BREAKING
November 21, 2024

တနင်္သာရီပုံရိပ်

ထားဝယ်တန်ဆောင်တိုင် ဝိရောဓိ

Dawei Watch

November 15, 2024

ယခုနှစ် ထားဝယ်တန်ဆောင်တိုင်မှာ စစ်အာဏာသိမ်းကာလအတွင်း အစည်ကားဆုံး ပွဲတော်ဖြစ်ခဲ့သည်။ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဒေသဓလေ့တစ်ခုကို မပျောက်သွားစေရေးအတွက် ဘုရားလှည့်ပွဲကို ကျင်းပရသည်ဟု ပြောဆိုမှုများရှိသလို လူတိုင်းပါဝင်နိုင်ခြင်း မရှိသည့် အခြေအနေမျိုးတွင် ယခုလို မကျင်းပသင့်ဟု ထောက်ပြသူများလည်း ရှိကြသည်။ ယင်းအပြင် ဖျော်ဖြေရေးယာဉ်များဖြင့် လှည့်လည်ခဲ့ကြပြီး သီချင်းသံများ ကျယ်လောင်စွာ ဖွင့်၍ ကခုန်ခဲ့မှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။ ယခင်က လူငယ်များဖြင့် အဓိကထားကျင်းပခဲ့သည့် ဘုရားလှည့်ပွဲမှာ ယခုနှစ်တွင် လူငယ်များ မပါနိုင်တော့ဘဲ ဆယ်ကျော်သက်များနှင့် လူကြီးများကသာ ပါဝင်လုပ်ဆောင်ခဲ့သည်မှာလည်း ထူးခြားချက်တစ်ခုဖြစ်ခဲ့သည်။ ဘုရားလှည့်ပွဲတွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်စွာ ချထားမှုကလည်း ဘုရားပွဲကို အကျည်းတန်စေသည်ဟု ဆိုသူများကလည်း ဆိုကြသည်။ မြို့ပေါ်တွင် ဘုရားလှည့်ပွဲ ပျော်ပျော်ပါးပါးနွှဲနေချိန်မှာ မြို့အနီးဝန်းကျင် ကျေးရွာများကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် […]

စစ်ရှောင်တွေရဲ့ တော်လှန်ရေးမျှော်လင့်ချက် (အပိုင်း – ၂ )

Dawei Watch

November 11, 2024

အာဏာသိမ်းကာလ ရက်ပေါင်း ၁၄၀၀ နီးပါးရှိလာချိန်တွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်နေရသူ ခြောက်သောင်းဝန်းကျင်အထိ ရှိနေသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်နှင့် တိုက်ပွဲများဖြစ်ပွားလာချိန်တွင် အရပ်သားများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် ကြရခြင်းဖြစ်သည်။ ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး နီးစပ်ရာ မြို့ရွာများ၊ တောတောင်ဥယျာဉ်ခြံများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။ အဆိုပါနေရာများတွင် စား၊ဝတ်၊နေရေး အခက်အခဲမျိုးစုံကို ရင်ဆိုင်နေထိုင်ကြရသဖြင့် စစ်ဘေးရှောင် အားလုံးနီးပါးက နေရပ်ပြန်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းရန် အာသီသပြင်းထန်နေကြသည်။ စစ်ဘေးရှောင်းများ နေရပ်ပြန်ကာ ယခင်လိုအေးချမ်းစွာ နေထိုင်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်တွန်းလှန် နိုင်မှသာဖြစ်နိုင်မည့် အခြေအနေဖြစ်ရာ တော်လှန်ရေးအောင်မြင်စွာ အပြီးသတ်ရန် မျှော်လင့်နေသူများလည်း အများအပြားရှိနေသည်။ ထိုကြောင့် တော်လှန်ရေးအပေါ် စစ်ဘေးရှောင်နေရသူများ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ […]

