BREAKING
January 23, 2025

အမြင်

ကြွက်သေးက လူကိုသေစေနိုင်သလား

Dawei Watch

June 30, 2023

ကြွက်များက လူကိုဒုက္ခပေးနိုင်သည့် ရောဂါပိုးမွှားအများအပြား သယ်ဆောင်ထားကြသည်။ မြို့ပြသန့်ရှင်းမှု အားနည်းသည့် မြန်မာနိုင်ငံတွင်  ဈေးပတ်ဝန်းကျင်၊ အမှိုက်ပုံပတ်ဝန်းကျင်နှင့် အိမ်နောက်ဖေးလမ်းကြား အများစုတွင် ကြွက်များကို တွေ့ရလေ့ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း နေရာအများစုတွင် အမှိုက်သိမ်းစနစ်ပျက်ယွင်းသွားခြင်းကလည်း ကြွက်ပေါများလာစေသည့် အချက်ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ရွေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ဈေး၊ တန်းလျားများမှာ ကြွက်ပေါသည့် နေရာများဖြစ်သည်။ မကြာသေးခင်က ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး ကြွက်သေးပန်းထားသောအစားအစာကို စားမိရာမှတစ်ဆင့် သေဆုံးသည်ဆိုသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။ ယင်းကြောင့် ကြွက်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးနှင့် မေးမြန်းထားချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း DW – ကြွက်သေးကြောင့် လူတွေကျန်းမာရေးအပေါ် ထိခိုက်မှုတွေရှိတယ်လို့ ပြောကြတယ်ပေါ့နော်ဆရာ။ ဆိုတော့ ဆေးပညာအရဆိုရင် ဘာတွေဖြစ်လာနိုင်လဲခင်ဗျား။ Dr – ကြွက်သေးမှာပါတဲ့ဟာက အသည်းရောင်အသားဝါ(အေ)ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပါတာပေါ့လေ။ […]

အကူအညီလိုနေတဲ့ တောင်ပိုင်းက စစ်ရှောင်တွေ

Dawei Watch

June 25, 2023

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ကြရသူများ ပိုမိုများပြားလာနေသည်။ အာဏာမသိမ်းမီက အေးချမ်းသာယာခဲ့သည့် တနင်္သာရီတိုင်းမှာ ယခုအခါတွင်တော့ နေအိမ်မီးရှို့ ခံရမှုများ၊ သတ်ဖြတ်ခံရမှုများ၊ ကျေးရွားမျာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ စသဖြင့် ပြင်းထန်သည့် ပဋိပက္ခများအတွင်း ကျရောက်နေပြီဖြစ်သည်။ ဒေသခံများမှာလည်း အသက်ဘေးအတွက် ထွက်ပြေးတိမ်းရှောင်ကာ နီးစပ်ရာတောတောင်များ အတွင်းသွားရောက် နေထိုင်သူများရှိသလို ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် သွားရောက်ရှောင်တိမ်း ကြရသူများလည်းရှိသည်။ အချို့ဒေသများတွင်မူ စစ်ဘေးရှောင် စခန်းအချို့ရှိသဖြင့် စခန်းများတွင် သွားရောက်နေထိုင် နိုင်ကြသော်လည်း ဒေသအများစုတွင် စစ်ဘေးရှောင်စခန်း သတ်သတ်မှတ်မှတ်မရှိကြသဖြင့် အဆင်ပြေသလို နေထိုင်ကြရသည်။ တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ‌လေးသောင်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တိုက်ပွဲဖြစ်ပွားမှု အပေါ်မူတည်၍ စစ်ရှောင်များမှာ အတိုး၊အလျော့ရှိနေသည်။ ယခုလိုမိုးရာသီတွင်တော့ အမိုးအကာလိုအပ်ချက်၊ ဆေးဝါးလိုအပ်ချက်နှင့် စာနပ်ရိက္ခာလိုအပ်ချက်များ ကြီးကြီးမားမားကြုံတွေ့လာရသည်။ […]

