BREAKING
September 16, 2024

တနင်္သာရီပုံရိပ်

ခေတ်ပျက် ဥပါသကာ

Dawei Watch

September 16, 2024

တောဖိတ်နေ့နှင့် အဖိတ်နေ့များတွင် အဖြူရောင်တူညီဝတ်စုံဝတ်ထားသည့် ဥပါသကာအဖွဲ့များက တောင်ပိုင်းတနင်္သာရီတိုင်းရှိ မြို့၊ ရွာအနှံ့ ရှောင်မလွဲ တွေ့ရလေ့ရှိသည်။ မြို့ရွာအသီးသီးရှိ ဘုရား၊ ဘုန်းကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် လိုအပ်သည့် အလှူငွေအတွက် ထိုထိုသော ဥပါသကာအဖွဲ့များက ဝါတွင်းသုံးလပတ်လုံး လိုက်လံအလှူခံပြီး ဖြည့်ဆည်းလေ့ရှိသည်က တောင်ပိုင်းသားများ၏ ချစ်စရာဓလေ့တစ်ခုပင်။ ယင်းဥပါသကာအဖွဲ့များတွင် လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံက သိုက်သိုက်ဝန်းဝန်းဖြင့် အားတက်သရောလိုက်ပါလေ့ရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ဖိနှိပ်ရမ်းကားမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ဥပါသကာအဖွဲ့များမှာ အရေအတွက်အားဖြင့် လျော့ပါးသွားသည်။ ထို့အပြင် ပိတ်ဖြူလုံချည်နှင့် အဖြူရောင်အင်္ကျီဝတ်ပြီး အလှူခံဖလားကိုင်လေ့ရှိသည် ဥပါသကာလူငယ်အချို့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် တော်လှန်ရေးတပ်သားများဖြစ်လာကြပြီး သေနတ်ကိုင်သည့် လက်များဖြစ်လာကြသည်။ ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေမည့်စနစ်နှင့် ပြည်သူများကို ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောက်သွားကြပြီး ရွှေ့ပြောင်းလုပ်သားများ ဖြစ်သွားကြသည်။ […]

အသက်ကို ဖက်နှင့် ထုပ်ထားသည်

Dawei Watch

September 9, 2024

စစ်အာဏာသိမ်းပြီးနောက် ကျေးလက်နေပြည်သူများ ရင်ဆိုင်ကြရသည့် အကြီးမားဆုံးပြဿနာ တစ်ခုက ကျန်းမာရေးကိစ္စဖြစ်သည်။ ကျေးလက်ကျန်းမာရေးစနစ် ရပ်တန့်သွားသလို ဆေးဝါးစျေးမြင့်တက်မှု၊ စစ်ကောင်စီက ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်မှု၊ လူနာတင်ယာဉ်များ သွားလာရေး ကန့်သတ်ခံရမှုတို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေကြရသည်။ ရောဂါဖြစ်လာပါက မြို့ပေါ်တက်ကုသရန် ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရသူ အများအပြားရှိနေသဖြင့် အသေခံရမည့်ကိန်း ဆိုက်ရောက်နေသည်။ ကျေးလက်ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များမှာလည်း ကာကွယ်ဆေးမရခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မရခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရမှုများလည်း ရှိနေသည်။ ယင်းအပြင် လူနာသယ်ယာဉ်အသင်းများလည်း နည်းပါးလာသလို အကန့်အသတ်များကြောင့် ညပိုင်းလူနာသယ်ဆောင်ပေးမှု နည်းပါးလာသဖြင့် ညအချိန် အရေးပေါ်ဖြစ်ပါက အသက်အသေခံရမည်သာ ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ မြို့ပေါ်တွင်သာ ရှိနေပြီး ကျေးလက်အများစုတွင် ဆေးဝါး နားလည်သူပင် မရှိသည့် အခြေအနေဖြစ်နေရာ ကျေးလက်နေ […]

