BREAKING
January 22, 2025

အမြင်

ဖြတ်ပြေးသတင်းများ အလွန်

Dawei Watch

October 9, 2024

အိမ်ဘေးနားက အဒေါ်တစ်ယောက်ဆုံးတဲ့အကြောင်း တစ်နေ့က အမေ ဖုန်းဆက်ပြောတယ်။ ကိုယ့်ငယ်ဘဝနေ့ရက်တွေထဲမှာ သူတို့အိမ်ဝင်းထဲက တလင်းပြင်မှာ ဘောလုံးကန်ဆော့ကစားခဲ့တာ ညနေပါင်းများစွာ။ “ဒေါ်ကြီး ‘….’တော့ သွားရှာပြီကွယ်”လို့ အမေက ပြောရင်း အဲဒီအဒေါ်ရဲ့ နောက်ဆုံးလများထဲက ကျန်းမာရေးအခြေအနေတွေအကြောင်းကို ပြောပြနေတယ်။ “အမေကတော့ ကျန်းမာရေးကောင်းပါသေးတယ်၊ အမေ့အတွက် ဘာမှပူမနေပါနဲ့…ဒါပေမဲ့” ဒါပေမဲ့ဆိုတာရဲ့နောက်မှာ အမေ့အသံဟာ ရပ်သွားပါတယ်။ နေ့တိုင်းဆင်ခြင်ရမယ့် တရားငါးပါးထဲမှာ ‘သေခြင်းတရား’လည်းပါပေမဲ့ အခါများစွာ မေ့လျော့နေမိတတ်တာကလည်း စိတ်သဘာဝ။ ဒီသေခြင်းထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါသလို ချစ်ရခင်ရသူတွေလည်း ပါတယ်။ အမေလည်း ပါတာပေါ့။ လူ့ဘ၀ဇာတ်ကြောင်းတွေရဲ့ သက်ရောက်နိုင်စွမ်းကို အမေနဲ့စကားပြောနရင်း ပိုပြီး နားလည်လာရတာပါ။ ညကောင်းကင်ရဲ့အောက် ဝရန်တာမှာ ထိုင်နေရင်း ဘာမှန်းမသိရတဲ့ ခံစားမှုဟာ အကြိမ်များစွာ ရင်ဘတ်ထဲမှာ ရစ်ခွေ စီးဆင်းလို့နေခဲ့ဖူးပါတယ်။ အိမ်ပြန်ချင်တဲ့ အလွမ်းလား၊ […]

ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်နှင့် တွေ့ဆုံခြင်း

Dawei Watch

October 4, 2024

ထိုင်း-မြန်မာနယ်စပ်မြို့လေး ရနောင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ဂယက်ကြီးတစ်ခုရိုက်ခတ်သွားပြီး သောကကိုယ်စီ တောက်လောင်နေကြသည်။ မြန်မာလုပ်သားများထံမှ အထောက်အထား စာရွက်စာတမ်းများကို ဘတ်သုံးထောင်ဝန်းကျင်ဖြင့် ပွဲစားများက ငှားရမ်းပြီး ယင်းအထောက်အထားများဖြင့် ဆိုင်ကယ်အရစ်ကျဝယ်ကာ မြန်မာဘက်ခြမ်း ကော့သောင်းသို့ ဆိုင်ကယ်မှောင်ခိုတင်သွင်းမှုမှာ ရနောင်းတွင် ခေတ်စားနေသည်။ သို့သော် အရစ်ကျဝယ်ထားသည့် ဆိုင်ကယ်များကို မြန်မာဘက်သို့ မှောင်ခိုတင်ပို့ချိန်တွင် ထိုင်းအာဏာပိုင်များက ဖမ်းမိသွားပြီး ပြဿနာက မီးခိုးကြွက်လျှောက်လိုက်လာသည်။ ယင်းကြောင့် ပွဲစားများ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်အရစ်ကျဝယ်ရန် အထောက်အထားငှားထားသူများ စိုက်လျော်ရမည့် အခြေအနေဖြစ်နေသည်။ ယင်းပြဿနာကို မြန်မာအလုပ်သမားများ မည်သို့ဖြေရှင်းနိုင်မည်ကို သိရှိနိုင်ရန် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ရနောင်းမြို့အခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) ဥက္ကဋ္ဌ ကိုသားကျော်ကို မေးမြန်း၍ ကောက်နုတ်တင်ဆက် လိုက်ပါသည်။ DW ။ ရနောင်းမှာ ဆိုင်ကယ်အရစ်ကျထုတ်ပြီး လိမ်ခဲ့တဲ့ […]

