BREAKING
April 19, 2025

အမြင်

တနင်္သာရီ၏ ဖက်ဒရယ်ခရီး သမိုင်း တစ်ဆင့်ချိုး

diz_admin

October 4, 2021

ခေတ်အဆက်ဆက်ရှင်ကြီးဝမ်းကော ရှင်ငယ်ဝမ်းပါ ဝင်ခဲ့ဖူးသည့် တနင်္သာရီဒေသ။ သမိုင်းမှတ်တမ်းတို့ အထင်ကရရှိခဲ့သည့် ကိုလိုနီခေတ်မှကြည့်လျှင်ပင် တနင်္သာရီတိုင်းသားအချို့ မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ထင်ရှားခဲ့သည်။ ဗိုလ်မှူးကြီးဗထူး၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူသွားခဲ့သူ သခင်ဗသိန်းတင် စသောခေါင်းဆောင်များ။ အကြင် ထင်ရှားခဲ့သူများ၏ နိုင်ငံရေး လှုပ်ရှားမှုများကို ကြည့်ကာ တူညီသော အချက်တချို့ကို ကောက်ချက်ချမိသည်။ သူတို့သည် မြန်မာတပြည်လုံး၏ အရေးကို လုပ်ဆောင်ခဲ့ရသည်။ မွေးရပ်တနင်္သာရီဒေသတစ်ခုတည်းအတွက် ကြည့်၍ လုပ်ဆောင်ခဲ့ခြင်းမျိုး မတွေ့ရ။ တနင်္သာရီတိုင်းနေပြည်သူ အများစုတို့က ထောက်ခံမြှောက်စား၍ ထိုခေါင်းဆောင်ကြီးများတို့ ထင်ရှားလာခဲ့ခြင်းမျိုးမဟုတ်။ ချုပ်ပြောရလျှင် ထိုခေတ်များက တနင်္သာရီတိုင်းအတွက်အရေးစိုက် လုပ်ဆောင်၊ တနင်္သာရီနေပြည်သူတို့၏ အသည်းစွဲ လူထုခေါင်းဆောင် မျိုး အထက်ပါခေါင်းဆောင်တို့ မဖြစ်ခဲ့ကြပေ။ သို့ဆိုလျှင် တနင်္သာရီဒေသတွင် တနင်္သာရီပြည်သူတို့က တခဲနက်ထောက်ခံသော တနင်္သာရီတိုင်းသား လူထုခေါင်းဆောင်မျိုး […]

ငတ်ပြီး သေရမှာကို ပိုကြောက်တယ်

diz_admin

July 16, 2021

(အာဏာသိမ်းအပူပေါ် ကိုဗစ်က ထပ်ဆင့်လိုက်သော အခါ- လူထုအသံ) ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ယိုင်နဲ့နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို နောက်ထပ်အကြောင်းတရားတစ်ခုက ထပ်မံထိုးနှက်ခဲ့ပြန်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြား စီးပွားရေးလုပ်ငန်းအချို့ ပြန်ထွက်သွားခြင်း၊ ဘဏ်မှ ငွေလိုသလောက် မထုတ်နိုင်ခြင်း ၊ ငွေကြေးဖောင်းပွခြင်း အပါအဝင် အခြားအကြောင်းအရာများကြောင့် စီးပွားရေးကျဆင်းလာနေသည်။ ထိုသို့သော အခြေအနေတွင် တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုကလည်း အဆမတန်များပြားလာပြီး စီးပွားရေးကျဆင်းမှုအပေါ် အဆင်းဘီးတပ်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ လက်ရှိတွင် ပြည်သူများအနေဖြင့် စီးပွားရေး အဆင်မပြေမှုနှင့် ရောဂါကပ်ဘေးကြား ဗျာများနေရကြောင်း ငြီးတွားကြသည်။ ထိုကြောင့် ပြည်သူအချို့၏ ခံစားချက်ကို ပဲ့တင်နိုင်ရန် တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမားနှင့် အခြေခံလူတန်းစားအချို့ကို မေးမြန်းထားပါသည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ နိုင်ငံရေးအခြေအနေအရ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဈေးကွက်ပျောက်တာပေါ့နော်။ အရင်တုန်းက ဂေဟ က […]

၅၀ +

diz_admin

March 8, 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူ ၅၀ ကျော်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းအရ ၄၉ ဦး ရှိပြီး ကုလသမဂ္ဂကမူ ၅၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ အယ်ဒီတာ (မတ် ၅၊ ၂၀၂၁)

