ကျပ်ကျ-ဘတ်တက် တောင်ပိုင်းဂယက်
Dawei Watch
August 18, 2024မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသလို ကူးလူးဆက်ဆံမှု အများဆုံးဒေသတစ်ခုလည်းဖြစ်သည်။ တောင်ပိုင်းသားအများစုမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင် ကြသလို ထိုင်းကုန်ပစ္စည်းများကို အဓိကထား သုံးစွဲကြသည့် ဒေသတစ်ခုလည်းဖြစ်သည်။ ယင်းကြောင့် ဘတ်စျေးအတက်အကျမှာ တောင်ပိုင်းသားများအတွက် အရေးကြီးလှပြီး နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ ယခုရက်ပိုင်းတွင် ဘတ်စျေးမှာ တစ်ဘတ်လျှင် ကျပ် ၂၀၀ ဝန်းကျင်အထိ စံချိန်တင်တက်သွားခဲ့ပြီး ပြန်ကျလိုက် ပြန်တက်လိုက်ဖြင့် အလှုပ်အရမ်းများနေသည်။ ဘတ်စျေးကောင်းသဖြင့် စားသောက်ကုန်မှစကာ နေ့စဉ်သုံးထိုင်းထုတ်ကုန်များ စျေးတက်သွားသဖြင့် ဒေသခံများ အခက်အခဲကြုံကြရသည်။ အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်သူရှိသည့် မိသားစုများမှာ ထိုင်းငွေစျေးကောင်းသဖြင့် ပြည်တွင်းကို ကျပ်ငွေပိုမိုပို့နိုင်သည်လည်း ရှိသည်။ သို့သော် ကျပ်ငွေပိုရသဖြင့် ချောင်လည်သွားသည်တော့မဟုတ် ပြန်ဝယ်ယူစားသုံးရသည့် စျေးများတက်နေသဖြင့် မထူးလှဟုလည်း ဆိုကြသည်။ ယင်းအပြင် ထိုင်းကုန်စည်များ ဝယ်ယူရောင်းချသည့် […]