BREAKING
January 22, 2025

အမြင်

ပတ်ဝန်းကျင်မှာ ပညာရှာ

diz_admin

June 15, 2020

လူရယ်လို့ဖြစ်လာရင် မဖြစ်မနေလုပ်ဆောင်ရမယ့်အရာတွေထဲမှာ ပညာသင်ကြားခြင်းဆိုတဲ့ အလုပ်လည်း ပါပါတယ်။ မိမိတို့သားသမီးကို ပညာတတ်မြောက်စေချင်တဲ့ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ပထမအရွယ်မှာ စာသင်ကျောင်းကို အသီးသီးပို့ဆောင်ပြီး ပညာ သင်ကြားစေတာက အစဉ်အလာတစ်ခု ဖြစ်လို့နေပါပြီ။ ကလေးတစ်ယောက် ပညာသင်ကြားရမယ်လို့ ဆိုလိုက်တာနဲ့ စာသင်ကျောင်းကိုပဲ အရင်ဆုံးပြေးမြင် မိတတ်ကြပါတယ်။ နှစ်တိုင်းမိုးဦးကျ အချိန်အခါဖြစ်တဲ့ ဇွန်လကို စာသင်နှစ်တစ်နှစ်ရဲ့အစအဖြစ် သတ်မှတ်ထားတာမို့ ခါတိုင်းနှစ်ဆိုရင် ဒီအချိန်မှာ ကလေးတွေ ကျောင်းစိမ်းဝတ်စုံကိုယ်စီနဲ့ စုစုရုံးရုံး ကျောင်းသွားနေ ကြပြီ။ ဒီနှစ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ခါတိုင်းနှစ်တွေလိုမျိုး ပုံမှန် ကျောင်းဖွင့်လို့ မရတော့။ တချို့နိုင်ငံတွေမှာ အွန်လိုင်းသင်ကြားရေးစနစ်နဲ့ သင်ကြားဖို့ပြင် ဆင်နေကြပါတယ်။ သူတို့နိုင်ငံတွေရဲ့ အခြေအနေအသေးစိတ်ကို မသိပေမယ့် မြန်မာနိုင်ငံမှာတော့ အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ဖြစ်ဖို့ဆိုတာ အလွန့်အလွန်ခက်ခဲပါတယ်။ အွန်လိုင်းစနစ်နဲ့ သင်ကြားမယ်ဆိုရင် မြို့နေလူတန်းစားအနည်းငယ်အတွက် ရနိုင်ပေမယ့် […]

အမေ့ရဲ့ ရေဒီယိုလေး

diz_admin

June 15, 2020

လူဟာ တစ်ယောက်တည်း အထီးကျန်နေထိုင်ရခြင်းကို ချစ်မြတ်နိုးတဲ့သတ္တဝါ မဟုတ်ပါဘူး။ အဖော်မဲ့ခြင်းကို မုန်းတီးတဲ့ သတ္တဝါမျိုးပါ။ အဖော်ဆိုတာကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်၊ အသိမိတ်ဆွေ စသဖြင့် ကိုယ်နဲ့နီးကပ်စွာ ရှိနေတတ်တဲ့သူတွေပေါ့။ လူတိုင်းဟာ အထီးကျန်တဲ့အချိန်မှာ အဖော်ကိုတမ်းတတတ်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး ကိုဗစ်ကာလ အိမ်တွင်းအောင်းနေရချိန်မှာ ပိုသိသာပါတယ်။ မိသားစုနဲ့အတူ ရှိနေတာတောင်မှ မိတ်ဆွေ အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တမ်းတလွမ်းဆွတ်နေမိတယ်။ အဖော်ဆိုတဲ့နေရာမှာ သက်ရှိအဖော် ရှိသလို၊ သက်မဲ့အဖော်လည်းပဲ ရှိနေနိုင်ပါတယ်။သက်ရှိအဖော်တွေနဲ့ ကင်းကွာနေတဲ့အချိန်တွေမှာတော့ သက်မဲ့အဖော်က ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့သူတွေပေါ့။ သက်မဲ့လို့ ပြောတဲ့အထဲမှာ လူတွေဖန်တီးထားတာတွေ ပါနေနိုင်သလို၊ သဘာဝတရားတွေကလည်း ပါနေနိုင်ပါသေးတယ်။ တစ်ခါတလေ တစ်ကိုယ်ရေ လွမ်းဆွတ်ရတဲ့ညတွေမျိုးမှာ လမင်းဟာ ကိုယ့်အတွက် အရင်းနှီးဆုံးအဖော် ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေမှာ တောင်တန်းကြီးတွေ၊ ရေကန်ကြီးတွေ၊ […]

