BREAKING
December 25, 2024

အမြင်

စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ (၃)

diz_admin

December 12, 2020

ဗြိတိသျှလက်အောက်နိုင်ငံတစ်ခုအဖြစ်ကြုံခဲ့ရသော အရင်းရှင်စီးပွားရေးကွင်းဆက်ထဲမှ မြန်မာနိုင်ငံ၏ အတွေ့အကြုံ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ရောက်သွားခြင်းသည် ခေတ်တစ်ခုအတွင်းမှ အခြားခေတ် တစ်ခုအတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတော် အခြေပြကျမ်းက ဆိုပါသည်။ ပဒေသရာဇ်စနစ် ကို ဖြိုချ၍ အရင်းရှင်စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းရာတွင် နိုင်ငံ၏ အကျိုးစီးပွား ထက် ကိုယ်ကျိုးစီးပွားကို ဦးထိပ်ထား ခြင်းကြောင့် နိုင်ငံကို ပျက်စေခဲ့သည် ဟု ရေးသားထားခဲ့သည်။ မြန်မာတို့သည် မြစ်ဝကျွန်းပေါ်တွင် ဆန်စပါးလုပ်ငန်း တဟုန်ထိုး ဆန့်ထွက်လာပြီး မြန်မာပြည်သည် ကမ္ဘာ့ဆန်အိုးကြီး ဖြစ်ခဲ့ဖူးသည်ဟု ဂုဏ်ယူကြသော်လည်း ထိုအခြေအနေများကို ကိန်းဂဏန်းနှင့် စေ့စေ့စပ်စပ် ပြန်ဆွေးနွေးကာ ထိုခေတ်မှာ မြန်မာတို့အတွက် ရွှေခေတ်မဟုတ်ခဲ့ရပါဟု ပြန်လည် ခုခံချေပငြင်းချက်ထုတ်သူ နိုင်ငံခြားသား ပညာရှင်များရှိခဲ့ပါသည်။ စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ […]

ဆိုင်ပြန်ဖွင့်ချင်တယ်

diz_admin

December 11, 2020

ကမ်းခြေစားသောက်ဆိုင်များ၏ အသံ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့ရာ ယင်းကမ်းခြေများအား အမှီပြု၍ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များမှာ အခက်တွေ့နေခဲ့ကြရသည်။ ယခုတစ်ပတ်တွင် မောင်းမကန်ကမ်းခြေမှ စားသောက်ဆိုင်အချို့၏ ရင်ဖွင့်စကားသံတို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဦးယူဆန်း(ဝတ်ရည်လှိုင်း စားသောက်ဆိုင်) ဆိုင်ပိတ်တဲ့နေရာမှာ ကမ်းခြေမှာက မြို့နဲ့ မတူဘူး။ ပါဆယ်ရောင်းပြန်လည်း သောင်ပြင် မယူရ ကိုယ့်အိမ်ကို ယူပြီးစားရမယ်ဆိုတော့ ဘယ်သူက ယူသွားမလဲ။ အခုချိန်မာတော့ လုပ်ငန်းက ရပ်နေတဲ့သဘောရှိတာပေါ့။ စည်ပင်နဲ့ ကျန်းမာရေးက သတ်မှတ်ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းအတိုင်း ပြင်ဆင် ထားခိုင်းတာရှိတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် လောက်ကတည်းကပေါ့။ အခုထိလုံးဝ ရောင်းချခွင့် မပြုသေးဘူး။ ပါဆယ်ဆိုလည်း သောင်ပြင် မှာစား၊ […]