မြို့နေလူထုကြားက သန်းခေါင်စာရင်း ဂယက်

Dawei Watch

September 22, 2024

စစ်ကောင်စီက တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည့်ကာလကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အချိန်နှစ်ပတ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။ ယင်းကာလအတွင်း မကောက်ယူနိုင်သည့် ဒေသများကို လုံခြုံရေးယူပြီး ရက်တိုးကောက်မည်ဟုလည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။ သို့သော် ရှေ့ပြေးသန်းခေါင်စာရင်း ထုတ်ပြန်မည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မတိုင်မီတွင် ရနိုင်သမျှကောက်ကြရန် စက်တင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့သည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အစည်းအဝေးတွင် ၎င်းကပြောဆိုခဲ့သည်။ လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ဆိုထားသဖြင့် သန်းခေါင်စာရင်း ကောက်ခြင်းမှာ ရွေးကောက်ပွဲအတွက်ဟု ပြောဆိုမှုများ ရှိသလို၊ တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်း၊ စစ်မှုထမ်းခိုင်းစေရန်အတွက် လူဦးရေသိရန် လုပ်ဆောင်ခြင်း စသဖြင့် သုံးသပ်မှုများလည်း ရှိနေသည်။ […]

ခေတ်ပျက် ဥပါသကာ

Dawei Watch

September 16, 2024

တောဖိတ်နေ့နှင့် အဖိတ်နေ့များတွင် အဖြူရောင်တူညီဝတ်စုံဝတ်ထားသည့် ဥပါသကာအဖွဲ့များက တောင်ပိုင်းတနင်္သာရီတိုင်းရှိ မြို့၊ ရွာအနှံ့ ရှောင်မလွဲ တွေ့ရလေ့ရှိသည်။ မြို့ရွာအသီးသီးရှိ ဘုရား၊ ဘုန်းကြီးကျောင်းများ၏ ဝေယျာဝစ္စအတွက် လိုအပ်သည့် အလှူငွေအတွက် ထိုထိုသော ဥပါသကာအဖွဲ့များက ဝါတွင်းသုံးလပတ်လုံး လိုက်လံအလှူခံပြီး ဖြည့်ဆည်းလေ့ရှိသည်က တောင်ပိုင်းသားများ၏ ချစ်စရာဓလေ့တစ်ခုပင်။ ယင်းဥပါသကာအဖွဲ့များတွင် လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံက သိုက်သိုက်ဝန်းဝန်းဖြင့် အားတက်သရောလိုက်ပါလေ့ရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ဖိနှိပ်ရမ်းကားမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ဥပါသကာအဖွဲ့များမှာ အရေအတွက်အားဖြင့် လျော့ပါးသွားသည်။ ထို့အပြင် ပိတ်ဖြူလုံချည်နှင့် အဖြူရောင်အင်္ကျီဝတ်ပြီး အလှူခံဖလားကိုင်လေ့ရှိသည် ဥပါသကာလူငယ်အချို့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် တော်လှန်ရေးတပ်သားများဖြစ်လာကြပြီး သေနတ်ကိုင်သည့် လက်များဖြစ်လာကြသည်။ ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေမည့်စနစ်နှင့် ပြည်သူများကို ကင်းစောင့်ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရောက်သွားကြပြီး ရွှေ့ပြောင်းလုပ်သားများ ဖြစ်သွားကြသည်။ […]

