ခေါင်းဆောင်မှုနဲ့ အကြည်ဓာတ်
diz_admin
January 3, 2020ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေ များစွာအနက်မှာ အကြည်ဓာတ်ရှိခြင်း လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အတိတ်မှာပဲနစ်မနေဘဲ သို့မဟုတ် အနာဂတ်ကိုတွေးပြီး စိုးရိမ်ပူပန်နေတာမျိုးမဟုတ်ဘဲ ပစ္စုပ္ပန်တည့်တည့်ရှုနိုင်ဖို့ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် လူအများကို စီမံရတဲ့၊ ဦးစီးဦးရွက်ပြုရတဲ့သူတွေအတွက်ဆိုရင်တော့ ပိုအရေးကြီးပါတယ်။ဘာကြောင့်ပါလဲ။ လူတိုင်းဟာ ပစ္စုပ္ပန်တည့်တည့်မရှုနိုင်လို့၊ စိတ်မှာ အကြည်ဓာတ်လေးကိန်းနေအောင် မနေတတ်လို့ ဖြစ်ပါတယ်။ အကြည်ဓာတ်ဆိုတာ ဘာပါလဲ။ အရပ်စကားနဲ့ဆိုရင်တော့ စိတ်ရှင်းတာ၊ စိတ်ကြည်တာကို ပြောလို့ရမယ် ထင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံကြတဲ့အခါ တစ်ယောက်ရဲ့ဓာတ် သို့မဟုတ် လှိုင်းကို တစ်ယောက်က ခံစားမိကြလေ့ရှိပါတယ်။ ဥပမာ တချို့ပြောလေ့ရှိတာက“သူ့နဲ့ စကားပြောရတာ ပူလောင်လိုက် တာ”။ “သူ့နဲ့ တွေ့လိုက်ရင် အပူတွေတစ်ဝက် သက်သာသွားသလိုပဲ။” “သူ့မျက်လုံးတွေ မြင်ရတာနဲ့တင်ကိုယ့်မှာနှင်းတောထဲ ရောက်သလို ခံစားရတယ်” […]