အမှောင်ထဲက အတွေးတစ်စ
diz_admin
December 6, 2020အိမ်ရှေ့မှာချိတ်ထားတဲ့ တိုင်ကပ် နာရီကြီးဆီက ဒေါင်ခနဲတစ်ချက်မြည်ပြီး နောက် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ ညဥ့်သန်း ခေါင်ကျော်လို့ နာရီပြန်တစ်ချက်တောင် ရှိသွားပါပေါ့လား။ အိပ်စက်ဖို့ အဆင် သင့်မဖြစ်တဲ့အခါ အိပ်ပျော်ဖို့ အထွေအထူး ကြိုးစားမနေတော့ဘဲ အမှောင်ထဲမှာ ဒီလိုသက်တောင့်သက်သာ ထိုင်တတ်တာ ကျင့်သားရနေခဲ့ပြီ။ ဘဝရဲအချိန် အတော်များများက အိပ်စက်ခြင်းနဲ့ ကုန်ဆုံးခဲ့တာပဲလေ။ မအိပ်ချင်တဲ့ အချိန်မှာ ဘာလို့အိပ်စက်ဖို့အတွက် စိုးရိမ်သောကဖြစ်နေမလဲ။ ဧည့်ခန်းရဲ့ ကုလားထိုင်မှာထိုင်ရင်း မျက်စိရှေ့မှာ မြင်နေရတဲ့ အမှောင်ကို အားစိုက်ကြည့်နေမိတယ်။ ပိန်းပိတ်အောင် မှောင်တယ်ဆိုတာ ဒီလိုညမျိုးကို ခေါ်တာလား။ ဘာဖြစ်လို့ ဒီလောက်တောင် မှောင်နေတာပါလိမ့်။ ခါတိုင်း ညတွေဆို မှောင်တယ်ဆိုပေမဲ့ ခပ်ကြာကြာထိုင်မိတာနဲ့ ရှေ့ကမြင်ကွင်းကို ဝိုးတိုးဝါးတား မှန်းဆကြည့်လို့ရသေးတယ်။ အခုက အမှောင်လဟာပြင်ထဲ ရောက်နေသလိုပါပဲ။ လကွယ်ရက် ရောက်ခါနီးပြီမို့လား။ […]