BREAKING
December 22, 2024

အင်တာဗျူး

စပ်ဆေး သောက်သင့်လား

Dawei Watch

July 27, 2023

အများစုက နေထိုင်မကောင်းဖြစ်လာရင် ဆေးရုံဆေးခန်းတွေထက် အရင်ဦးအောင်သွားကြတာက ဆေးဆိုင်တွေကိုပဲဖြစ်ပါတယ်။ ဆေးဆိုင်ဆိုတာကလည်း အမျိုးမျိုးရှိပါတယ်။ ဆေးဝါးကျွမ်းကျင်သူတွေ ထိုင်ကြတဲ့ဆေးဆိုင်တွေကို မြို့ပြမှာ အနည်းငယ်လောက် တွေ့နိုင်ပေမယ့် ကျေးလက်ဒေသတွေမှာတော့ ဆေးအကြောင်း တီးမိခေါက်မိရှိတယ်ဆိုရင်ပဲ ဆေးရောင်းနေကြပါပြီ။ ကျန်းမာရေး တစ်ခုခုဖြစ်ပြီဆိုရင်တော့ အများစုက ဆေးဆိုင်တွေမှာ စပ်ဆေးလို့ခေါ်တဲ့ ဆေးတွဲတွေကို ဝယ်သောက်ကြပြီး မသက်သာတဲ့အချိန်ကျမှသာ ဆေးခန်းကို သွားလေ့ရှိတာပါ။ ဆေးဆိုင်တွေကရောင်းတဲ့ စပ်ဆေးတွေက ရောဂါသက်သာတာမြန်သလို ငွေကြေးကုန်ကျမှုနည်းတယ်ဆိုတဲ့အချက်တွေကြောင့် ဒေသခံတွေအကြား တွင်ကျယ်နေတဲ့ အနေအထားဖြစ်ပါတယ်။ စပ်ဆေးသောက်တာကြောင့် ကောင်းကျိုးဆိုးပြစ် ခံစားရသူတွေကလည်း ဒုနဲ့ဒေးပါ။ ဒါကြောင့်မို့ ဒေသတွင် အသုံးများပြီးတွင်ကျယ်နေတဲ့ စပ်ဆေးက ဘေးကင်းရဲ့လား၊ ဘယ်လိုသောက်သုံးသင့်လဲ၊ ဘာတွေ ထိခိုက်ခံစားရနိုင်လဲဆိုတာကို ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်ပါတယ်။ DW – လူတွေကြားမှာ တွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ စပ်ဆေးက ဈေးလည်းသက်သာတယ်။ ရောဂါသက်သာတာလည်း […]

“ကျန်းမာရေးရော၊ စားရေးသောက်ရေးပါ ဆိုးဆိုးဝါးဝါးပါပဲ”

Dawei Watch

July 21, 2023

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက စစ်ဘေးရှောင်တစ်ဦးနှင့် တွေ့ဆုံခြင်း ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် ရေဖြူမြို့နယ် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည်။ ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံအချို့ ထိခိုက်သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိလာသည်။ ထို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ကြရသည်။ တောထဲ တောင်ထဲ တိမ်းရှောင်နေကြရ သဖြင့် နေရေး၊ စားရေး အခက်အခဲဖြစ်နေကြသလို ကျန်းမာရေးပြဿနာလည်း အကြီးအကျယ် ကြုံတွေ့နေကြရသည်။ စားနပ်ရိက္ခာ ပြတ်လပ်လာသည့်အပြင် ကလေးငယ်များ သွေးလွန်တုပ်ကွေးအပါအဝင် ဖျားနာခြင်း၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းခြင်းတို့ ဖြစ်နေကြသည်။ သို့သော် ဆေးဝါးရှားပါးခြင်းနှင့် ကုသပေးသူမရှိသည့်အတွက် အခက်အခဲများနှင့်လည်း ကြုံတွေ့နေရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန် တောတောင်အတွင်း တိမ်းရှောင်နေသည့် ဧကနိရွာမှ စစ်ဘေးရှောင်တစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း၍ […]

