အမှိုက်နှင့်အတူ အကျင့်ကောင်းများ စွန့်ပစ်ခံလိုက်ရခြင်း
diz_admin
November 27, 2022အမှိုက်နှင့်ပတ်သက်လျှင် ထားဝယ်မြို့မှာ ချီးမွှန်းခံရလေ့ရှိသည်။ အမှိုက်ကင်းစင်နေသည့် လမ်းမကြီးများက မနက်ခင်းတိုင်းကို ကြိုဆိုနေစမြဲပင်။ အာဆီယံ အသန့်ရှင်းဆုံးဆုရသည့်မြို့အဖြစ်လည်း ဂုဏ်ယူဝံ့ကြွားခဲ့ကြရသည်။ ထားဝယ်မြို့တွင် စနစ်တကျ စည်းကမ်းရှိရှိ အမှိုက်သိမ်း၊ အမှိုက်စွန့်သည့် အလေ့အထ ရာနှုန်းပြည့် မစွမ်းဆောင်နိုင်သေးသော်လည်း အရှိန်ရနေပြီဟု ဆိုနိုင်ပေသည်။ ချောင်းထဲ၊ မြစ်ထဲ အမှိုက်မပစ်ကြရန် စောင့်ကြည့်သည့်အဖွဲ့များ၊ စည်းကမ်းမဲ့ အမှိုက်ပစ်လျှင် ဒဏ်ကြေးသတ်မှတ်ပြီး သတင်းပေးတဲ့သူကို ထက်ဝက်ခွဲပေးခြင်းတို့ လုပ်ခဲ့သည်။ ရပ်ကွက်တိုင်းတွင် အခကြေးငွေဖြင့် အမှိုက်သိမ်း လုပ်ငန်းများ ပေါ်လာရန်၊ အမှိုက် အစိုအခြောက် ခွဲခြားပစ်တတ်ရန်၊ ငယ်ငယ်ကတည်းက အမှိုက်စနစ်တကျစွန့်ပစ်တတ်ရန်၊ ဘုရားဖူးကားများပေါ်က အမှိုက်စွန့်ပစ်ခြင်းများကို ကြပ်မတ်ရန် စသည့် လက်တွေ့လုပ်ဆောင်မှုများဖြင့် အရှိန်ရနေခဲ့သည်။ ယင်းသို့ အရှိန်ရလာရန် လူအား၊ ငွေအားဖြင့် အချိန်ကုန်ခံ တည်ဆောက်လာခဲ့ကြရခြင်းဖြစ်သည်။ ထားဝယ်လူထုကြားထဲ အမှိုက်နှင့် ပတ်သတ်ပြီး […]