BREAKING
December 25, 2024

အမြင်

ဆိုင်ကယ်မြင်တိုင်းဖမ်းနေတာ ဘာကြောင့်လဲ

diz_admin

October 2, 2022

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသည်။ မြိတ်မြို့၊ကော့သောင်းမြို့များတွင် ဆိုင်ကယ်ဖမ်းဆီးမှု နည်းပါးသော်လည်း ထားဝယ်မြို့တွင်မူ ပြည်သူများ ဆိုင်ကယ်စီးပြီး အပြင်မထွက်ရဲလောက်အောင်ပင် ဖမ်းဆီးမှုကြမ်းနေသည်။ ယင်းသို့ဖမ်းဆီးမှုများတွင် စကတ်ဝတ်ပြီးဆိုင်ကယ်စီး၍ ဖမ်းဆီးခြင်း၊ ဖိနပ်မပါဘဲ ဆိုင်ကယ်စီး၍ ဖမ်းဆီးခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။ ဖမ်းဆီးခံရသူများကို ဒဏ်ဆောင်စေရာတွင်လည်း လုပ်ငန်းစဉ်အတိုင်း တရားသူကြီးက အမိန့်ချကာ ဒဏ်ရိုက်သည်မျိုးရှိသလို ဖမ်းဆီးခံရသည့် နေရာတွင်ပင် ပိုက်ဆံတောင်း၍ ပြန်လွှတ်လိုက်သည်များလည်း ရှိကြောင်း ဒေသခံများကဆိုသည်။ ယင်းသို့ အဖမ်းအဆီးကြမ်းနေခြင်းကြောင့် ထားဝယ်မြို့ခံများမှာ သွားရေးလာရေး အခက်အခဲများဖြစ်လာပြီး အောက်ခြေလူတန်းစားများမှာ ပိုမိုကျပ်တည်းလာကြသည်။ ဒေသခံအချို့ကလည်း ထားဝယ်မြို့၏ အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုများ အရှိန်လျော့သွားရန်နှင့် လူထုကို အကြောက်တရားကြီးစိုး လာစေရန် စစ်ကောင်စီက လုပ်ဆောင်နေခြင်းဟု ယူဆကြသည်။ မည်သို့ဆိုစေ ဆိုင်ကယ်ဖမ်းဆီးမှုများကြောင့် […]

‘ငါးဖမ်းလုပ်ငန်းတွေ ရပ်သွားတော့မလား’

diz_admin

September 25, 2022

မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိသည့် တနင်္သာရီတိုင်းတွင် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိနေသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်နှင့် ကမ်းနီးငှားဖမ်းလှေ ၄၀၀၀ ‌ခန့်အထိရှိကြောင်း တွေ့ရသည်။ ခေတ်အဆက်ဆက် ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းသူများမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အထွေထွေအကျပ်အတည်းနှင့် လောင်စာဆီစျေး ကြီးမြင့်မှုပြဿနာကြောင့် အခက်အခဲများကြုံတွေ့လာရပြီဖြစ်သည်။ အချို့လှေများမှာ ငါးဖမ်းမထွက်တော့သလို ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာလည်း တွက်ချေမကိုက်သဖြင့် သင့်တော်ရာ အလုပ်ကိုပြောင်းလုပ်သူများလည်း ရှိနေသည်။ ယင်းကြောင့် တနင်္သာရီတိုင်း၏ ပင်မစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော ငါးဖမ်းလုပ်ငန်း အခြေအနေနှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူများ၏ အခက်အခဲများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။ “အရင်လိုမကိုက်လည်း ဒါပဲလုပ်တတ်တော့ ဆက်လုပ်ရမှာပဲ” မြိတ်အခြေစိုက် ပိုင်လှေ(ငါးရွှေပိုက်) လုပ်သက် ၂၀ ရှိ ရေလုပ်သားတစ်ဦး (ပိုင်လှေ(ငါးရွှေပိုက်) […]

အဖမ်းခံရမလား… အသတ်ခံရမလား…

diz_admin

September 18, 2022

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများတွင် တားဆီး စစ်ဆေးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြသည်။ တားဆီးစစ်ဆေးမှုများနှင့်အတူ အခန့်မသင့်ပါက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်ဖြစ်ရာ ဒေသခံများမှာ အပြင်တစ်နေရာ သွားရန်အတွက် အဖမ်းခံရမလား…. အသတ်ခံရမလား ထိတ်လန့်လျက်ရှိကြသည်။ ယင်းကြောင့် တောင်ပိုင်းသားတို့၏ မလုံခြုံမှုအခြေအနေများကို Dawei Watch ၏ တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အဖမ်းအဆီးများနေတာက ပြည်သူလူထုကို တော်တော်လေး အခက်အခဲဖြစ်စေတယ်” မြိတ်မြို့၊ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး။ DW ။ အခုတလော ဆိုင်ကယ်ဖမ်းတာတွေက အဖွဲ့စုံနဲ့ဖမ်းတာ၊ ရပ်ကွက်တွေအထိ လှည့်ဖမ်းတာတွေကို ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ အဖမ်းအဆီးများလာတဲ့ သဘောပေါ့၊ အဖမ်းများတော့ အပြင်ထွက်ရင် အဖမ်းခံရမလား စိုးရိမ်စိတ်လေးတော့ရှိတယ်။ စိုးရိမ်မှုက ခမောက်(ဆိုင်ကယ်စီးဦးထုပ်) […]

