တောင်ပိုင်းတနင်္သာရီတွင် ဇီဝကများ အလိုရှိသည်
diz_admin
November 7, 2024အာဏာသိမ်းပြီး လေးနှစ်အတွင်းချင်းနင်းဝင်ရောက်ချိန်တွင် တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်သည့် နယ်မြေအများအပြား ပေါ်ပေါက်လာသလို တိုက်ပွဲဖြစ်သည့် စစ်နယ်လည်း ကျယ်ပြန့်လာသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးမှုများ ပိုများလာပြီး တိုက်ပွဲများလည်း ပြင်းထန်နေရာ စစ်ဘေးရှောင်အများအပြားလည်း ရှိနေသည်။ တိုက်ပွဲပြင်းထန်သည့် နယ်မြေများကို ဆေးဝါးအပါအဝင် အခြားရိက္ခာပစ္စည်းများ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ဆေးဝါးရှားပါးမှုဖြင့် ရင်ဆိုင်နေရသည်။ တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း အများအပြားက CDM လုပ်ကြသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ဆေးပေးခန်းအများအပြား ဆေးကုသမှု လုပ်ငန်းများ ရပ်နားသွားကြသည်။ ထိုအခင်းအကျင်းတွင် တော်လှန်ရေးတပ်များ၏ ဆေးမှူးများနှင့် ကူညီပေးနေသည့် ဆေးအဖွဲ့များရှိသော်လည်း ဒေသခံနှင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောက်ကုသမှုအတွက် ဆရာဝန်နှင့် ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် […]