BREAKING
January 23, 2025

အမြင်

အရေးတကြီး သတိထားရတော့မယ့် မိုခါမုန်တိုင်

Dawei Watch

May 12, 2023

မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။

နေပူပြင်းပြင်းမှာ ရေရှားလာတဲ့ တောင်ပိုင်းကဒေသတွေ

diz_admin

April 23, 2023

ယခင်နှစ်များကထက် ပိုမိုပူပြင်းသည့် နွေရာသီကာလကို ဖြတ်သန်းနေရချိန်တွင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ဒေသများတွင် သောက်သုံးရေရှားပါးမှုကို စတင်ကြုံတွေ့လာရပြီဖြစ်သည်။ သောက်သုံးရေ ရှားပါးမှုမှာ နှစ်စဉ်ကြုံတွေ့ရသည်ဆိုသော်လည်း ယခုနှစ်တွင်တော့ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများမှာ စီးပွားရေးခက်ခဲနေသလို၊ အလုပ်အကိုင် ရှားပါးမှုနှင့်အတူ ဝင်ငွေလျော့ကျနေချိန်တွင် ရေဝယ်သုံးရမှုကြောင့် ပိုမိုခက်ခဲ ကျပ်တည်းလာနေသည်။ ယင်းအပြင် ယခင်ကလို ရေလှူသည့် အဖွဲ့များမရှိတော့။ အဖွဲ့အနည်းငယ်ခန့်သာ ရေလှူတာမျိုး လုပ်နိုင်တော့သည်။ ရေရောင်းသည့် ကားများမှာလည်း ညမထွက်ရအမိန်ကြောင့် အချိန်အနည်းငယ်ခန့်သာ ရောင်းချနိုင်သဖြင့် လာရောင်းသည့်အချိန် အလုအယက် ဝယ်ကြရပြန်သည်။ ယခုနှစ်တွင် ရာသီဥတုပိုမိုပူပြင်းသဖြင့် အရင်ကမခန်းဖူးသော ရေတွင်းများပင် ရေခန်းသည်မျိုး ရှိနေသလို မိုးရွာသွန်းမှုလည်း နည်းပါးသဖြင့် ရေအခက်အခဲ ပိုမိုကြုံတွေ့ လာရဖွယ်ရှိနေသည်။ ပြည်သူများ ကြုံတွေ့နေရသည့် ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။ […]

ပျောက်ဆုံးနေတဲ့ သင်္ကြန်

diz_admin

April 9, 2023

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ပျောက်ဆုံးသွားသည်များထဲတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လည်း ပါဝင်သည်။ သင်္ကြန်ပွဲတော်ဆိုလျှင် မြန်မာနိုင်ငံအရပ်ရပ်တွင် တခုတ်တရ ကျင်းပလေ့ရှိကြပြီး မတူညီသည့် ရိုးရာဓလေ့များဖြင့် ဝင်ရောက်ဆင်နွှဲကြလေ့ရှိသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဆိုလျှင်လည်း သင်္ကြန်ပွဲတော် မတိုင်ခင်တွင် ကလေးသင်္ကြန်ကို ၃ ရက်ကြိုကျင်းပခြင်း၊ ရိုးရာအစားအသောက်များ လှူဒါန်းရန်ပြင်ဆင်ခြင်း၊ သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပခြင်း စသဖြင့် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။ သို့သော် ကိုဗစ်ကူးစက်ရောဂါကာလနှင့် စစ်အာဏာသိမ်းကာလများတွင် တနင်္သာရီတိုင်းတွင်လည်း သင်္ကြန်ပွဲတော်ကို အရင်လိုကျင်းပနိုင်ခြင်း မရှိကြတော့။ ယခုနှစ်တွင် တနင်္သာရီတိုင်း၌ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရန် လုပ်ဆောင်နေသည်။ သို့သော်လည်း ပြည်သူလူထုမှာ ပါဝင်ဆင်နွှဲဖွယ် မရှိသည့် အခြေအနေကို တွေ့မြင်ရသည်။ ယင်းကြောင့် သင်္ကြန်ရသ၊ သင်္ကြန်အနှစ်သာရ ပျောက်ဆုံးနေတဲ့ အကြောင်းကို ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ […]

