မိုးရာသီနှင့် တောင်ပိုင်းကစစ်ဘေးရှောင်
Dawei Watch
May 25, 2024တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်လာသည့်အတွက် ဒေသခံ အများအပြားမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်တွင် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းဖြစ်သည်။ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသ၊ လောင်းလုံး၊ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီစသည့်မြို့နယ်များတွင် စစ်ဘေးရှောင် အများဆုံးဖြစ်နေကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာအရ သိရသည်။ FE5 Tanintharyiဆိုသည်မှာ တနင်္သာရီတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွား၊ စစ်ဘေးရှောင်ကိစ္စများကို လေ့လာသုတေသနပြုပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် သုတေသနအဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့၏ အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း စစ်ဘေးရှောင်ခြောက်သောင်းနီးပါးရှိနေသည်။ ထိုစစ်ဘေးရှောင်များက စစ်ဘေးရှောင်စခန်းများ၊ အခြားဒေသရှိ ဆွေမျိုးအိမ်များနှင့် နီးစပ်ရာတောတောင်ဥယျာဉ်များတွင် ဖြစ်သလို ခိုလှုံနေရသည်။ စစ်ဘေးရှောင်များလာသည့် […]