သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထိုးသင့်သလား
Dawei Watch
August 3, 2023စစ်ကောင်စီက ယခုနှစ်တွင်ဖြစ်ပွားနှုန်းနည်းပါးသည်ဟု ကြေညာထားသော သွေးလွန်တုပ်ကွေးမှာ ထားဝယ်ဒေသအတွင်း အဖြစ်များနေသည်။ တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စာရင်းအချက်အလက်မရနိုင်သည့် အနေအထားတွင် ရပ်ကွက်တိုင်း၊ကျေးရွာတိုင်းရှိ အိမ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသည်။ ထိုအခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ပျက်ယွင်းနေသည့်အတွက် အချိန်မီဆေးကုသမှုမရဘဲ အသက်ဆုံးရှုံးရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။ ထိုအခင်းအကျင်းတွင် သွေးလွန်တုပ်ကွေးကာကွယ်ဆေးကို ငွေကျပ်သောင်းဂဏန်းဖြင့် ထိုးနှံပေးနေသည်ဆိုသည့် သတင်းကလည်း ဒေသခံများအကြား ပျံ့နှံ့နေသည်။ (WHO အသိအမှတ်ပြု သွေးလွန်တုပ်ကွေး ကာကွယ်ဆေးမှာ ကျပ်သုံးသိန်းခွဲကျော်ရှိသည်) မိဘများကလည်း မိမိကလေးသွေးလွန်တုပ်ကွေးရန်က ကာကွယ်နိုင်ရေးမျှော်မှန်းပြီး ကာကွယ်ဆေးထိုးရန် တာစူနေကြသည်။ ထားဝယ်ဒေသတွင် အခငွေကြေးဖြင့် ထိုးပေးနေသည့် သွေးလွန်တုပ်ကွေးကာကွယ်ဆေးက မည်သို့သော ဆေးဖြစ်သနည်း၊ အမှန်တကယ်ရော ကာကွယ်နိုင်ရဲ့လား စသည့်အကြောင်းအရာများကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးအား မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်ပါသည်။ DW – သွေးလွန်တုပ်ကွေးကာကွယ်ဆေးဆိုပြီး ထိုးနေကြတာ […]