အဖမ်းခံရမလား… အသတ်ခံရမလား…
diz_admin
September 18, 2022မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများတွင် တားဆီး စစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြသည်။ တားဆီးစစ်ဆေးမှုများနှင့်အတူ အခန့်မသင့်ပါက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်ဖြစ်ရာ ဒေသခံများမှာ အပြင်တစ်နေရာ သွားရန်အတွက် အဖမ်းခံရမလား…. အသတ်ခံရမလား ထိတ်လန့်လျက်ရှိကြသည်။ ယင်းကြောင့် တောင်ပိုင်းသားတို့၏ မလုံခြုံမှုအခြေအနေများကို Dawei Watch ၏ တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အဖမ်းအဆီးများနေတာက ပြည်သူလူထုကို တော်တော်လေး အခက်အခဲဖြစ်စေတယ်” မြိတ်မြို့၊ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး။ DW ။ အခုတလော ဆိုင်ကယ်ဖမ်းတာတွေက အဖွဲ့စုံနဲ့ဖမ်းတာ၊ ရပ်ကွက်တွေအထိ လှည့်ဖမ်းတာတွေကို ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ အဖမ်းအဆီးများလာတဲ့ သဘောပေါ့၊ အဖမ်းများတော့ အပြင်ထွက်ရင် အဖမ်းခံရမလား စိုးရိမ်စိတ်လေးတော့ရှိတယ်။ စိုးရိမ်မှုက ခမောက်(ဆိုင်ကယ်စီးဦးထုပ်) […]