ခေတ်စားလာတဲ့ အကွက်ရိုက်မြေ ဘယ်သူတွေနစ်နာနိုင်လဲ

Dawei Watch

June 18, 2023

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို အခွင့်ကောင်းယူကာ ဝိသမလောဘသားများက ပုံစံမျိုးစုံဖြင့် စီးပွားရှာလာကြသည်။ အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် ခေတ်စားလာသည့် လုပ်ငန်းတစ်ခုမှာ လယ်မြေများကို အကွက်ရိုက်ရောင်းချခြင်းဖြစ်သည်။ အကွက်ရိုက်မြေဟု ခေါ်ဆိုကြသည့် ယင်းမြေများမှ ခိုင်မာမှုမရှိသည့်အတွက် အရှုပ်အရှင်းများသော မြေများဖြစ်ကြသည်။ ယင်းကြောင့်ပင် စျေးသက်သက်သာသာဖြင့် ရောင်းချကြခြင်းဖြစ်ပြီး ဝယ်သူများမှာလည်း စျေးသက်သာသည့် အတွက် အလုအယက်ဝယ်ယူကြခြင်းဖြစ်သည်။ ဥပဒေကြောင်းအရ နားလည်သူများကမူ လယ်မြေများကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည် ဆိုသော်လည်း ပြန်မချပေးသည်ကသာ များကြောင်း၊ ယင်းကို လိမ်လည်ကာ အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီးပြီဆိုကာ လိမ်‌ရောင်းနေကြခြင်းဖြစ်ကြောင်း ဆိုကြသည်။ ယင်းအပြင်း တရားစွဲခံရပါကလည်း ပုံစံ ၇ တွင် နာမည်ပေါက်သူကို တရားစွဲခြင်းဖြစ်ပြီး ဝယ်ပြီးမြေဖို့ရောင်းသူ များမှာ ဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်နေကြောင်း နောက်ဆုံးတွင် မူလ လယ်ယာပိုင်ရှင်က တရားစွဲ […]

ကျူရှင်တစ်ခေတ် ဆန်းသစ်ပြန်ပြီ

Dawei Watch

June 13, 2023

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် ပညာရေးလောက၌ပြန်ပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်က ကျူရှင်စနစ်ဖြစ်သည်။ ပြည်သူများမှာ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အကျပ်အတည်း မျိုးစုံကြုံတွေ့နေရပြီး အခက်အခဲများစွာကြားက ကလေးများကို ကျောင်းပို့နိုင်ရေးကြိုးပမ်းချိန်တွင် ကျူရှင်ဆိုသည့် ဝန်ထုပ်ဝန်ပိုးကိုပါ ထပ်ပြီးကြုံတွေ့လာရသည်။ ယခုစာသင်နှစ်တွင် ကျောင်းအပ်သည့် ကလေးများကို ကျူရှင်ထားရန် ဆရာ၊ဆရာမများက ဖိအားပေး ပြောဆိုနေသည်မျိုးပင် ရှိလာနေသည်။ ပညာရေးဌာနကမူ ဆရာ၊ဆရာမများ ကျူရှင်မသင်ရဟု လက်မှတ်ထိုးခိုင်းသည်မျိုး ရှိသော်လည်း ဆရာ၊ဆရာမများဘက်တွင်လည်း လက်ရှိကုန်စျေးနှုန်းဖြင့် ရသည့်လခမလောက်ငှသဖြင့် တတ်သည့် ပညာဖြင့် ကျူရှင်သင်ရသည်ဟု တုံ့ပြန်ပြောဆိုကြသည်။ အမှန်တကယ်လည်း ရသည့်လစာဖြင့် ရပ်တည်ရန် မလွယ်ကူသည့် အခြေအနေဖြစ်နေသည်။ ဆရာဝန်များ ပြင်ပဆေးခန်းထိုင်ကာ ဝင်‌ငွေရှာသည်ကို အပြစ်တင်သူမရှိသော်လည်း ကျောင်းဆရာများ ကျူရှင်သင်ပါက အပြစ်တင်မှုမှာ မတရားဟုလည်း ဆရာမများက တုံ့ပြန်ကြသည်။ ကျူရှင်စနစ်မှာ ငွေကြေးပြေလည်သည့် […]