စွဲကိုင်လက်နက် ဘယ်သို့ထက်လဲ

Dawei Watch

September 9, 2024

နိုင်ငံရေးသုတေသီများစွာက ယင်းတို့၏လေ့လာတွေ့ရှိမှုများအပေါ်အခြေခံ၍ တူညီသော ကောက်ချက်တစ်ခု ဆွဲလေ့ရှိသည်။ ယင်းမှာ “အကြောက်တရားတစ်ခုတည်း သီးသန့် သုံးခြင်း (ဖိအားများစွာပေး၊ အကြပ်ကိုင်၊ ခြိမ်းခြောက်) ဖြင့် ရေရှည်တည်တံ့သော အုပ်စိုးနိုင်မှုကို မဖြစ်စေနိုင်”ဟူ၍ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင် အဖွဲ့များ၏ တော်လှန်ရေး လှုပ်ရှားမှုများကို လေ့လာသော သုတေသီများအကြား ဤ အချက်ကို ယေဘုယျလက်ခံထားလေ့ရှိသည်။ ထို့ကြောင့် အာဏာသည် သေနတ်ပြောင်းဝမှလာသည် ဆိုသည်မှာ အမြဲတမ်း မှန်နေသည်မဟုတ်ဟု ဆိုနိုင်သည်။ ဤဆွေးနွေးချက်တွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အာဏာတည်ဆောက်ပုံ ထောက်တိုင်အချို့ကို ယေဘုယျအားဖြင့် တို့ထိထားပါသည်။ အများနှစ်လိုလက်ခံခြင်း ဤနေရာတွင် အများနှစ်လိုလက်ခံခြင်းကို အင်္ဂလိပ်ဘာသာ (Legitimacy) မှယူခြင်းဖြစ်သည်။ (တချို့က တရားဝင်မှု၊ တရားဝင်ဖြစ်ခြင်းဟု ဘာသာပြန်ကြသည်။) ဤအချက်မှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအတွက် အခရာဖြစ်သည်။ အထူးသဖြင့် […]

အသက်ကို ဖက်နှင့် ထုပ်ထားသည်

Dawei Watch

September 9, 2024

စစ်အာဏာသိမ်းပြီးနောက် ကျေးလက်နေပြည်သူများ ရင်ဆိုင်ကြရသည့် အကြီးမားဆုံးပြဿနာ တစ်ခုက ကျန်းမာရေးကိစ္စဖြစ်သည်။ ကျေးလက်ကျန်းမာရေးစနစ် ရပ်တန့်သွားသလို ဆေးဝါးစျေးမြင့်တက်မှု၊ စစ်ကောင်စီက ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်မှု၊ လူနာတင်ယာဉ်များ သွားလာရေး ကန့်သတ်ခံရမှုတို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဆေးဝါးကုသခွင့် ဆုံးရှုံးနေကြရသည်။ ရောဂါဖြစ်လာပါက မြို့ပေါ်တက်ကုသရန် ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရသူ အများအပြားရှိနေသဖြင့် အသေခံရမည့်ကိန်း ဆိုက်ရောက်နေသည်။ ကျေးလက်ဒေသမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များမှာလည်း ကာကွယ်ဆေးမရခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မရခြင်းတို့ကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရမှုများလည်း ရှိနေသည်။ ယင်းအပြင် လူနာသယ်ယာဉ်အသင်းများလည်း နည်းပါးလာသလို အကန့်အသတ်များကြောင့် ညပိုင်းလူနာသယ်ဆောင်ပေးမှု နည်းပါးလာသဖြင့် ညအချိန် အရေးပေါ်ဖြစ်ပါက အသက်အသေခံရမည်သာ ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ မြို့ပေါ်တွင်သာ ရှိနေပြီး ကျေးလက်အများစုတွင် ဆေးဝါး နားလည်သူပင် မရှိသည့် အခြေအနေဖြစ်နေရာ ကျေးလက်နေ […]