ကလေးများတွင် အဖြစ်များနေသည့် ပြင်းထန်အဆုတ်ရောင်

Dawei Watch

July 17, 2023

မြန်မာနိုင်ငံတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများနေပြီး ကူးစက်ပျံ့နှံ့မှုလည်းရှိနေသည်။ အဓိကအားဖြင့် အသက်ငယ်ရွယ်သည့် ကလေးများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ကြခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကကျောင်းအချို့ ယာယီပိတ်ထားရသည်အထိ ဖြစ်ပွားမှုနှုန်းအလွန်များနေပြီး အချို့အသက်အန္တရာယ် ဖြစ်သည်အထိပင် ပြင်းထန်ကြောင်းတွေ့ရသည်။ ယင်းအပြင် ရာသီတုပ်ကွေးနှင့် ကိုဗစ်ရောဂါ ကူးစက်မှုကလည်း ရှိနေသေးသဖြင့် ပြင်းထန်အဆုတ်ရောင်၏ လက္ခဏာများနှင့် ယင်းရောဂါအကြောင်းကို သိရှိနိုင်စေရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်သည်။ DW – လက်ရှိမှာဆိုရင် ပြင်းထန်အဆုတ်ရောင်ရောဂါက ကလေးတွေမှာ အတော်များများဖြစ်နေကြတယ်ပေါ့နော်ဆရာ။ ဆိုတော့ အဲဒါက ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်ခင်ဗျား။ Dr – သူက ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်တာခင်ဗျား။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီးတော့ သူက အဆုတ်ထဲမှာရှိတဲ့ အချွဲအလွှာတွေ ရောင်တာပေါ့နော်။ အဲလိုရောင်ရင်းနဲ့မှ ဘက်တီးရီးယားဝင်တာခင်ဗျား။ ရောင်တဲ့အချိန်မှာ ဗိုင်းရပ်စ်က ရောင်တဲ့ဟာသည့် အရမ်းပြင်း(ထန်)တာပေါ့။ ပြင်းတော့ ကလေးတွေက မခံနိုင်ဘူးရယ်။ ပြီးရင် ဘက်တီးရီးယားလည်း ဝင်ပုံရတယ် အခုတွေ့သလောက်ဆိုရင် ကလေးတွေက အသက်ရှူမြန်တဲ့အပြင်ကို […]

ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တည်ထောင်သူ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း

Dawei Watch

July 9, 2023

ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးတစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း အန်ထော်ခရိုင်က ထိုင်းကျောင်းမှာ ပညာသင်ယူနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ကလေးတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးစုစုပေါင်း ၁၂၆ ဦးကို ဇွန်လ အစောပိုင်းက ထိန်းသိမ်းထားခဲ့တာပါ။ ဒါ့အပြင် ကလေးတွေ ပညာသင်ယူခွင့်ရအောင် အကူအညီပေးခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူ အပါအဝင် ဆရာ ဆရာမ ၄ ဦးနဲ့ ကျေးရွာ ရွာသူကြီး ၂ ဦးကိုပါ တရားစွဲမယ်လို့ သိရတယ်။ ထိုင်းပြည်သူတွေက တိုင်ကြားတဲ့အတွက် ခရိုင်မူလတန်းအုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် ကျောင်းအများစုကို ပိတ်ထားရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ပြီး တရားမဝင် […]

ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း

Dawei Watch

July 8, 2023

မြန်မာနိုင်ငံတွင် မိုးရာသီရောက်လာပြီဖြစ်သည့်အတွက် ရာသီတုပ်ကွေးအပါအဝင် ဖျားနာမှုများ အဖြစ်များလာလေ့ရှိသည်။ တနင်္သာရီတိုင်းတွင်လည်း ရာသီတုပ်ကွေးအဖြစ်များနေပြီး ရာသီတုပ်ကွေးနှင့်အတူ သွေးလွန်တုပ်ကွေးကဲ့သို့ ရောဂါများလည်း အဖြစ်များနေသည်။ တုပ်ကွေးဖြစ်လာပါ တစ်ဦးနှင့်တစ်ဦးကူးစက်ပြီး အိမ်ရှိမိသားစုအားလုံးနီးပါး ဖျားနာတတ်ကြသည်။ ထို့အပြင် ကိုဗစ်ရောဂါကလည်းကူးစက်မှုကလည်းရှိနေသေးသည့်အတွက် ရာသီတုပ်ကွေးနှင့် တော်ရုံမခွဲနိုင်တော့ဘဲ ခံစားရသည့် လက္ခဏာများ ရောထွေးကုန်သည်။ ရာသီတုပ်ကွေးနှင့် ကိုဗစ်မှာ ဗိုင်းရပ်ပိုးဖြစ်သည့်အတွက် တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည့်ရောဂါဖြစ်သည်။ ပဋိပက္ခအခြေအနေများကြောင့် တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသအများစုတွင် ကျန်းမာရေးစောင့်ရှောက်မှုမဲ့နေသည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ကိုဗစ်၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ သိထားသင့်သည့် ဆောင်ရန် ရှောင်ရန်အချက်များကို ကျွမ်းကျင်ဆရာဝန်တစ်ဦးကို မေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်သည်။ DW – အခုမိုးရာသီမှာ ဖျားနာတာတွေ များနေတယ်ပေါ့နော်ခင်ဗျား။ အဲဒါက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းပြပေးပါလားခင်ဗျား။ Dr – အခုမြန်မာနိုင်ငံမှာဖြစ်နေတာရော […]

