝယ်မြို့လယ်ကောင်သို့ ပြောင်းရွေ့လာကြသည်။ အကြောင်းမှာ နယ်ဒေသများတွင်အဖြစ်များလာသည့် နှစ်ဖက်တိုက်ပွဲများ၊ ပဋိပက္ခများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တားမြစ်မှုများကြောင့် ပိုမိုလုံခြုံသည့် မြို့ပေါ်သို့ ရွေ့လာကြခြင်းဖြစ်သည်။ အဆိုပါ လောင်းကစားဝိုင်းများမှာ စစ်အစိုးရလက်ထက်မှ အစိုးရအဆက်ဆက်တိုင်အောင် နည်းလမ်းမျိုးစုံ၊ အပေးအယူပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ကျင်းပလေ့ရှိသည့် ရိုးရာနတ်ပွဲများ၊ […]