အယားပြေ CCTV

diz_admin

December 11, 2020

ထားဝယ်မြို့အတွင်း မီးပွိုင့်လမ်း ဆုံများနှင့် မြို့ဝင်မြို့ထွက်နေရာများတွင် စောင့်ကြည့်ရေးကင်မရာ(CCTV) များကို ယခင်အစိုးရလက်ထက်ကတည်းက တပ်ဆင်ထားခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင်လည်း ပြည်သူ့ဘဏ္ဍာ ကျပ်သိန်းရာပေါင်း များစွာ အကုန်အကျခံကာ ထပ်မံတပ် ဆင်ခဲ့သည်။ ရာဇဝတ်မှုခင်းများကို ကြိုတင် ကာကွယ်နိုင်သည့်အပြင် ဖြစ်ပွားပြီးပါ က ခြေရာခံဖမ်းဆီးရာတွင် အထောက်အကူ ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်ကင်မရာများကို တပ်ဆင်ခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် ရာဇဝတ်မှု ခင်းများကိစ္စအတွက် သိပ်အသုံးမဝင်သည့် အနေအထား ဖြစ်နေသည်။ အထူးသဖြင့် ညဘက်တွင်ဖြစ်သည့် အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လျှင် ၎င်းတို့၏ အသုံးတည့်မှုမှာ အားမရစရာ ဖြစ်နေသည်။ ပြီးခဲ့သည့်လက ထားဝယ်အခြေစိုက် သတင်းထောက် ကိုဖြိုးဇင်တစ်ယောက် ညဘက် ဆိုင်ကယ်မှောက်ပြီး အသက်ဆုံး ရှုံးသွားခဲ့သည်။ သို့ကြောင့် ကိုဖြိုးဇင်တစ်ယောက် နေအိမ်မှ မြို့ပေါ်သို့လာရာတွင် […]

ပျော်အောင်နေကြမည်

diz_admin

December 7, 2020

မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ ပျော်ရွင် အကောင်းမြင်နေဖို့ လိုသည်။ ယခုအခါ နှစ်ပတ်လည်နေပြီဖြစ်သော ကိုဗစ်ကမ္ဘာ့ကပ်ဘေးသည် လူအများ၏ စိတ်ကျေနပ်ပျော်ရွင်မှုကို နုတ်ယူသွားသည်။ မျှော်လင့်ချက် အနာဂတ်များကို နုတ်ယူသွားသည်။ စည်းကမ်းကန့်သတ်ချက်များနှင့် နေထိုင်ရခြင်း၊ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ကျင့်ကြံနေထိုင်ရခြင်း၊ ချစ်သူခင်သူများနှင့် မတွေ့ရခြင်းတို့ကြောင့် ပိုမိုမွန်းကျပ်သော အနေအထားများနှင့် ကြုံနိုင်ပါသည်။ သို့သော် အကျဉ်းထောင်ကျနေသူများသည်ပင် နေတတ်ပါက ပျော်ရွှင်စရာ ဖြစ်နေရာ ဘဝတွင် ပျော်ရွှင်အောင်နေနည်းမှာ အမှန်တကယ် အသုံးလိုသော နည်းဖြစ်သည်။ ယုံကြည်မှု၊ ဘာသာတရား အမျိုးမျိုးအလိုက် ပျော်ရွှင်အောင်နေနည်း၊ လမ်းညွှန်၊ ဆုံးမချက်များ ရှိပေလိမ့်မည်။ အချို့သိပ္ပံပညာရှင်များပြောသော ကိုဗစ်ကာလ ပျော်ရွှင်အောင် နေနည်းတွေ အနက်အချို့ကတော့ ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးကို ယခင်ထက် ပိုမို ဂရုစိုက်ခြင်း၊ တရားထိုင်ခြင်း၊ ပုံမှန် အိပ်ချိန် ထချိန်ကို […]

“တချို့အလုပ်သမားတွေက တောင်းပန်နေတာရှိတယ် … ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်မလိုချင်ဘူး”

diz_admin

December 7, 2020

ဖဒိုဝင်းခိုင်( KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ) တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီးများဖြင့် တရားမဝင်ရွှေတူးဖော်မှုများ ရှိနေသည်။ ယင်းသို့ တရားမဝင်ရွှေတူးဖော်နေသည့်နေရာသည် တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၏ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။ ထို့ကြောင့် တပ်မဟာ ၄ ကရင် အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က သွားရောက်တွေ့ဆုံမေးမြန်းမှုမှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ မေး- KNUရဲ့ လှုပ်ရှားရာနယ်မြေထဲ မှာပါတဲ့ ဇင်းဘာချောင်းမှာ တရားမဝင်ရွှေလုပ်ငန်း တွေရှိနေတယ်။ ဒီဟာနဲ့ပတ်သက်ပြီး KNU ဘက်က ဘာတွေလုပ်ဆောင်နေတာရှိလဲ။ ဖြေ- ပထမ သိတာက လူထုတွေလက်လုပ် လက်စားတွေလုပ်လာတာ။ နောက်ပိုင်းမှာ ယန္တရား တွေဘာတွေနဲ့လုပ်လာကြတယ်။ လောလောဆယ်က တော့ အကုန်လုံးပိတ်လိုက်ပြီ။ ပိတ်လိုက်တာက […]

