တိုက်ပွဲများကြားက ကဆုန်ညောင်ရေ
diz_admin
May 14, 2022တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေကြသည့် ထားဝယ်ဒေသက ညောင်ရေသွန်းပွဲ အခြေအနေက မည်သို့ရှိပါသနည်း။ ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွက်အမြတ်ထားရသည့် ပွဲတော်တစ်ခု ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်ကို မွေးဖွားသန့်စင်တော့မူသည့်နေ့ဖြစ်သည့် ဗုဒ္ဓနေ့ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် ညောင်ရေသွန်းပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပလေ့ရှိရာ ထားဝယ်ဒေသတွင်း အစည်ကားဆုံးပွဲတော်များအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။ ယခုတော့ ထားဝယ်ဒေသမှာ ညောင်ရေသွန်းပွဲတော် စည်စည်ကားကား မဖြစ်သည်မှာ သုံးနှစ်ဆက်တိုက် ရှိလာလေပြီ။ ကိုရိုနာညောင်ရေ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံနှံ့ကူးစက်ခြင်းကိုကာကွယ်တဲ့အနေနဲ့ ၂၀၂၀ ခုနှစ်မှစပြီး အခြာသော ဘာသာရေး ပွဲတော်များနည်းတူ ညောင်ရေသွန်းပွဲတော်ကိုလည်း အကျဉ်းရုံးပြီး ကျင်းပခဲ့ကြသည်။ ထိုကြောင့် အချို့က ကိုရိုနာညောင်ရေဟု တင်းစာပြောဆိုကြလေသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ညောင်ရေ ၂၀၂၁ ခုနှစ်တွင်မူ စစ်အာဏာရှင် ဆန့်ကျင်ရေးညောင်ရေဟု သမုတ်ပြီး ကဆုန်လပြည့်နေ့တွင် […]