စစ်ကိုင်းမြို့ ဘာဖြစ်နေလဲ
Dawei Watch
March 30, 2025ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီး၏ ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းမြို့အတွင်း ထိခိုက်မှုများ အား ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် မုံရွာအခြေစိုက် လူမှုကယ်ဆယ်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch မှ ဆက်သွယ်၍ ငလျင်နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးအခြေအနေနှင့် အကူအညီ လိုအပ်မှုအခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။ DW ။ စစ်ကိုင်းမြို့ထဲက အခြေအနေဘယ်လိုလဲရှိလဲ။ ဘာတွေလိုအပ်နေလဲ။ ဖြေ ။ ရေသန့်လိုတယ်။ သောက်ရေသန့်လိုတယ်။ အိပ်ဖို့ ခေါင်းအုံးတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ခြင်ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေက အဓိကအလိုအပ်ဆုံးပါ။ DW ။ စားနပ်ရိက္ခာ တွေရော အဆင်ပြေရဲ့လား။ လာလှူသူတွေရှိလား။ ဖြေ ။ သင့်တင်လျောက်ပတ်စွာတော့ရှိပါတယ်။ မားမား၊ ခေါက်ဆွဲခြောက်၊ ကိတ်တွေ အဲဒီလို […]