ခြိမ်းခြောက်ငွေတောင်းတာ ဘယ်သူတွေလဲ

diz_admin

September 3, 2022

စစ်အာဏာသိမ်းပြီး နောက်ပိုင်းပြည်သူလူထုမှာ မလုံခြုံမှုများစွာ ကြုံတွေ့နေကြရသည်။ တရားဥပဒေ စိုးမိုးမှုလျော့ကျလာခြင်းနှင့်အတူ မသမာသူများက ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်းမှုများလည်း အဖြစ်များလာသည်။ ပြည်သူလူထုမှာလည်း မလုံခြုံမှုများ၊ ပဋိပက္ခများကြားတွင် ရှင်သန်နေရမှုကြောင့် မတရားအနိုင်ကျင့် ခံရသော်လည်း ဥပဒေကြောင်းအရ ပြန်လည်တုန့်ပြန်နိုင်ရန်မှာ ခက်ခဲလှသည်။ ယင်းကြောင့် မသမာသူများမှာ ပိုမိုအတင့်ရဲလာပြီး ဓားပြတိုက်၊ လုယက်၊ ခြိမ်းခြောက်မှုများကို အချိန်၊နေရာမရွေး လုပ်ဆောင်လာကြသည်။  မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ဓားပြတိုက်၊ လုယက်ခံရမှုများ ခပ်စိပ်စိပ်ဖြစ်လာသည့်အပြင် ခြိမ်းခြောက်ငွေတောင်းမှုများပါ ဖြစ်ပွားလာသည်။ PDF ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းမှုများလည်း ရှိလာပြီး မည်သူများက လုပ်ဆောင်နေသည်ဆိုခြင်းကိုမူ သိရန်ခက်ခဲလှသည်။ ခြိမ်းခြောက်ငွေတောင်း ခံရသူများမှာ ကြောက်ရွံ့သဖြင့် မီဒီယာကို ဖြေကြားရန်ပင် မဝံ့မရဲဖြစ်နေကြပြီး အချို့ဆိုပါက ကြောက်ရွံ့ပြီး ဒေသပြောင်းရွှေ့ သွားကြသည်များလည်း ရှိနေသည်။ ခြိမ်းခြောက်ငွေတောင်း ခံရသူများထဲမှ နှစ်ဦးကို Dawei […]

မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေ

diz_admin

August 28, 2022

အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေကြရပါတယ်။ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကြရတဲ့ အနေအထားမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာနေပါပြီ။ ဒီကာလမှာ ရပ်ကွက်တွေထဲကို မျက်နှာစိမ်းတွေ ဝင်လာတာကလည်း ဒေသခံတွေအတွက် စိုးရိမ်မှုပိုများစေပါတယ်။ လူစိမ်းတွေ အဝင်အထွက် များလာတာနဲ့အမျှ ခိုးဆိုးလုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှုတွေအပြင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိလာနေပါတယ်။ ဒါကြောင့်ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်မှာ လူစိမ်းတွေ အဝင်များလာပြီး မြင်မြင်သမျှ ကြောက်နေရတဲ့ ပြည်သူတွေအကြောင်း တွေ့ဆုံမေးမြန်းဖော်ပြအပ်ပါတယ်။ “အဲဒီလူစိမ်းတွေက မကြောက်မရွံ့သွားရဲနေတာ ထူးဆန်းမ‌နေဘူးလား” လောင်းလုံးမြို့နယ် ဒေသခံတစ်ဦး DW ။ ရပ်ရွာတွေထဲ မျက်နှာစိမ်းတွေ တွေ့လာရတဲ့အကြောင်း ပြောပြပေးပါ။ ဖြေ ။ ပြောရမယ်ဆိုရင် လူစိမ်းတွေလာတာများလာတာ သတိထားမိတယ်။ သူတို့က […]

