နိမ့်ကျန်ခဲ့တဲ့ ထားဝယ်ဆန်စပါး အစိုးရဘယ်လိုမြှင့်တင်မလဲ
diz_admin
July 1, 2020၁၉၉၂ ခုနှစ် ဝန်းကျင်လောက်ကပေါ့။ အဲဒီအချိန်တုန်းကဆိုရင် ထားဝယ်စပါး အရောင်းအဝယ်ဈေးကွက်မှာဆိုရင် ဘယ်သူမှ ၁၄ ပြည်တင်းထက် ပိုမရောင်းကြပါဘူး။ ဝယ်တဲ့သူတွေကလည်း ၁၄ ပြည်ထက် မပိုရဲကြဘူးပေါ့လေ။ တကယ်လို့ စပါးဝယ်တောင်းကို စစ်ကြည့်လို့ ပိုနေတယ်ဆိုရင် ဈေးပိုပေးရင်ပေး ပိုမပေးရင် အရောင်းအဝယ် ပျက်တာပဲ။ လယ်သမားတွေရဲ့ခေတ်ပေါ့။ စပါးတောင်းလည်းမှန် ဈေးလည်းမှန် ကြိုက်တဲ့သူကို ရွေးရောင်းလို့ ရပါတယ်။ အဲဒီအချိန်တုန်းက လယ်သမားတွေဟာ လယ်တစ်ခုတည်းလုပ်ပြီး မိသားစုအတွက် စားဝတ်နေရေး ပြေလည်စေခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာပေါ့။ အဲဒါကြောင့်လည်း လယ်ကို အားကြိုးမာန်တက် လုပ်ကိုင်ခဲ့ကြတယ်။ စပါးအထွက်နှုန်း အားကောင်းစေရန် နွေရာသီဆို နုန်းမြေတွေတင်ကြတယ်။ မျိုးစပါးဆိုးလည်း မျိုးကွဲမပါစေရန် သေသေချာချာ ရွေးကြတယ်။ စပါးများများရဖို့အတွက် ကုန်ကျစရိတ်များများ ထည့်ကြထားပေါ့။ အခုတော့ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။ […]