ကမ်းနီးကတော့ တိုင်းဒေသကြီးထဲကို ထည့်သင့်တယ်ဗျ
diz_admin
December 4, 2020အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် တိုင်းလုံးကျွတ်အနိုင်ရခဲ့သည့်အပြင် မဲရရှိမှုရာခိုင်နှုန်းမှာ ယခင်ရွေးကောက်ပွဲထက် ပိုများခဲ့သည်။ မဲအနိုင်ရမှု မြင့်တက်လာခြင်းအပါအဝင် ၎င်း ဦးဆောင်သည့် လက်ရှိအစိုးရအပေါ် ကျေနပ်အားရမှု၊ မကြာမီဖွဲ့စည်းမည့် အစိုးရအသစ်၏ အခင်းအကျင်း၊ အစိုးရနှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ပရိသတ်များသိရှိနိုင်စေရန် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို တနင်္သာအပတ်စဉ်က ဆက်သွယ် မေးမြန်းထားသည်။ ယင်းမေးမြန်းချက်များကို ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ တနင်္သာရီအပတ်စဉ်- အခုရွေးကောက်ပွဲမှာ NLDပါတီက မဲအနိုင်ရလဒ်က အရင်ရွေးကောက်ပွဲထက် ပိုများလာတာပေါ့ခင်ဗျား။ ရာခိုင်နှုန်းတွေ ပိုများလာတယ်။ ဘာဖြစ်လို့ ပိုများလာတယ်လို့ ယူဆလဲခင်ဗျား။ ဦးမြင့်မောင်- ကျွန်တော့်အမြင်ကတော့ နှစ်ချက်ပေါ့ခင်ဗျား။ တစ်ချက်ကတော့ တနင်္သာရီ တိုင်းက ၁၉၉၀ ကတည်းကလည်း ၁၀ မြို့နယ်စလုံး NLDကို အပြည့်အဝထောက်ခံတဲ့ တိုင်းဖြစ်တယ်ပေါ့နော်။ ဒီကြားထဲမှာ ၂၀၁၅ ရွေးကောက်ပွဲရှိ တယ်။ […]