ခေါင်းလောင်းသံ ကြားကြပါ၏လော
diz_admin
May 18, 2020အမျိုးမျိုးသော ကပ်ဘေးများ ဆက်တိုက်လာနေသည်။ ပိုပူလာပြီးရေရှားလာ သည်။ သီးနှံများ ပျက်လာသည်။ ရှေးအစဉ်အဆက် မှတ်သားလာခဲ့သော ရာသီဥတု ဖြစ်စဉ်များ ကမောက်ကမ ဖြစ်လာသည်။ ဥတုဘေးက ကမ္ဘာကြီးကို ဒဏ်ပေးနေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ယခု ကိုဗစ်ကပ်ဘေးသည်ပင်လျှင် ကမ္ဘာကြီး၏ ဂေဟစနစ် ပျက်ယွင်းမှုကြောင့် ဖြစ်လာကြောင်း အသေအချာထောက်ပြနေကြပြီဖြစ်သည်။ ဥတုဘေးက ပိုအားနည်းသော လူ့အသိုင်းအဝိုင်း၊ ပိုဆင်းရဲသော လူ့အသိုင်း အဝိုင်းကို ဘေးသင့်စေသည်။ အထူးသဖြင့် သဘာ၀ကို မှီခိုစားသောက် လုပ်ကိုင် နေရသူများကို ပိုထိခိုက်စေသည်။ လူအများ ပိုနေမြဲ ကျားနေမြဲ နေ၍ မရတော့။ အသက်ရှင်သန်ရပ်တည်ရေး အတွက် နေပုံထိုင်ပုံ၊ အသက်မွေးပုံတွေ၊ စနစ်တွေ ပြောင်းမှ ရတော့မည်ဟူသော ခေါင်းလောင်းသံ ထိုးနေပြီဖြစ်သည်။အနီးစပ်ဆုံး ဥပမာ ပြရလျှင် နွေရာသီတွင် […]