ကျွန်တော်တို့အားနဲ့ မနိုင်တော့ဘူး

diz_admin

December 7, 2020

ဦးအောင်သူရ(TNRP ဥယျာဉ်အုပ်ချုပ်ရေးမှူး) အမေရိကန်ဒေါ်လာ သန်းချီအသုံးပြုကာ ထိန်းသိမ်းရေး လုပ်ဆောင်နေသော တနင်္သာရီ သဘာဝသစ်တော ကြိုးဝိုင်းအတွင်း စက်ယန္တရားကြီးများဖြင့် ပြောင်ပြောင်တင်းတင်း တရားမဝင်ရွှေတူးနေမှုများ ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း (TNRP) ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရ ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က စီမံကိန်းရုံးခန်း တည်ရှိရာ ကံပေါက်ရွာတွင် သွားရောက်တွေ့ဆုံမေးမြန်းထားသည်တို့မှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ မေး- လက်ရှိက ဆရာတို့စီမံကိန်း အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲက ဘာတွေရှိလဲ။ ဖြေ- ဒီစီမံကိန်းကို အကောင်အထည်ဖော် တဲ့နေရာမှာ အဓိက အခက်အခဲကတော့ ကျွန်တော် တို့လုံခြုံရေးအခက်အခဲပါပဲခင်ဗျား။ လုံခြုံရေး အခက်အခဲဆိုတာ ကျွန်တော်တို့ရဲ့ ဧရိယာ လေးသိန်းကျော် ရှိတဲ့ ဧရိယာအကျယ်အဝန်းမှာ လက်နက်ကိုင်အဖွဲ့ အစည်း […]

စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ (၂)

diz_admin

December 6, 2020

စားနပ်ရိက္ခာအချုပ်အခြာ- Food sovereignty ယခင်အပတ်မှ အဆက် လွန်ခဲ့သော နှစ်ပေါင်း အစိတ်လောက်တွင် Food Sovereignty ဟူသော အတွေးအခေါ်မှာ ကမ္ဘာတစ်လွှားရှိ တောင်သူလယ်သမားအသင်းအဖွဲ့များ ကြားတွင် လူသိများလာခဲ့ပါသည်။ ထို အတွေးအခေါ်ကို အပြည်ပြည်ဆိုင်ရာ လယ်သမားလှုပ်ရှားမှု တစ်ခုဖြစ်သော the La Via Campesina က ၁၉၉၇ တွင် မိတ်ဆက်ခဲ့ပါသည်။ အချုပ်အခြာ သဖွယ်စီမံပိုင်ခွင့်ဟု ဆိုရာတွင် နိုင်ငံ တိုင်းသည် မိမိတို့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကဏ္ဍများကို ကောင်းစွာ ကာကွယ်နိုင်သည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ရပါမည်။ ထိုသို့ မိမိတို့မူဝါဒကို ခိုင်မာအောင် ချမှတ် အကောင်အထည်ဖော်ချိန်တွင် အခြား နိုင်ငံများထဲသို့ မိမိတို့မလိုသော ရိက္ခာများကို ပေးပို့စုပုံကာ ဖြစ်လာသော ဆိုးကျိုးအတွက် တာဝန်မခံသည့် အပြုအမူမျိုးကိုလည်း […]

အသွင် မပြောင်းသွားသည့် တောင်ပိုင်းသားတို့၏ သံပြိုင်တေး

diz_admin

December 6, 2020

တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲအား ဆန်းစစ်ကြည့်ခြင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဂဏန်း ငြိမ်ပါပြီ..။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ နည်းတူ တနင်္သာရီတိုင်းတွင်းရှိ မဲဆန္ဒနယ် ၄၃ နေရာစလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မဲအပြတ် အသတ်ဖြင့် အနိုင်ရသွား၏။ တိုင်းရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ မှလည်း ပြည့်ပြည့်စုံစုံ ကြေညာခဲ့ပြီးပါပြီ။ ထိုကြေညာချက်များသည် တိုင်းတွင်းပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်းတို့ နှင့် ပါတီအသီးသီးအတွက် မှတ်ကျောက် ဖြစ်သကဲ့သို့ တိုင်းသူတိုင်းသားတို့၏ ပြည်သူ့ဆန္ဒပြန်တမ်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ရင်ခုန်လှုပ်ခတ် ဖွယ် ကောင်းခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် ပါတီများ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို လူထုကလည်း မိမိ အားပေးသည့်ပါတီကို ထောက်ခံမှု ပြသကြရာတွင် ၂၀၁၅ ထက် […]