ဒီမိုကရေစီ သားလျှောခြင်းလော၊ ဖျက်ချခံရခြင်းလော

diz_admin

March 6, 2021

ဖေဖော်ဝါရီလ (၁)ရက်နေ့ မနက် ခြောက်နာရီလောက်မှာ ဖုန်း Ringtone သံတစ်ခုက အိပ်ပျော်နေတာကို လှုပ်နှိုး လိုက်သည်။ ဖုန်းခေါ်ဆိုသူကိုကြည့် လိုက်တော့ ရင်းနှီးသည့်ဆရာတစ်ယောက် ဖြစ်နေသည်။ ဖုန်းကိုင်လိုက်သည်နှင့် “အိပ်နေ တုန်းလား. . .၊ အာဏာသိမ်းလိုက်ပြီနော်” ဆိုသည့် စကားကို ဗြုန်းစားကြီး ကြားလိုက်ရတော့သည်။ ဆရာ့အနေနဲ့ နောက်ထပ် ဆက်ပြောသည့် စကားလုံး များကို ကျွန်တော်ကြားနိုင်စွမ်း မရှိ တော့ပါ။ အာဏာသိမ်းလိုက်ပြီနော် ဆိုသည့် စကားရပ်ကို ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းသွားတော့သည်။ ဦး နှောက်တစ်ခုလုံးလည်း အစိုင်အခဲတစ်ခု လို တောင့်တင်းသွားရတော့သည်။ တကယ် လုပ်လိုက်ပြီပဲဆိုသည့်အသိက လူကို ဆွံ့အ၊ မှင်သက် သွားစေခဲ့သည်။ မျက်လုံး တို့က အိပ်ပျော်နေဆဲဖြစ်သည့် အပြစ် […]

ပညာရှင်တို့ တန်ဖိုး

diz_admin

March 6, 2021

ကျွန်တော်တို့ ဆေးပညာနဲ့ပတ်သက်သော အသက်မွေးဝမ်းကျောင်းအလုပ်ကို မြင့်မြတ်သော အသက်မွေးဝမ်းကျောင်းလို့ အများက သိကြပါသည်။ လူသားတွေ ရဲ့ အသက်ကို ကယ်ကြရတာကိုး။ သည့်အတွက်လည်း တင်းကျပ်စွာ လိုက်နာကြရသော ဆေးပညာ ကျင့်ဝတ်နဲ့ ဟစ်ပိုခရေးတီးရဲ့ ကျိန်စာလို့ ဆိုရမည့် လိုက်နာစောင့်ထိန်းကျင့်ကြံအပ်သော သစ္စာတရားကို ဘွဲ့ရယူစဉ်ကတည်း က ကျိန်ဆိုပြီးမှ ဆေးပညာဘွဲ့ကို ရယူခဲ့ ကြရသည်။ သည့်အတွက်လည်း မြင့်မြတ်သော အသက်မွေး ဝမ်းကျောင်းအလုပ်၊ ကျွမ်းကျင်ပညာရှင်၊ ကျွမ်းကျင် သက်သေအဖြစ် အထူးတလည်အသိအမှတ်ပြုကြတာ လည်းဖြစ်သည်။ သည်ပညာရှင်တွေရဲ့ အခန်းကဏ္ဍသည် အရေးပါသလို သည်ကျွမ်းကျင် ပညာရှင်တွေရဲ့ တန်ဖိုးကလည်း မသေးလှပါ။ သည့်အတွက်လည်း သည်လူ့ဘောင်တွင် အများက တန်ဖိုးထားကြ၊ လေးစားသမှု ပြုကြတာလည်းဖြစ်သည်။ လတ်တလော ကျွန်တော်တို့ ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် ရုတ်တရက် […]

မြန်မာနှင့် စစ်ဗိုလ်ချုပ်ကြီးများ

diz_admin

March 4, 2021

နိုင်ငံတကာအစိုးရများသည် လတ်တလော ဆန္ဒပြမှုကို ထောက်ခံသင့်သော်လည်း လက်တွေ့မကျသည့်မျှော်လင့်ချက်များ မပေးသင့်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖော်ပြထားသော ဦးသိန်းစိန်အစိုးရလက်ထက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်ဖြစ်ခဲ့သူ သမိုင်းပညာရှင်လည်းဖြစ်သူ ဒေါက်တာသန့်မြင့်ဦးနှင့် အင်တာဗျူးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။ ပြညောမေ သြတ ၏ဘာသာပြန်ဆိုချက်ကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။ မေး။ ။ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဘယ်လို မျှော်လင့်ထားသလဲ။ အစိုးရက ဒီထက်ပြင်းပြင်း ထန်ထန် ဖြိုခွင်းနိုင်လား၊ ခုချိန်ထိတော့ ဖမ်းဆီးခံရမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေက ပြောသလောက် မဆိုးသေးဘူး။ တကယ်လို့ ပြင်းပြင်းထန်ထန်ဖြိုခွင်း ခံရရင် ဆန္ဒပြမှုတွေ ရပ်တန့်သွားနိုင်လား။ ဖြေ။ ။ […]