ခြေချိုးခံရတဲ့ တောင်ပိုင်းသားများ

diz_admin

April 4, 2023

ဆိုင်ကယ်ဆိုသည်မှာ တနင်္သာရီတိုင်းသားများအတွက် ခြေထောက်ပင်ဖြစ်သည်။ တောင်ပိုင်းသားများမှာ ဆိုင်ကယ်အားပြု သွားလာနေကြရခြင်းဖြစ်သည်။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခြင်း၊ ကန့်သတ်ချက်များဖြင့် စီးနင်းခွင့်ပြုခြင်း၊ မထင်ရင်မထင်သလို ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ ဆိုင်ကယ် ၂ ယောက်အတူစီးလာသဖြင့် ပစ်ခတ်ခြင်း စသည်တို့ကြောင့်  တောင်ပိုင်းသားများမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်ဆိုပါက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည်မှာ ၂ လကျော်လာပြီဖြစ်သည်။ အချို့ဒေသများတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုသော်လည်း ၂ ယောက်တွဲစီးခွင့် မပြုဆိုသောကန့်သတ်ချက်များ၊ မထင်ရင် မထင်သလို ပစ်ခတ်ဖမ်းဆီးမှုများကြောင့်  အများစုမှာ ဆိုင်ကယ်မစီးရဲကြတော့ဘဲ စက်ဘီးပြောင်းစီးလာကြရသည်။ ဆိုင်ကယ်မောင်းပြေးသည့်အတွက်ဆိုကာ ပစ်ခတ်သဖြင့် အရပ်သားပြည်သူ သေဆုံးမှုများလည်း မကြာမကြာ ဖြစ်ပေါ်နေသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “ဆိုင်ကယ်တွေဆိုရင် ဘေးတွဲတွေ ဆင်လိုက်ရတယ်” ကံပေါက်ဒေသခံ ပစ္စည်းပို့သမား (ရေဖြူမြို့နယ် […]

စစ်အုပ်ချုပ်ရေးဒေသက ကျီးလန့်စာစားပြည်သူတွေရဲ့ဘဝ

diz_admin

March 26, 2023

ပုလောနှင့် တနင်္သာရီမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားတာ ၂လနီးနီးရှိလာပြီဖြစ်ပါတယ်။ ဒီမြို့နယ်တွေက တနင်္သာရီတိုင်းအတွင်းမှာ အရင်ကတည်းက တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရတာ အများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေပါ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်မှာတော့အခြေအနေ ပိုဆိုးလာပါတယ်။ ဒီကာလမှာ စစ်ကောင်စီတပ်က အင်အားတိုးမြှင့်လာတာကြောင့် စစ်ရှိန်မြင့်လာပြီး စစ်ရေးနယ်မြေတွေလည်းပိုကျယ်လာပါတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေပြီး ပုလောမှာဆိုရင် အရင်က စစ်ရေးပဋိပက္ခတွေ မရှိတဲ့ပင်လယ်အနီးက ရွာတွေအထိကိုပါ စစ်ကြောင်းတွေ ရောက်လာတာပါ။ လက်နက်ကြီးတွေပစ်ခတ်မှု ပိုများလာတဲ့အတွက်လည်း အရပ်သားပြည်သူထိခိုက်သေဆုံးတာတွေ များလာပါတယ်။ ဖမ်းဆီးတာတွေလည်းများလာပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ကာလမှာ အရပ်သားပြည်သူ ၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအထဲက တချို့ထက်ဝက်ကတော့ ပြန်လွတ်လာပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်တဲ့နှုန်းကလည်း မြင့်တက်လာပါတယ်။ဖေဖော်ဝါရီလ တစ်လထဲမှာ ဒီမြို့နယ်နှစ်ခုက ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာမှာ […]

ရှာရခက်လာတဲ့ သွေးအလှူရှင်

diz_admin

March 19, 2023

“သွေးသည်အသက်” ဆိုသော သွေးအလှူရှင်ရင်ထိုးမှ စာတန်းလေးမှာ သွေးလှူဒါန်းခြင်းမှာ လူ့အသက်ကို ကယ်ဆယ်ခြင်းဟု အဓိပ္ပါယ်ဆောင်နေသည်။ သွေးလှူခြင်းမှာ အလွန်မွန်မြတ်သည့် အလှူဖြစ်သည်ဟု ခံယူထားသော မြန်မာနိုင်ငံသားများအတွက် သွေးလှူကြရန် များစွာတိုက်တွန်းရန်မလိုကြ။ အုပ်စုလိုက်သွေးလှူပွဲများ၊ နေ့ထူးနေ့မြတ် သွေးလှူမှုများ၊ သွေးလိုအပ်သူများ၏ အကူအညီတောင်ခံမှုကြောင့် လှူဒါန်းမှုများ စသဖြင့် ပုံစံအမျိုးမျိုးဖြင့် သွေးလှူဒါန်းမှုများ ရှိနေကြသည်။ သို့သော် စစ်တပ်အာဏာသိမ်းပြီး  ၂ နှစ်အကြာတွင် သွေးလိုအပ်နေသော လူနာများအတွက် သွေးရှာမရတော့။ ဆေးရုံများတွင်လည်း သွေးမရှိသဖြင့် သွေးလိုပါက လူနာရှင်များကို သွေးအလှူရှင်ရှာပေးရန် ဖိအားပေးနေရသည်။ နယ်မြေမအေးချမ်းမှုကြောင့် သွေးအလှူရှင်ရှာခက်ခဲလှသည်။ သွေးလှူလိုသူရှာတွေ့ပါကလည်း သွေးလိုသူမှာ တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်နေသူဖြစ်ပါက ဖမ်းဆီးခံရမည့် အခြေအနေကို ကြောက်ရွံ့သဖြင့် သွေးလှူချင်သော်လည်း မလာရဲဟုဆိုကြသူများလည်း ရှိနေသည်။ ညမထွက်ရအမိန်ကြောင့် ညနေ ၆ နာရီနောက်ပိုင်း ဆိုလျှင်လည်း […]

