ရာသီဆိုးထဲမှာ ခဏလေး ဆိုပြီး
diz_admin
November 19, 2020တကယ်က သူ့အလုပ်သူလုပ်သွားတယ်။ သူ့အလုပ်ကိုက ပြည်သူတွေ သတင်းအချက်အလက် သိပိုင်ခွင့်အတွက် ဝန်ဆောင်မှု။ လူတွေက နိစ္စဓူဝကိစ္စရပ်တွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ သတင်းတွေသိရတယ်၊ အဖြစ်အပျက်တွေကို နားလည်ရတယ်။ အနာဂတ်ကို တွက်နိုင်ရတယ်။ အဲဒီအတွက် သူ့အလုပ်သူလုပ်နေတဲ့ သတင်းထောက်တစ်ယောက်၊ ကလောင်တံတစ်ချောင်း။ သတင်းထောက် ဖြိုးဇင်(ထားဝယ်) စောစီးစွာ ကြွေလွင့်သွားခဲ့ပါပြီ။ သတင်းသမားအဖြစ်နဲ့ ၉ နှစ်ကျော် လုပ်ကိုင်ရင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်သုံးခုကို ထိန်းညှိထောက်ပြခဲ့သူပါ။ ဖြိုးဇင်(ထားဝယ်) ကလောင်နဲ့ လှုပ်ရှားဖြတ်သန်းလာတဲ့ ကာလအတောအတွင်း ချစ်ခင်လေးစားသူ၊ မုန်းသူ ၊ ဥပေက္ခာထားသူ အားလုံးကို သူကျောခိုင်းသွားလေပြီ။ ဒီမိုကရေစီ အကူးအပြောင်းကာလ၊ ညီအစ်ကို မသိတသိနဲ့ စမ်းတဝါးဝါး၊ လေကြမ်းကြမ်း ကာလ၊ ပန်းတို့မပွင့်နိုင်သေး၊ ဘယ်အချိန်ပွင့်မလဲ မသိနိုင်သေး၊ မမှန်းနိုင်သေးတဲ့ အခိုက်အတန့်။ ရာသီဆိုးထဲမှာ […]