ရောင်းလေရှုံးလေ… ကဲ… ဘာဆက်လုပ်မလဲ

diz_admin

August 21, 2022

ယနေ့အရင်းသည့် နောက်နေ့အရှုံး၊ ရောင်းရလေရှုံးလေဟု ဈေးသည်များ နောက်ပြောင်ပြောဆို ရလောက်အောင်ပင် ကုန်ဈေးနှုန်း မတည်ငြိမ်မှုဒဏ်ကို ဈေးသည်များ ခံစားနေကြရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဈေးနှုန်းများ အဆက်မပြတ်မြင့်တက်မှုကြောင့် ယနေ့ရောင်းလိုက်သည့် ကုန်မှာ နောက်နေ့တွင် ဈေးထပ်တက်သွား၍ ရောင်းရငွေဖြင့် ယင်းကုန်စည်ကို ပြန်ဝယ်မရတော့ပေ။ ယင်းကုန်စည်ကို ပြန်ဝယ်နိုင်ရန် အိတ်ထဲမှ အရင်းထပ်စိုက်ထုတ်ကြရပြန်သည်။ နောက်နေ့တွင်လည်း အလားတူပင် ထပ်ထပ်စိုက်နေကြရသဖြင့် ဈေးရောင်းရင်း ရှိတာကုန်ပြီး အရင်းပင်ရှာမရတော့သည့် အခြေအနေကို ဆိုက်လာကြသည်။ ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။ “လှုပ်လေမြုပ်လေဖြစ်နေတဲ့အလုပ်ကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး” ထားဝယ်ဒေသခံ မုန့်ပို့လုပ်ငန်း လုပ်ကိုင်သူတစ်ဦး DW ။ အစ်မရဲ့ အလုပ်အကိုင်အကြောင်း‌ အရင်ဆုံး မိတ်ဆက်ပေးပါ။ ဖြေ ။ ကျွန်မတို့က ထားဝယ်ခရိုင်ထဲ ကလေးစားတဲ့မုန့်တွေကို ထားဝယ်မှာဖောက်သည်ယူဝယ်ပြီးတော့ နယ်တွေလိုက်ပို့ပေးတယ်။ […]

ခေတ်မကောင်းချိန် ကိုယ်ဝန်ဆောင် ဒုက္ခ

diz_admin

August 14, 2022

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်၏ နောက်ဆက်တွဲရိုက်ခတ်မှုကြောင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍမှာ ရပ်တန့်သလောက်နီးပါး ဖြစ်သွားခဲ့သည်။ အထူးသဖြင့် ကျေးလက်ဒေသများရှိ ဆေးပေးခန်းများ ပိတ်ထားလိုက်ရပြီး ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုမှာ ရပ်တန့်သွားခဲ့ရသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသများတွင်လည်း ကျန်းမာရေး ဝန်ထမ်းများ မရှိတော့သလို ဆေးပေးခန်းများလည်း ပိတ်ထားသည်က များသည်။ ကျေးလက်မှ မြို့ပြသို့ ဆေးရုံသွားပြရန်မှာလည်း ကားခစရိတ်မြင့်မားမှုကြောင့် သွားမပြနိုင်သူများလည်းရှိသည်။ ယင်းအပြင် နယ်မြေမအေးချမ်းမှုကြောင့် ကျေးလက်နေသူများမှာ မြို့ပြသို့ တက်ရောက်ဆေးကုသရန်မှာ အခက်အခဲများရှိနေသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ပုံမှန်ကျန်းမာရေး စစ်ဆေးရန် အခက်အခဲများရှိသဖြင့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်နိုင်မှု အားနည်းလှသည်။ အခြားတစ်ဖက်တွင်လည်း စီးပွားရေးကျပ်တည်းခြင်း၊ ကုန်စျေးနှုန်းမြင့်မားခြင်း တို့ကြောင့် ပုံမှန်ဝင်ငွေ မရှိသည့်မိသားစုများမှာ ကိုယ်ဝန်ဆောင်အားဆေး ဝယ်မသောက်နိုင်သလို အဟာရပြည့်ဝအောင် စားရန်ပင် အခက်အခဲများရှိနေသည်။ […]

“ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ ကျေးလက်ကပြည်သူတွေ”

diz_admin

July 30, 2022

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများထဲတွင် CDM ဟု လူသိများသည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ မြန်မာတစ်နိုင်ငံလုံးတွင် အားကောင်းခဲ့သည်။ တနင်္သာရီတိုင်းတွင်လည်း CDM လှုပ်ရှားမှုမှာ အလွန်အားကောင်းခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်မှ အများစုမှာ ယင်းလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည်။ ယင်းကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှာ တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့ထိတိုင် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးပေ။ အထူးသဖြင့် တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသများတွင် ကျန်မာရေးဆေးပေးခန်းများ ပိတ်ထားရဆဲဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်မလုံလောက်မှု များစွာဖြစ်ပေါ်နေရသည်။ ယင်းကြောင့် ကျေးလက်နေ ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရရှိသဖြင့် မလိုလားအပ်ဘဲ အသက်သေဆုံးမှုများလည်း ကြုံတွေ့နေရသည်။ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး အခက်အခဲများကို မေးမြန်း၍ ဖော်ပြလိုက်ရပါသည်။ “(ကျန်းမာရေး) ဆရာမတွေမရှိတဲ့ ရွာတွေလည်း တအားကြီးပဲ” […]