မြေဇာပင် မြန်မာ့နိုင်ငံရေး ပြည်သူကို မျက်နှာမူကြပါ
diz_admin
February 5, 2021ဇန်နဝါရီလ ၂၆ ရက်က တပ်မတော်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား” ဟု သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မရပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းအပြင် ဇန်နဝါရီလ ၂၇ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဖွဲစည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင်ဖျက်ပစ်မည်ဟု ကာကွယ်ရေး တက္ကသိုလ်သို့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယင်းသို့သောပြောဆိုချက်များထွက်ပေါ်လာပြီးနောက်တွင် တပ်မတော်က အာဏာသိမ်းမည်လောဟူသည့် စိုးရိမ်သူများရှိလာကြသည်။ လတ်တလောအခြေအနေနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည့် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ ပြောဆိုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။ တိုင်းပြည်မှာအရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်း ပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ၊ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြည်မပြတ်စေချင်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာလား၊ လက်မခံဘူးလား၊ လက်ခံလား အဲဒီမေးခွန်းက အရေးအကြီးဆုံးပဲ။ […]