သတင်းစာတို့ရဲ့ အလုပ်

diz_admin

June 15, 2020

ဦးစော နန်းရင်းဝန်ကြီးဖြစ်တော့ မြန်မာ့အလင်းသတင်းစာကို သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီး ရက်အကန့်အသတ် မရှိပိတ်တယ်။ အဲ့လို ပိတ်ရကောင်းလားဆိုပြီး သတင်းစာတွေက ဦးစောကိုဝိုင်းပြီး တွယ်ကြတယ်။ ခုခေတ်စကားနဲ့ဆိုရင် ကျီးကန်းလို ဝိုင်းအာကြတယ်ပေါ့။ နောက်တော့ ဦးစောက မြန်မာ့အလင်းတာဝန်ခံ အယ်ဒီတာဦးသန်းတင် (စာရေးဆရာဓူဝံ)ကိုခေါ်တွေ့ပြီး ၁၅ ရက်ကြာရင် သတင်းစာပြန်ထုတ်ခွင့် ပြုပါမယ်လို့ ပြောရတယ်။ဒါပေမဲ့ဦးစောပဲ။ ဒီတိုင်းတော့ဘယ်ရလိမ့်မလဲ။ ၁၁ ရက် မြောက်လောက်ကျတော့ ဦးသန်းတင်ကို အိမ်ခေါ်တွေ့တယ်။ တွေ့တဲ့အခါ ဗြိတိသျှဘားမားဦးညွန့်တို့၊ မြန်မာ့အလင်းအယ်ဒီတာချုပ်ဦးစိမ်း၊ ဦးဘိုးဘတို့ကို သက်သေအရာခေါ်ထားတယ်။ တွေ့တော့ ဦးစောက “၎င်းကိုဝေဖန် ရေးသား ချင်သလို ဝေဖန်ရေးသားပါ။ ကောင်းတာလုပ်ရင်လည်း ချီးကျူး ရေးသားပါ။ မဟုတ်မမှန်လုပ်ကြံ သတင်းများကိုတော့ မရေးဖို့” မေတ္တာရပ်ခံပြီး ကတိတောင်းတယ်။ ဒီတော့ဦးသန်းတင်က “ပထမအချက်ဖြစ်တဲ့ ရေးချင်သလို ဝေဖန်ရေးသားပါ ဆိုတာလက်ခံတယ်။ အဲ…ဒါပေမဲ့ […]

အယ်ဒီတာ့ အာဘော်

diz_admin

June 15, 2020

တင်ဦးခေတ်ဟုဆိုလိုက်သဖြင့် ယခင် စစ်အစိုးရလက်ထက် ဆုံးပါးသွားသော ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ခေတ်ကို ဆိုလိုကြောင်း တွေးထင်သွားနိုင်သည်။ သို့သော် ထိုသို့မဟုတ်ပါ။ Facebook ကဲ့သို့သော လူမှုမီဒီယာများ လူထုအကြား များစွာအရေးပါ လာပြီးနောက် ပြောင်းလဲလာသော လူမှုအခင်းအကျင်းကို ဆိုလိုရင်းဖြစ်သည်။ အကြောင်းရေးရာ တစ်ခုခု ဆိုပါက Facebook ပေါ်တင်လိုက်ရမလားဟူသော ရေစီးကြောင်း ပေါ်လာသည်ကို ဆိုလိုရင်းဖြစ်သည်။ ထိုရေစီးကြောင်းနှင့်အတူ ဖြစ်လာသော အခြေအနေတစ်ရပ်မှာ Facebook ပေါ် ဦးစွာတင်သူက အမှန်ဖြစ်သွားသော ခေတ်၊ တစ်နည်းအားဖြင့် တင်ဦးခေတ် ဖြစ်လာခြင်းကို ရည်ညွှန်း ပြောဆိုပါသည်။ Facebook ကဲ့သို့သော လူမှုမီဒီယာများ မပေါ်မီကတည်းကပင် ပြောဦးသူနိုင်၊ တိုင်ဦးသူနိုင် သည့် အခြေအနေများရှိနှင့်နေပြီးဖြစ်သည်။ အချင်းချင်း အငြင်းပွား၊ ရန်စောင်သည့် ဖြစ်ရပ်များတွင်လည်း တရားရုံး သို့မဟုတ် ရဲစခန်းတွင် ဦးစွာတိုင်တန်းနိုင်သူက […]