တာဝန်ယူမှု မရှိတော့တဲ့ လျှပ်စစ်ဌာနတွေ

Dawei Watch

June 4, 2023

မြန်မာနိုင်ငံတွင် လျှပ်စစ်တစ်ယူနစ်အတွက် အမြင့်ဆုံးစျေးပေးပြီး ဝယ်သုံးနေရသည့် တနင်္သာရီတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ လျှပ်စစ်မီးပုံမှန်မရရှိတော့သလို လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၏ တာဝန်မဲ့မှုများကို ပြည်သူများ ကြုံတွေ့လာရသည်။ တနင်္သာရီတိုင်းမှာ ပုဂ္ဂလိကကုမ္ပဏီက ဖြန့်ဝေသည့်လျှပ်စစ်မီးကိုသာ အဓိက အားပြုနေရပြီး လျှပ်စစ်မီတာခစျေးနှုန်း မြင့်မားစွာပေး၍ ဝယ်ယူသုံးစွဲနေကြရသည်။ တိုင်းဒေသကြီး အစိုးရက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည့် ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူကာ တစ်ယူနစ်သတ်မှတ်စျေးဖြင့် လုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားခမှာ သက်ဆိုင်ရာကုမ္ပဏီအပေါ်မူတည်ကာ ထားဝယ်ခရိုင်တွင် တစ်ယူနစ်လျှင် ကျပ် ၄၀၀ ဝန်းကျင် မြိတ်နှင့်ကော့သောင်းခရိုင်တွင် ကျပ် ၁၀၀၀ ကျော်အထိ အမျိုးမျိုးရှိပြီး စျေးနှုန်းမတူညီကြပေ။ အချို့ကျေးရွာများတွင်မူ ဒီဇယ်မီးစက်အသေးစားလေးများဖြင့် လျှပ်စစ်မီးဖြန့်ဖြူးသူများရှိပြီး တစ်ယူနစ် ၂၀၀၀ ကျော်အထိပေးကြရသည်။ ယင်းသို့ လျှပ်စစ်မီတာခကို စျေးကြီးပေး ဝယ်ယူသုံးစွဲနေရသော်လည်း ပြတ်ချင်သည့် အချိန်တွင် ပြတ်၊ […]

အန္တရာယ်ကြားက လယ်သမားတွေ

Dawei Watch

May 28, 2023

တိုက်ပွဲများ၊ နယ်မြေမလုံခြုံမှုများ၊ အထွေထွေသွင်းအားစု စျေးမြင့်တက်နေမှုများကြောင့် တနင်္သာရီတိုင်းမှ လယ်သမားများမှာ လယ်ထဲဆင်းရန်ပင် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသများမှ လယ်သမားများမှာ ဖမ်းဆီးစစ်ဆေးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိုင်းထိခြင်းများကြောင့် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည်။ ယင်းအပြင် ဖမ်းဆီးခံရပါက ရှိတာ‌ရင်းပြီးလုပ်ထားသည့် လယ်ယာခင်းများ လုပ်မည့်သူမရှိဘဲ ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့နိုင်ပေသည်။ တိုက်ပွဲမဖြစ်ပွားသည့် ဒေသများတွင်လည်း တရားဥပဒေစိုးမိုးမှုအားနည်းသဖြင့် ခိုး၊ဆိုး လုယက်မှုများ၊ ဆေးသမားများ၏ ခြိမ်းခြောက်မှုများကြောင့် လယ်သမားများမှာ စိုးရိမ်နေကြရသည်။ သူခိုးပူနေသဖြင့် လယ်ထဲတွင် ယခင်လို ဓာတ်မြေသြဇာများ၊ မျိုးစပါးများ သွားရောက်ထားခြင်းမျိုး မလုပ်ရဲသလို ဆေးသမားများ ဆေးကြောင်ပြီး လယ်တဲများကို မီးရှို့မည့်ဘေးကလည်း ကြောက်နေရသေးသည်။ လယ်လုပ်သည့် လယ်သမားများ လယ်မလုပ်ပါကလည်း ဝင်ငွေမရှိဖြစ်ပြီး ဆန်ပင်ဝယ်မစားနိုင်သည့် အခြေအနေရှိနေရာ အန္တရာယ်ရှိသော်လည်း စား၊ဝတ်၊နေရေးအတွက် မဖြစ်မနေ […]