စစ်ရှောင်တွေရဲ့ တော်လှန်ရေးမျှော်လင့်ချက် (အပိုင်း – ၁)

Dawei Watch

November 11, 2024

အာဏာသိမ်းကာလ ရက်ပေါင်း ၁၄၀၀ နီးပါးရှိလာချိန်တွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်နေရသူ ခြောက်သောင်းဝန်းကျင်အထိ ရှိနေသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်နှင့် တိုက်ပွဲများဖြစ်ပွားလာချိန်တွင် အရပ်သားများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းလုပ်ကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင် ကြရခြင်းဖြစ်သည်။ ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး နီးစပ်ရာ မြို့ရွာများ၊ တောတောင်ဥယျာဉ်ခြံများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။ အဆိုပါနေရာများတွင် စား၊ဝတ်၊နေရေး အခက်အခဲမျိုးစုံကို ရင်ဆိုင်နေထိုင်ကြရသဖြင့် စစ်ဘေးရှောင်အားလုံးနီးပါးက နေရပ်ပြန်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းရန် အာသီသပြင်းထန်နေကြသည်။ စစ်ဘေးရှောင်းများ နေရပ်ပြန်ကာ ယခင်လိုအေးချမ်းစွာ နေထိုင်နိုင်ရေးမှာ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်တွန်းလှန် နိုင်မှသာဖြစ်နိုင်မည့် အခြေအနေဖြစ်ရာ တော်လှန်ရေးအောင်မြင်စွာ အပြီးသတ်ရန် မျှော်လင့်နေသူများလည်း အများအပြားရှိနေသည်။ ထိုကြောင့် တော်လှန်ရေးအပေါ် စစ်ဘေးရှောင်နေရသူများ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်၊ အားမလိုအားမရဖြစ်မှုများကို […]

ပုဂံဘုရားဖူးနေရသည့် တနင်္သာရီတော်လှန်ရေးခရီး

Dawei Watch

October 28, 2024

တော်လှန်ရေးကာလသုံးနှစ်ကျော်လာချိန်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသည့်နည်းတူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အရေအတွက်က ထောင်ဂဏန်းအထိ ရှိလာသည်။ စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အဖြစ်သတ်မှတ်ထားသည့် တနင်္သာရီတိုင်းအတွင်းတွင်ပင် တော်လှန်ရေး အဖွဲ့ပေါင်း တစ်ရာထက်မနည်းရှိနေသည်။ ထိုအရေအတွက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် အဖွဲ့များသာဖြစ်ပြီး KNU ၊ KTLA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မပါဝင်သေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များအပြင် သီးခြားရပ်တည်နေသည့် ဒေသကာကွယ်ရေးတပ် (LPDF) များလည်း ရှိနေကြသည်။ ယင်းတော်လှန်ရေးအဖွဲ့ပေါင်း တစ်ရာကျော်တွင် စစ်ကောင်စီတပ်ကို အားကောင်းမောင်းသန် တိုက်ခိုက်တွန်းလှန်နေသည့် အဖွဲ့များရှိသလို အင်အားအနည်းငယ်သာရှိပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်သွားသည့် အဖွဲ့များလည်း ရှိသည်။ ထိုအခြေအနေတွင် ဒေသတွင်းနေထိုင်သည့် ပြည်သူများပင် ၎င်းတို့နေထိုင်ရာဝန်းကျင်တွင် တော်လှန်ရေးအဖွဲ့ အရေအတွက် မည်မျှရှိမှန်းမသိဖြစ်လာသည်အထိ […]

ပျောက်ဆုံးသွားသည့် ‘ထားဝယ်သားတို့ မအိပ်တဲ့ည’