နိုင်ငံရေး လွန်သွားလျှင်

diz_admin

June 8, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်း နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ လိုက်သည်။ ရွေးကောက်ပွဲတို့၏ ထုံးစံအတိုင်း အပြိုင်အဆိုင်များ လာတော့မည်။ တစ်ဘက်နှင့်တစ်ဘက် အပုပ်ချ ထိုးနှက်မှုများ၊ ခြေထိုးမှုများ၊ အနိုင်ယူလိုမှုများ လာတော့မည်။ မည်သို့ပင် ဒိုင်လူကြီးရှိစေကာမူ မည်သို့ပင် စည်းမျဉ်းများ ချမှတ်စေကာမူ ဉာဏ်ဆင်၊ ပရိယာယ်ချကာ ရသမျှ အခွင့်အရေးအသုံးချ၍ အနိုင်ရရေး ဆင်နွှဲကြ တော့မည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ကဲ့သို့မဟုတ်ဘဲ ပါတီ အမျိုးအစားများ ပိုမိုစုံလင်လာသည်။ မျက်နှာသစ်၊ မျက်နှာဟောင်းတို့ကို နည်းပေါင်းစုံဖြင့် မြင်ရမည့်ပွဲ ဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ လေးလခန့်အလိုကတည်းကပင် နိုင်ငံ့ အရေး၊ တိုင်းပြည် အရေးမဟုတ်သော နိုင်ငံရေးများ၊ နိုင်ငံရေး အားပြိုင်ပွဲများ […]

အဖြောင့်အတိုင်း နေထိုင်ခြင်းနှင့် ပတ်သက်၍

diz_admin

June 8, 2020

အဖြောင့်အတိုင်း နေထိုင်ခြင်းနဲ့ ပတ်သက်လို့ ကျွန်တော့်ဘဝမှာ နောင်တ မရဖူးပါဘူး။ သည်လို နေထိုင်မှုနဲ့ ပတ်သက်လို့ ဘဝမှာ အခက်အခဲ အကျပ် အတည်းတွေတော့ ရှိတာပဲပေါ့။ ကွေ့ကောက်မပြောဘဲ၊ လိမ်ညာ ဖုံးကွယ်တာမျိုး မလုပ်ဘဲ ဒဲ့ ပြောတတ် ဆိုတတ်တာကြောင့် ကြုံရတဲ့ အချို့ ဖြစ်စဉ်တွေမှာ တအား ခဲခဲခက်ခက် ဖြတ်ကျော်ခဲ့ရဖူးပေမယ့် သေကာမှ သေရော့ နောက်ကျော မလုံတဲ့အဖြစ်မျိုး၊ အသေမဖြောင့်တဲ့ ခံစားမှုမျိုး မလိုချင်တာ ကြောင့် ကိုယ့်ရဲ့ မူလ ခံယူချက်အတိုင်းပဲ ပြောဆို လုပ်ကိုင်ဖြစ်ပါတယ်။ ကိုယ်ရပ်တည်တဲ့ အခြင်းအရာ တစ်ခု အပေါ်မှာ မြဲမြဲမြံမြံရပ်တည်ပြီး ရှေ့ရော နောက်ပါ သည်ရပ်တည်မှုကို ပြောင်းလဲ ပြောဆိုတတ်တာ မရှိတော့ လူမုန်းတာ ခံရပေမဲ့ ဘယ်သူကမှ ဘာမှ […]

