ပြည်သူ့အသံ နားထောင်တတ်ဖို့ ကြိုးစားစေချင်ပါသည်
diz_admin
January 16, 2020နားဆိုတာ နှစ်ဖက်ရှိပြီး ပါးစပ် ဆိုတာက တစ်ပေါက်ပဲ ရှိပါသတဲ့။ နားထောင်တဲ့ အကျင့်လေး ပိုရှိကြ စေချင်တဲ့အခါ ရှေးလူကြီးများက ဆိုဆုံးမ တတ်ကြတယ်။ များများ နားထောင်တတ် တဲ့ အလေ့အထကို မွေးကြစေချင်တာ အကြောင်းလည်း ရှိပါတယ်။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ဖြစ်တတ်တာကိုး။ အသွား မတော်တစ်လှမ်းက ပြန်ရုပ်ရလွယ်ပေမဲ့ စကားဆိုတာမျိုးက ကျွံပြီးရင် အနုတ်ရ ခက် ဆိုကြပေသကိုး။ ဆိုပါစို့ ပညာရေး ကိစ္စလေးကိုပဲ ကြည့်ပါ။ မပြောရင်လည်း “နတ်ဝတ် ပုဆိုး တိမ်မီးခိုး”လို “ငါ့နတ်ဝတ်တန်ဆာ လှပတင့်တယ် လှပေသကိုး”လို့ နားထင်ရောက်ပြီး လုပ်ချင်ရာလုပ်၊ လုပ်လိုက် တိုင်း တင့်တယ်တယ်လို့ ထင်နေဦးမယ်။ ပြောပြန်ရင်လည်း ပြည်သူကို တရားစွဲ […]