အသက်ကို ဖက်နှင့် ထုပ်ထားသည်
Dawei Watch
September 9, 2024စစ်အာဏာသိမ်းပြီးနောက် ကျေးလက်နေပြည်သူများ ရင်ဆိုင်ကြရသည့် အကြီးမားဆုံးပြဿနာ တစ်ခုက ကျန်းမာရေးကိစ္စဖြစ်သည်။ ကျေးလက်ကျန်းမာရေးစနစ် ရပ်တန့်သွားသလို ဆေးဝါးစျေးမြင့်တက်မှု၊ စစ်ကောင်စီက ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်မှု၊ လူနာတင်ယာဉ်များ သွားလာရေး ကန့်သတ်ခံရမှုတို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေကြရသည်။ ရောဂါဖြစ်လာပါက မြို့ပေါ်တက်ကုသရန် ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရသူ အများအပြားရှိနေသဖြင့် အသေခံရမည့်ကိန်း ဆိုက်ရောက်နေသည်။ ကျေးလက်ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များမှာလည်း ကာကွယ်ဆေးမရခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မရခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရမှုများလည်း ရှိနေသည်။ ယင်းအပြင် လူနာသယ်ယာဉ်အသင်းများလည်း နည်းပါးလာသလို အကန့်အသတ်များကြောင့် ညပိုင်းလူနာသယ်ဆောင်ပေးမှု နည်းပါးလာသဖြင့် ညအချိန် အရေးပေါ်ဖြစ်ပါက အသက်အသေခံရမည်သာ ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ မြို့ပေါ်တွင်သာ ရှိနေပြီး ကျေးလက်အများစုတွင် ဆေးဝါး နားလည်သူပင် မရှိသည့် အခြေအနေဖြစ်နေရာ ကျေးလက်နေ […]