ဖေဖော်ဝါရီ မှတ်တမ်း

diz_admin

March 1, 2021

မြန်မာ့သမိုင်းမှာ တစ်ပတ်ပြီး တစ်ပတ် ပြန်လည်နေသည်။ သို့သော် အဆိုးကျော့ သံသရာအတွင်း သက်ဆင်းရင်း ပြန်လည်နေခြင်း ဖြစ်သည်။ သို့သော် ယနေ့ခေတ် လူထုက ယင်းကို လက်မခံနိုင်တော့ပါ။ အထူးသဖြင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားလိုသော လူငယ်ထုမှာ ယင်းအဖြစ်ကို ခါးခါးသီးသီး ငြင်းပယ်နေကြပြီဖြစ်သည်။ ဖေဖော်ဝါရီရက်စွဲများက မြန်မာလူထု၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဒီမီုကရေစီကို တစ်ပြားသားမျှ ဈေးမလျှော့လိုသော ခိုင်ကြည်စိတ်တို့ကို အထင်းသား ပြသနေနှင့်ခဲ့ပြီး ဖြစ်သည်။ ယင်းမှာ အမျိုးမျိုးသော ယူနီဖောင်းများ အလွန်တွင် ရှိနေသော အရေးအရာဖြစ်သည်။ ယင်းမှာ အဲကွန်းခန်းများ၏ အလွန်၊ ဘယ်ရီဂိတ်များ၊ နံရံတံတိုင်းများ၊ ခြံစည်းရိုးများ၏ အလွန်တွင် ရှိသော အရေးအရာဖြစ်သည်။ တစ်နိုင်ငံလုံး မြို့ကြီးအများအပြားတွင် ပြည်သူလူထု၏ ဆန္ဒကို တစ်ခဲနက် ပြခဲ့ပြီးဖြစ်သည်။ […]

ကလေးများကို ကယ်တင်ကြပါ

diz_admin

February 25, 2021

၁၉၆၄ခုနှစ်ဧပြီလ ၂၀ရက် နေ့မှာ အကျဉ်းသား နယ်လ်ဆင် မင်ဒဲလားဟာ တောင်အာဖရိက တရားရုံးတစ်ခုမှာ ရောက်နေခဲ့ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ အလေးနက်ဆုံးစွဲချက်ကို သူနဲ့ သူ့ရဲဘော်တွေ ရင်ဆိုင်နေကြရတာပါ။ အသားအရောင် ခွဲခြားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေများလွန်းတဲ့ အာဏာရှင်ကို မင်ဒဲလားနဲ့ သူ့ရဲဘော်တွေတိုက်ပွဲဝင်ခဲ့ကြ တာဖြစ်ပါတယ်။ နယ်လ်ဆင် မင်ဒဲလားက သက်သေတွေနဲ့ အပြန်အလှန် ထွက်ဆိုဖို့ အခွင့်အရေးကိုငြင်းဆိုပြီး တစ်ကြိမ်တည်းနဲ့ လျှောက်လဲချက်ပေးဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ သုံးနာရီကြာတဲ့ သူ့ရဲ့ ခုခံ လျှောက်လဲချက်ရဲ့ အဆုံးမှာ မင်ဒဲလားက အခုလို ပြောခဲ့ပါတယ်။ “အာဖရိကန်ပြည်သူတွေရဲ့ တိုက်ပွဲအတွက် ကျွန်တော့် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ပြီးပါပြီ။ လူဖြူ လွှမ်းမိုးရေးကိုလည်း ကျွန်တော်ဆန့်ကျင်ခဲ့ပါတယ်။ လူမည်းလွှမ်း မိုးရေးကိုလည်း ဆန့်ကျင် ခဲ့ပါတယ်။ လူသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးတွေနဲ့ ဟန်ချက် ညီညီနေနိုင်တဲ့ […]