Dawei Watch

October 20, 2024

စစ်အာဏာရှင်အောက် ကျရောက်ခဲ့သည်မှာ ရက်ပေါင်း ၁၃၅၈ ရက်တိတိ ရှိလာပြီဖြစ်ပြီး မှောင်မိုက်လှသည့် သီတင်းကျွတ်လပြည့်နေ့ကို ဖြတ်သန်းရသည်မှာလည်း ၄ ကြိမ်တိတိရှိလာပြီဖြစ်သည်။ သီတင်းကျွတ်ကာလမှာ ပွင့်လင်းရာသီအစဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိကြသည်။ တောင်ပိုင်းသားများ၏ သီတင်းကျွတ်ပွဲတော် ဖြတ်သန်းမှုမှာ အခြားဒေသများနှင့်မတူ တစ်မူထူးခြားလှသည်။ ထားဝယ်ဒေသ၏ သီတင်းကျွတ်ကာလဖြတ်သန်းမှုမှာ ပို၍ကွဲပြားသည်ဟုဆိုနိုင်ပြီး “ထားဝယ်သားတွေ မအိပ်တဲ့ည” အဖြစ် တင်စားကြသည်အထိ စည်ကားလွန်းလှသည်။ လူကြီးလူငယ်မရွေး သွားရောက်ဆင်နွှဲလေ့ရှိသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်၊ လမ်းတိုင်းနီးပါး အိမ်တိုင်းနီးပါး အလှဆင်ထွန်းညှိထားကြသည့် သီတင်းကျွတ်မီးထွန်းပွဲ၊ ဘုရား၊ ဘုန်းကြီးကျောင်းများတွင် ကြိတ်ကြိတ်တိုးနေလေ့ရှိသည့် ဆွမ်းတော်ကြီးတင်ပွဲများ၊ ပွဲလမ်းသဘင်များ စသဖြင့် ရေးပြ၍ပင် မကုန်နိုင်အောင် ရှိလှသည်။ သို့သော် အာဏာသိမ်းပြီးချိန်မှစ၍ ယင်းပျော်ရွှင်စရာ၊ ချစ်စရာ ဓလေ့များပျောက်ဆုံးသွားပြီဖြစ်သည်။ စစ်ကောင်စီက ရွာမီးရှို့၊ လေယာဉ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးဖြင့်ပစ်၊ […]

ပွဲငတ်သူများ

Dawei Watch

October 14, 2024

ဝါလကင်းလွတ် မိုးလေကျွတ်ပြီဆိုရင် တနင်္သာရီတိုင်းထဲက မြို့ရွာဒေသတွေမှာ ပွဲလမ်းသဘင်တွေအပြိုင်အဆိုင် လတိုင်းကျင်းပကြပါတယ်။ သီတင်းကျွတ်ဆိုရင် သီတင်းကျွတ်မီးထွန်းပွဲ၊ သပိတ်မျှောပွဲ၊ ကထိန်အောင်ပွဲ၊ တန်ဆောင်မုန်းလ ဘုရားလှည့်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ နတ်တော်လ ရွာရှင်ဘိုးဘိုးပူဇော်ပသတဲ့ပွဲ (နတ်ပွဲ) စသည် စသည်။ အဲဒီပွဲတော်တွေထဲမှာ ဇာတ်သဘင်ပွဲတွေက မပါမဖြစ်။ ထားဝယ်ဒေသခံတွေကတော့ ဇာတ်သဘင်ပွဲကျင်းပတာကို “ပွဲခံတယ်” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ အခုချိန်လို ပွင့်လင်းရာသီအစဆိုရင် ဇာတ်သဘင်ပွဲတွေ ခြိမ့်ခြိမ့်သဲ့ကျင်းပဖို့ တာစူနေတဲ့အချိန်။ တစ်ရွာနဲ့တစ်ရွာ သူထက်ငါသာ နာမည်ကြီး၊ ဈေးကြီးတဲ့ ဇာတ်အဖွဲ့တွေကို ကြိုငှားထားကြလေရဲ့။ နောက်ကျမှဆိုရင် သူများရွေးပြီးသားတွေပဲ ရတော့တာကိုး။ ရွာခံလူငယ်တွေကြားမှာလည်း ငါတို့ရွာမှာတော့ ဘယ်မင်းသမီး၊ ဘယ်မင်းသားပါတဲ့ ဇာတ်ပွဲကို ဘယ်လိုဈေးကြီးပေးပြီး ငှားထားတာဟ ဆိုပြီး အချင်းချင်း ကြွားလုံး ထုတ်လိုက်ကြပါသေးတယ်။ ဇာတ်ပွဲကျင်းပတဲ့ညဆိုရင် ဖျာအဟောင်းတွေ၊ မြွေရေအိတ်အခွံတွေ၊ တာလပတ်အဟောင်းတွေကို […]