ကျန်းမာရေး ပြိုလဲခြင်း

diz_admin

June 8, 2020

အခန်း (၆) ရွှေရောင် ပြောင်ပြောင်ခေတ် (Gilded Age)ဆိုတဲ့ ခေါင်းစဉ်က Chuang စာစောင်မှာပါတဲ့ ကူးစက်ခြင်း ဆောင်းပါးထဲက ခေါင်းစဉ်ခွဲတစ်ခုပါ။ ရှေ့မှာပြောခဲ့သလိုပဲ တရုတ်ပညာရှင်ရဲ့ တရုတ်လူ့အဖွဲ့အစည်းကို ကပ်ဘေး နောက်ခံနဲ့ ပြန်သုံးသပ်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ကိုဗစ်ကိုနားလည်ဖို့ ကမ္ဘာလုံးခြုံ အရင်းရှင်စနစ်ထဲမှာရှိနေတဲ့ တရုတ်ပြည် သူ့ကျန်းမာရေး အကျပ်အတည်းကို သိဖို့လိုမယ်လို့ သူက ဆိုပါတယ်။ စပိန်တုပ်ကွေး (၁၉၁၈) တုန်းကလိုပဲ အများပြည်သူကြားက ကျန်းမာရေး အကျပ်အတည်းကြောင့် ကိုရိုနာဗိုင်းရပ်စ် အမြစ်တွယ်ပျံ့နှံ့ဖို့ လွယ်ကူစေခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကျန်းမာ ရေးနိမ့် ကျပျက်ယွင်းမှုကိစ္စဟာ ရင်သပ်ရှုမော ဖြစ်နေတဲ့ စီးပွားရေးတိုးတက်မှုကြားမှာ ဝင်းဝင်း လက်လက်မြို့ပြတွေ၊ ဧရာမစက် ရုံကြီးတွေကြားမှာ ပျောက်ကွယ်လို့ နေပါတယ်။ တကယ်မှာတော့ ကျန်းမာရေး၊ ပညာရေးလို […]

လမ်းများ ခရီးများအကြောင်း

diz_admin

June 1, 2020

အခန်း ၅ ၂၀ဝ၈ ဇွန်လမှာ နယ်သာလန် နိုင်ငံသူ ဂျိုစတန် (Astrid Joosten) ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ယူဂန္ဓာနိုင်ငံကို အလည်သွားပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးအာဖရိကခရီးမဟုတ်ပါဘူး။ သူတို့ဟာ နှစ်တိုင်း ဥရောပကနေ ခရီးထွက် လေ့ရှိပါတယ်။ မိုဇမ်ဘစ်၊ ဇမ်ဘီယာ၊ မာလီတို့ကို သွားခဲ့ကြပြီးပြီမို့ ယူဂန္ဓာကို သွားတာပါ။ ပုံမှန်ခရီးစဉ်ကတော့တောင်ပေါ် ဂေါ်ရီလာတွေ ကြည့်ဖို့ပါ။ ခရီးစဉ် အတွင်း တစ်နေ့မှာတော့ မာရမ်မာဂမ်ဘို တောထဲက နေရာတစ်ခုကို လေ့လာဖို့ လမ်းပြက ဖိတ်ခေါ်ပါတယ်။ ဒေသခံ တွေက စပါးကြီးမြွေဂူလို့ သိကြတဲ့နေရာ ပါ။ အဲဒီနေရာကို ခရီးသွားအများစု ကတော့ သွားလေ့မရှိပါဘူး။ ဂျိုစတန်တို့ ကတော့ ရောက်တုန်းသွားတာပေါ့ဆိုပြီး သွားပါတယ်။ အလင်းရောင်နည်းတဲ့ ဂူထဲကို အလွယ်တကူဆင်းလို့မရပါဘူး။ […]