ကျွန်ုပ်တို့ အမှတ်ရနေမှာပါ
diz_admin
May 4, 2020နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့က ထုတ်သည့် စာတစ်စောင်တွင် အလွန်လှပ အဓိပ္ပာယ်ရှိသော မူဝါဒ စကားရပ်တစ်ခု ပါရှိသည်။ “လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်”ဟု ဖော်ပြထားပါသည်။ ကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်သည့် နိုင်ငံတော်၏ မူဝါဒကို ယင်းစာတွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။ သို့သော် ထားဝယ်ခရိုင် အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ ချန်လှပ်ခံ နေရသော အရေးကိစ္စတစ်ခုက ထိုမူဝါဒကို လှောင်ပြောင်သရော်နေသလိုပင်။ (က) မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း […]