ဆေးကုသဖို့ ခက်လာတဲ့ ပြည်သူတွေ

Dawei Watch

May 24, 2023

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်မှာ ပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍများ ရပ်တန့်သွားခြင်းဖြစ်သည်။ ပြည်သူများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရပ်ဆိုင်းသွားခြင်းမှာ ငွေကြေးတတ်နိုင်သူများအတွက် ပြဿနာကြီးကြီးမားမား မရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မူ အခက်အခဲများစွာ ကြုံတွေ့ကြရသည်။ အထူးသဖြင့် ကျေးလက်ကျန်းမာရေး စနစ်များရပ်ဆိုင်းသွားမှုကြောင့် ကျေးလက်နေပြည်သူများ မလိုအပ်ဘဲ အသက်ဆုံးရှုံးရသလို ကျန်းမာရေးအရေးပေါ် အခြေအနေ တစ်ခုခုဖြစ်ပါက မြို့ပေါ်တက် ကုသနိုင်ရေး လုပ်ဆောင်ကြရသည်။ မြို့ပေါ်တက် ကုသရန် ငွေကြေးလိုအပ်ချက်အပြင်၊ ညမထွက်ရအမိန့်ကြောင့် အရေးပေါ်ကားများ မလိုက်ခြင်း၊ တံတားဖြတ်သန်းမရခြင်းတို့ ကြုံတွေ့ရသလို မြို့ပေါ်ရောက်ပါကလည်း ဆေးရုံများတွင် လူနာများပြည့်နေ၍ ဆေးရုံတက်ခွင့် မရသည့် အဖြစ်မျိုးကို ကြုံတွေ့ကြရပြန်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း အလားတူအခြေအနေမျိုး ကြုံတွေ့နေရပြီး ထားဝယ်မြို့နယ်တွင် ပိုမိုဆိုးရွားသည့် အခြေအနေများဖြစ်ပေါ်နေသည်။ အချိန်မီဆေးကုသခွင့် […]

ထိုင်းနိုင်ငံက အဖိနှိပ်ခံရွေ့ပြောင်းလုပ်သားများ

Dawei Watch

May 14, 2023

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် နိုင်ငံသားအများစုသည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်သားများအဖြစ် အစုလိုက်အပြုံလိုက် သွားရောက်နေကြရသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာသူများရှိသလို နှစ်နိုင်ငံသဘောတူညီချက်(MoU)ဖြင့် ဝင်လာသူများလည်း ရှိသည်။ တနင်္သာရီတိုင်းသားအများစုမှာ နယ်စပ်ချင်းကပ်နေသည့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှု အများဆုံးဖြစ်သည်။ ထိုအလုပ်သမားများမှာ အလုပ်ခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်း၊ အလုပ်ရှင်အချို့က ထိုင်းဥပဒေကိုချိုးဖောက်ပြီး အလုပ်သမား၏ အထောက်အထားများ သိမ်းထားခြင်း၊ ခြိမ်းခြောက်ခံရခြင်း စသည့် ဖိနှိပ်မှုမျိုးစုံဖြင့် ကြုံတွေ့နေရသည်။ ထို့အပြင် လုပ်ခလစာမရသည့် အလုပ်သမားအချို့လည်း ရှိနေပြန်သည်။ ထိုကြောင့် ထိုင်းနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင်မေးမြန်း ဖော်ပြလိုက်ပါသည်။ “အခုတော့ (လစာ)ပေးတော့မယ်လည်းမထင်ပါဘူး။ မပေးတော့ပါဘူးလေ” အထောက်အထား အပြည့်အစုံရှိသော်လည်း […]