ကြွက်သေးက လူကိုသေစေနိုင်သလား

Dawei Watch

June 30, 2023

ကြွက်များက လူကိုဒုက္ခပေးနိုင်သည့် ရောဂါပိုးမွှားအများအပြား သယ်ဆောင်ထားကြသည်။ မြို့ပြသန့်ရှင်းမှု အားနည်းသည့် မြန်မာနိုင်ငံတွင်  ဈေးပတ်ဝန်းကျင်၊ အမှိုက်ပုံပတ်ဝန်းကျင်နှင့် အိမ်နောက်ဖေးလမ်းကြား အများစုတွင် ကြွက်များကို တွေ့ရလေ့ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း နေရာအများစုတွင် အမှိုက်သိမ်းစနစ်ပျက်ယွင်းသွားခြင်းကလည်း ကြွက်ပေါများလာစေသည့် အချက်ဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ရွေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ဈေး၊ တန်းလျားများမှာ ကြွက်ပေါသည့် နေရာများဖြစ်သည်။ မကြာသေးခင်က ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး ကြွက်သေးပန်းထားသောအစားအစာကို စားမိရာမှတစ်ဆင့် သေဆုံးသည်ဆိုသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။ ယင်းကြောင့် ကြွက်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများအကြောင်း သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးနှင့် မေးမြန်းထားချက်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဆရာဝန်တစ်ဦးနှင့် တွေ့ဆုံခြင်း DW – ကြွက်သေးကြောင့် လူတွေကျန်းမာရေးအပေါ် ထိခိုက်မှုတွေရှိတယ်လို့ ပြောကြတယ်ပေါ့နော်ဆရာ။ ဆိုတော့ ဆေးပညာအရဆိုရင် ဘာတွေဖြစ်လာနိုင်လဲခင်ဗျား။ Dr – ကြွက်သေးမှာပါတဲ့ဟာက အသည်းရောင်အသားဝါ(အေ)ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးပါတာပေါ့လေ။ […]

အရေးတကြီး သတိထားရတော့မယ့် မိုခါမုန်တိုင်

Dawei Watch

May 12, 2023

မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။

ဓားပြဗျို့… ဓားပြ

diz_admin

June 18, 2022

ဘုရာစင်အောက်ထားလည်းမလုံ၊ မီးဖိုအောက်ထားလည်း စိတ်မချနဲ့ ငွေထုတ်ပိုက်ထားရတဲ့ ဦးထွန်း (အမည်လွှဲ) မှာ စိတ်မသက်သာလှပေ။ ခွေးဟောင်သံကြားတိုင်းလည်း လန့်နိုးနိုးလာလေ့ရှိတာကြောင့် ညဘက်လည်း ကောင်းကောင်းမအိပ်ရတာ အတော်ကြာနေပြီ။ လောင်းလုံးမြို့နယ်တစ်ကျောမှာ ဆူဆူပူပူဖြစ်နေတဲ့ ဓားပြရန်ကြောင့် ဦးထွန်းတစ်ယောက် အခုလို ဥစ္စာအပူမိနေရတာဖြစ်ပါတယ်။ ဒီငွေတွေနဲ့ ပွင့်လင်းရာသီရောက်ရင် ကထိန်းခင်းဖို့ ရည်စူးထားတာလို့ ဦးထွန်းက ဆိုပါတယ်။ “အရင်က သူခိုး၊ အခု ဓားပြရန်ပါကြောက်နေရတယ်ကွာ” လို့ ၎င်းက ဆိုပါတယ်။ သူနေထိုင်ရာ ပတ်ဝန်းကျင်ဟာ မူးယစ်ဆေးသမားနဲ့ သူခိုးရန်ကို ကြောက်နေရတဲ့ အခြေအနေကနေ အခုဆိုရင် လက်နက်ပြခြိမ်းခြောက် အနုကြမ်းစီးတဲ့ ဓားပြရန်ကိုပါ ကြောက်လန့်လာနေရပြီလို့ သူကဆိုပါတယ်။ Dawei Watch ရဲ့ မှတ်တမ်းတွေအရ မေလ ၁၇ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ ရက်ပေါင်း […]