မြို့နေလူထုကြားက သန်းခေါင်စာရင်း ဂယက်

Dawei Watch

September 22, 2024

စစ်ကောင်စီက တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည့်ကာလကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အချိန်နှစ်ပတ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။ ယင်းကာလအတွင်း မကောက်ယူနိုင်သည့် ဒေသများကို လုံခြုံရေးယူပြီး ရက်တိုးကောက်မည်ဟုလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။ သို့သော် ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်မည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီတွင် ရနိုင်သမျှကောက်ကြရန် စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့သည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အစည်းအဝေးတွင် ၎င်းကပြောဆိုခဲ့သည်။ လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုထားသဖြင့် သန်းခေါင်စာရင်း ကောက်ခြင်းမှာ ရွေးကောက်ပွဲအတွက်ဟု ပြောဆိုမှုများ ရှိသလို၊ တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်း၊ စစ်မှုထမ်းခိုင်းစေရန်အတွက် လူဦးရေသိရန် လုပ်ဆောင်ခြင်း စသဖြင့် သုံးသပ်မှုများလည်း ရှိနေသည်။ […]

ခေတ်ပျက် ဥပါသကာ

Dawei Watch

September 16, 2024

တောဖိတ်နေ့နှင့် အဖိတ်နေ့များတွင် အဖြူရောင်တူညီဝတ်စုံဝတ်ထားသည့် ဥပါသကာအဖွဲ့များက တောင်ပိုင်းတနင်္သာရီတိုင်းရှိ မြို့၊ ရွာအနှံ့ ရှောင်မလွဲ တွေ့ရလေ့ရှိသည်။ မြို့ရွာအသီးသီးရှိ ဘုရား၊ ဘုန်းကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် လိုအပ်သည့် အလှူငွေအတွက် ထိုထိုသော ဥပါသကာအဖွဲ့များက ဝါတွင်းသုံးလပတ်လုံး လိုက်လံအလှူခံပြီး ဖြည့်ဆည်းလေ့ရှိသည်က တောင်ပိုင်းသားများ၏ ချစ်စရာဓလေ့တစ်ခုပင်။ ယင်းဥပါသကာအဖွဲ့များတွင် လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံက သိုက်သိုက်ဝန်းဝန်းဖြင့် အားတက်သရောလိုက်ပါလေ့ရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ဖိနှိပ်ရမ်းကားမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ဥပါသကာအဖွဲ့များမှာ အရေအတွက်အားဖြင့် လျော့ပါးသွားသည်။ ထို့အပြင် ပိတ်ဖြူလုံချည်နှင့် အဖြူရောင်အင်္ကျီဝတ်ပြီး အလှူခံဖလားကိုင်လေ့ရှိသည် ဥပါသကာလူငယ်အချို့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် တော်လှန်ရေးတပ်သားများဖြစ်လာကြပြီး သေနတ်ကိုင်သည့် လက်များဖြစ်လာကြသည်။ ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေမည့်စနစ်နှင့် ပြည်သူများကို ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောက်သွားကြပြီး ရွှေ့ပြောင်းလုပ်သားများ ဖြစ်သွားကြသည်။ […]