သူစိမ်းဆို လူတွေကြား

Dawei Watch

September 6, 2024

ရပ်ကွက်ထဲကို ဆင်းလာခဲ့တယ်။ ဟင်းသီးဟင်းရွက်ဈေးကလေးက အခုမှ ဖွင့်ခါစ။ ကျနော်က မနက်စာအတွက် ပေါင်မုန့်နဲ့ နို့တစ်ဘူးလောက် ဝယ်ဖို့ရာ စတိုးဆိုင်ဆီကို သွားနေတာ။ လမ်းပေါ်မှာ သွားလာနေတဲ့သူတွေကို ကျနော်တွေ့နေရတယ်။ ဆိုင်ကယ်တွေ၊ ကားတွေလည်း သွားလာနေကြတယ်။ ဒီမှာနေနေတာ တစ်နှစ်လောက်ကြာပြီဆိုပေမဲ့ တစ်ယောက်ကိုမှ ကျနော် သိမနေဘူး။ ရင်းနှီးကျွမ်းဝင် ရှိမနေဘူး။ ဒီတော့လည်း ကျနော့်ကို ဘယ်သူကမှ အရေးတယူပြု လှမ်းမနှုတ်ဆက်ကြဘူး။ ကျနော်ကလည်း နှုတ်ဆက်စရာ မရှိဘူး။ ကိုယ့်ကို ဘယ်သူမှ သိမနေတဲ့နေရာ၊ ကိုယ်ကလည်း ဘယ်သူ့ကိုမှ သိမနေတဲ့ နေရာ၊ ဒီလိုအရပ်ဒေသတွေမှာ ကျနော်တို့ နေထိုင်ဖို့သင့်ရဲ့လား၊ ပျော်မွေ့နေတယ်ဆိုရင်တောင် အမှန်တကယ် ပျော်မွေ့နေကြတာ ဟုတ်ပါရဲ့လား။ ဆေးလိပ်လည်းတို နေလည်းညို ငါ့ကို ပြန်ပို့ကြပါလေ။ ။ ဆရာကြီး တင်မိုးရဲ့ ‘ဧည့်သည်ကြီး’ […]

အပိတ်ခံလိုက်ရသည့် ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းကျောင်း ဆက်ဖွင့်ခွင့်ရနိုင်မလား

Dawei Watch

September 5, 2024

ဦးထူးချစ် (အမှုဆောင်ဒါရိုက်တာ၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED))နှင့် တွေ့ဆုံခြင်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့၊ ဘန်ကူးရပ်ကွက်ရှိ မြန်မာကျောင်းသား တစ်ထောင်ကျော်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ပိတ်သိမ်းရန် စူရတ်ခရိုင်တာဝန်ရှိသူများက စက်တင်ဘာလ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။ ယင်း မြန်မာစာသင်ကျောင်းပြန်ဖွင့်ခွင့်ရနိုင်မည့်အခြေအနေ၊ ရွှေ့ပြောင်းမြန်မာကလေးများ၏ ပညာသင်ယူခွင့် အစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်အား ဆက်သွယ်မေးမြန်းထားသည်။ DW ။ မြန်မာရွှေ့ပြောင်းကလေး တစ်ထောင်ကျော် ပညာသင်နေတဲ့ စူရတ်ဌာနီက မေတ္တာရိပ် မြန်မာစာသင်ကျောင်း ကို ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပဒေအရ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်နေတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက မနေ့က ပိတ်ခိုင်းလိုက်တယ်ပေါ့နော်။ ဆိုတော့ အခုလို ပိတ်ခိုင်းလိုက်တဲ့အတွက် ကလေးတွေ ပညာတစ်ပိုင်းတစ်စ […]