အယားပြေ CCTV
diz_admin
December 11, 2020ထားဝယ်မြို့အတွင်း မီးပွိုင့်လမ်း ဆုံများနှင့် မြို့ဝင်မြို့ထွက်နေရာများတွင် စောင့်ကြည့်ရေးကင်မရာ(CCTV) များကို ယခင်အစိုးရလက်ထက်ကတည်းက တပ်ဆင်ထားခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင်လည်း ပြည်သူ့ဘဏ္ဍာ ကျပ်သိန်းရာပေါင်း များစွာ အကုန်အကျခံကာ ထပ်မံတပ် ဆင်ခဲ့သည်။ ရာဇဝတ်မှုခင်းများကို ကြိုတင် ကာကွယ်နိုင်သည့်အပြင် ဖြစ်ပွားပြီးပါ က ခြေရာခံဖမ်းဆီးရာတွင် အထောက်အကူ ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်ကင်မရာများကို တပ်ဆင်ခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် ရာဇဝတ်မှု ခင်းများကိစ္စအတွက် သိပ်အသုံးမဝင်သည့် အနေအထား ဖြစ်နေသည်။ အထူးသဖြင့် ညဘက်တွင်ဖြစ်သည့် အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လျှင် ၎င်းတို့၏ အသုံးတည့်မှုမှာ အားမရစရာ ဖြစ်နေသည်။ ပြီးခဲ့သည့်လက ထားဝယ်အခြေစိုက် သတင်းထောက် ကိုဖြိုးဇင်တစ်ယောက် ညဘက် ဆိုင်ကယ်မှောက်ပြီး အသက်ဆုံး ရှုံးသွားခဲ့သည်။ သို့ကြောင့် ကိုဖြိုးဇင်တစ်ယောက် နေအိမ်မှ မြို့ပေါ်သို့လာရာတွင် […]