ခေတ်ပျက်မှာ ရှင်သန်နေရတဲ့ကလေးတွေ

diz_admin

March 12, 2023

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် အထွေထွေအကျပ်အတည်းကြောင့် ကလေးငယ်များမှာ လွတ်လပ်စွာရှင်သန်ခွင့် မရကြတော့ပေ။ အချို့ကလေးများမှာ ပဋိပက္ခဒေသတွင် နေထိုင်ကြရသဖြင့် သွေးသံရဲရဲများ၊ သေဆုံးမှုများကဲ့သို့ အနိဋ္ဌာရုံများကို နေ့စဉ်ထိတွေ့နေကြရသည်။ အချို့ကလေးများမှာတော့ တိုက်ပွဲဖြစ်ပွားရာ ဒေသများအတွင်း ရှိနေသောကြောင့် သေနတ်သံများ၊ ပစ်ခတ်တိုက်ခိုက်သံများ၊ လေယာဉ်သံများ စသဖြင့် ကြုံတွေ့ကြရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည်။ အချို့မှာမူ နိုင်ငံပြင်ပတွင် အခက်အခဲမျိုးစုံ အကြားတွင် ရှင်သန်နေထိုင်ကြရပြန်သည်။ ကလေးများမှာ ကလေးပီပီရှင်သန်ခွင့် မရကြတော့။ အခက်အခဲ အကျပ်အတည်းများစွာကို အရွယ်နှင့်မမျှအောင် ကြုံတွေ့ ဖြတ်သန်းနေကြရသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် မတူညီသောဒေသများမှ ကလေးမိဘများကို တွေ့ဆုံမေးမြန်းကာ တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြအပ်ပါသည်။ “ရွာမှာလူတွေသေနေတဲ့ပုံတွေ ကြည့်ချင်လို့ သူတို့ကို(ကလေးတွေ)လိုင်းထက်မှာ ရှာခိုင်းနေရသေးတာ” လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာ ဒေသခံတစ်ဦး DW။ […]

စီးပွားကပျက် လောင်စာကစျေးတက်

diz_admin

March 5, 2023

စစ်အာဏာသိမ်းမှုနှင့်အတူ အထွေထွေအကျပ်အတည်း ဆိုက်နေသည့်မြန်မာနိုင်ငံတွင် အသေးစား၊ အလတ်စား စီးပွား‌ရေး လုပ်ငန်းများ ရပ်ဆိုင်းနေသလို နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများလည်း စွန့်ခွာနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ခရီးသွားအခြေပြု လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းနေသလို၊ အသေးစား၊ အလတ်စား လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများလည်း အားလုံးနီးပါး ရပ်တန့်နေသည်။ ဒေသမတည်ငြိမ်မှုကြောင့် စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံလုပ်ငန်းများမှာလည်း ပစ်ထားရသည့် ဒေသအများအပြားရှိနေသည်။ ယင်းသို့ စီးပွားပျက်ပြီး ငွေကြေးကျပ်တည်းနေချိန်တွင် ချက်ပြုတ်ရာ၌ နေ့စဉ်မရှိမဖြစ်သုံးနေရသည့် လောင်စာအသီးသီးမှာ စျေးအဆမတန်မြင့်တက်နေသည်။ ထင်း၊မီးသွေးစျေးများ ၂ ဆခန့်မြင့်တက်သွားသလို မီးဖိုချောင်သုံး ဂတ်စ်စျေးမှာလည်း အလွန်အမင်းစျေးတက်နေသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိကလျှပ်စစ်မီးသာ အသုံးပြုရသည့် ဒေသဖြစ်သည့်အလျှောက် လျှပ်စစ်စျေးမြင့်တက်မှု ဒဏ်ကိုလည်း ခံနေကြရသည်။ ချက်ပြုတ်စားသောက်ရန် လောင်စာစျေးများ မြင့်တက်မှုမှာ စားဖို့မနည်းရုန်းနေကြရသည့် တောင်ပိုင်းသားများအတွက် ပိုမိုဝန်ပိလာနေသည်။ ယင်းအခြေအနေများကို […]