ကိုဗစ် စိတ္တဇအကြား မိုးအဝင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး
diz_admin
April 28, 2020ဒေါက်တာထွန်းမင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် ခပ်ခွာခွာနေကြသည်။ နှာခေါင်းစည်းတပ်ကြသည်။ အပြင် သိပ်မထွက်ကြ။ ထိုအချိန်တွင် မိုးရာသီကား လာတော့မည်။ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး အတွက် ပူရပြန်တော့မည်။ ထိုအရေးတို့နှင့် ပတ်သက်ကာ တနင်္သာရီတိုင်းအတွင်း ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ လုပ်ဆောင်ထားမှုအခြေအနေများကို ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာထွန်းမင်းကို တနင်္သာရီအပတ်စဉ်မှ သတင်းထောက် ကိုဇော်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုမေးမြန်းချက်များအနက်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ တနင်္သာရီအပတ်စဉ် – ဆရာတို့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ထားတာလေး ပြောပြပေးပါခင်ဗျား။ ဒေါက်တာထွန်းမင်း – ကာကွယ်ရေးကတော့ အမျိုးသားအဆင့်ဗဟိုကော်မတီ အတိုင်ပင်ခံနဲ့လုပ် တော့ ဒီဘက်မှာလည်း ကော်မတီတွေ ပြန်ပြောင်း လိုက်တာပေါ့။ အဓိကကတော့ Quarantine (စောင့်ကြည့်တဲ့) အလုပ်တွေကို […]