လူတိုင်းကို စစ်ကျွန်ပြုရန် ကြံစည်နေသည့် စစ်ကောင်စီ

Dawei Watch

September 1, 2024

လူထုတော်လှန်ရေး အားကောင်းလာမှုနှင့်အတူ နိုင်ငံအဝှမ်း အရှုံးဖြင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီက တစ်နိုင်ငံလုံးကို စစ်ကျွန်ပြုမည့် အစီအစဉ်အား ထပ်မံအကောင်အထည်ဖော်လာသည်။ ပြည်သူ့လုံခြုံရေးစနစ်ဟု အမည်တပ်ထားသည့် ပြည်သူတိုင်းသေနတ်ကိုင်ပြီး ကင်းစောင့်ရမည့် အစီအမံတစ်ခုကို ထုတ်ပြန်လာခြင်းဖြစ်သည်။ အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာလာချိန်တွင် မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ဆုံးရှုံးထားရပြီး အင်အားပြုန်းတီးနေ သည့် စစ်ကောင်စီက ရသမျှနည်းလမ်းဖြင့် လူအင်အား စုဆောင်းလာခြင်းလည်းဖြစ်သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်သူများကို စစ်မှုမထမ်းမနေရစနစ်ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးကာ စစ်သားစုဆောင်းခဲ့သည်။ ယခုအကြိမ်တွင်မူ စစ်မှုထမ်းအသက် ကင်းလွတ်သူများကိုပါ အလွတ်မပေးတော့ဘဲ အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်း အကျုံးဝင်သူများကို မြို့ရွာများတွင် ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ဆိုသည်ကို အဓမ္မလုပ်ဆောင်လာပြန်သည်။ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများမှာ ကင်းစောင့်ရုံဖြင့်မပြီး။ […]

တော်လှန်ရေး၊ စစ်အာဏာရှင်နှင့် အခွန်ဝိရောဓိ

Dawei Watch

August 25, 2024

အာဏာသိမ်းချိန်မှစကာ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အခက်တွေ့အောင် လုပ်ဆောင်နေသည့် စစ်အာဏာရှင်ကို လက်မခံသည့် လူထုလူတန်းစား အများအပြားက တော်လှန်ရေးအောင်မြင်ရန် နည်းမျိုးစုံဖြင့် ကူညီပံ့ပိုးနေကြသည်။ အောင်မြင်မှုများ ရရှိနေသည့် စစ်အာဏာရှင် တော်လှန်ရေးခရီးတွင် ကျေးလက်နေပြည်သူများနှင့် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ ပံ့ပိုးအားမှာ အထူးအရေးပါလှကြောင်း တော်လှန်ရေးခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက အသိအမှတ်ပြုပြောဆိုရသည်အထိပင်။ တနင်္သာရီတိုင်းက ထောက်ပို့အဖွဲ့များကလည်း ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများ၏ ပံ့ပိုးမှုဖြင့် ထောက်ပံ့ရေး လုပ်ငန်းအများအပြားကို လုပ်ဆောင်နေရဟုဆိုသည်။ သို့သော် ယခုရက်ပိုင်းတွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေးအတွက် နည်းမျိုးစုံ အသုံးပြုလာရာတွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ အခွန်ကောက်ခံရေးကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ စစ်ကောင်စီက ရွှေ့ပြောင်းလုပ်သားများထံမှ အခွန်တိုးမြှင့်ရရှိရေး လုပ်ဆောင်လာမှုအပေါ် တော်လှန်ရေး အင်အားစုအချို့ကလည်း စိတ်ပူပန်မှုများရှိနေပြီး စစ်ကောင်စီလက်ထဲ နိုင်ငံခြားငွေ စီးဆင်းမှု ဟန့်တားနိုင်ရန် အခွန်မဆောင်ရေး လှုပ်ရှားမှုများ […]

