တနင်္သာရီဘိုးဘိုးကြီး၏ တနင်္သာရီဟောကိန်း
Dawei Watch
April 11, 2024ဒဏ်ရာများစွာနဲ့ နာကျင်စွာဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ချင်းနင်းဝင်ရောက်လာပါပြီ။ နာကျင်ရင်ကွဲခဲ့ရတဲ့နေ့ရက်တွေ၊ မြိုသိပ်အံကြိတ်ခဲ့ရတဲ့အချိန်၊ မရေရာတဲ့ အနာဂတ်တွေ၊ လုံခြုံမှုမဲ့တဲ့ ဘဝတွေ၊ ဈေးပေါခဲ့ရတဲ့ အသက်တွေ စတဲ့အနိဌာရုံတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်ဟောင်းက မကြာခင်ကုန်ဆုံးတော့မှာပါ။ ချူချာလှတဲ့ နှစ်ဟောင်းမှာ လူမစုံတော့တဲ့ ရှင်ကွဲ သေကွဲ ကွဲကွာခဲ့ရတဲ့ မိသားစုဘဝတွေကလည်း တစ်ပုံတစ်ပင်။ နှစ်ဟောင်းခြွေပြီးလို့ နှစ်သစ်ရောက်ချိန်မှာတော့ ဆယ်လမွန်ငါးတွေအိမ်ပြန်ခွင့် ရတော့မလား။ သန်းခေါင်ထက်ပိုနက်တဲ့ ညတွေ ဖြတ်သန်းရဦးမလား။ အခုနှစ်မှာ တနင်္သာရီဘိုးဘိုးကြီးကတော့….. ဒရုန်းယာဉ်ပျံကိုစီးပြီး လက်တစ်ဖက်က မီးတုတ်ကိုင်ပြီး ကျန်တစ်ဖက်က မောင်းပြန်သေနတ်ကိုင်လျက် ကျည်ကာဝတ်ပြီး ဆင်းအံ့။ နိုင်ငံရေး အလောင်းစည်သူဘွဲ့ခံ သူရူးတစ်သိုက် နေစရာမြေ ကျဉ်းမြောင်းလာပြီး ဂူတွမ်းထဲ အချိန်ကုန်အံ့။ ကောင်းကင်ပေါ်အမြဲ မော့ကြည့်ပြီး ညဘက်အိပ်ရေးပျက်လတ္တံ့။ အလောင်းစည်သူတစ်စု ပြုထားသမျှ အကုသိုလ်အကျိုးတရားနဲ့ လူထုပို့သတဲ့မေတ္တာကြောင့် […]