ကျပ်ကျ-ဘတ်တက် တောင်ပိုင်းဂယက်

Dawei Watch

August 18, 2024

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသလို ကူးလူးဆက်ဆံမှု အများဆုံးဒေသတစ်ခုလည်းဖြစ်သည်။ တောင်ပိုင်းသားအများစုမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင် ကြသလို ထိုင်းကုန်ပစ္စည်းများကို အဓိကထား သုံးစွဲကြသည့် ဒေသတစ်ခုလည်းဖြစ်သည်။ ယင်းကြောင့် ဘတ်စျေးအတက်အကျမှာ တောင်ပိုင်းသားများအတွက် အရေးကြီးလှပြီး နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ ယခုရက်ပိုင်းတွင် ဘတ်စျေးမှာ တစ်ဘတ်လျှင် ကျပ် ၂၀၀ ဝန်းကျင်အထိ စံချိန်တင်တက်သွားခဲ့ပြီး ပြန်ကျလိုက် ပြန်တက်လိုက်ဖြင့် အလှုပ်အရမ်းများနေသည်။ ဘတ်စျေးကောင်းသဖြင့် စားသောက်ကုန်မှစကာ နေ့စဉ်သုံးထိုင်းထုတ်ကုန်များ စျေးတက်သွားသဖြင့် ဒေသခံများ အခက်အခဲကြုံကြရသည်။ အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်သူရှိသည့် မိသားစုများမှာ ထိုင်းငွေစျေးကောင်းသဖြင့် ပြည်တွင်းကို ကျပ်ငွေပိုမိုပို့နိုင်သည်လည်း ရှိသည်။ သို့သော် ကျပ်ငွေပိုရသဖြင့် ချောင်လည်သွားသည်တော့မဟုတ် ပြန်ဝယ်ယူစားသုံးရသည့် စျေးများတက်နေသဖြင့် မထူးလှဟုလည်း ဆိုကြသည်။ ယင်းအပြင် ထိုင်းကုန်စည်များ ဝယ်ယူရောင်းချသည့် […]

ဖင်တကြွကြွ ရင်တမမ အလှူ

Dawei Watch

August 11, 2024

မြန်မာနိုင်ငံသားများ ငွေပိုငွေလျှံရှိသည်ဆိုပါက အလှူအတန်းအတွက် လက်မနှေးကြ၊ ဘာသာရေး အယူအဆအားဖြင့်လည်း အလှူအတန်းလုပ်ရန် အားသန်ကြသလို ဓလေ့အားဖြင့်လည်း အလှူအတန်းအကြီးအကျယ် လုပ်လေ့ရှိကြသည်။ ကျေးလက်ဒေသများတွင် အလှူပွဲများကို ခမ်းခမ်းနားနားကျင်းပကြပြီး အားလုံးပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။ တနင်္သာရီတိုင်းတွင်လည်း အလှူအတန်းမှာ ပုံစံအမျိုမျိုးဖြင့် ကျင်းပလေ့ရှိကြပြီး ခြိမ့်ခြိမ့်သဲ လှူဒါန်းလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ စစ်မီးတောက်ကာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင်လည်း တနင်္သာရီတိုင်းအပါအဝင် ဒေသအတော်များများတွင် အလှူပွဲများ ကျင်ပနေကြဆဲဖြစ်သည်။ အေးချမ်းသည့်ဒေသများမှာ အလှူပွဲများကို သက်သောင့်သက်သာ ကျင်းပနိုင်ကြသော်လည်း စစ်ရေးတင်းမာသည့် ဒေသများတွင်မူ ဖင်တကြွကြွ ရင်တမမဖြင့် အလှူပွဲကို ကျင်းပနေကြရသည်။ အချို့မှာ အလှူပွဲမပြီးခင် တိုက်ပွဲဖြစ်ပွားလာသဖြင့် ထွက်ပြေးကြရသည်မျိုးရှိသလို လေကြောင်းတိုက်ခိုက်ခံရချိန်နှင့် အလှူပွဲလာတိုးနေသည့် အဖြစ်မျိုးလည်း ရှိခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း အန္တရာယ်ကြားက အလှူပွဲများလုပ်နေခြင်းထက် တစ်ကယ်လို အပ်နေသည့် […]