BREAKING
April 15, 2025

အင်တာဗျူး

ဘန်ကောက် တိုက်ပြိုကျမှုမှာ မြန်မာအပါအဝင် သေဆုံးသူတွေကို DNA စစ် အတည်ပြုတာ ဘယ်လောက်အရေးကြီးလဲ

Dawei Watch

April 9, 2025

ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က တိုက်ပြိုကျမှုတွင် သေဆုံးသူများအား DNA စစ်ဆေးရန် ကူညီဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာစကားပြန်/ဘာသာပြန်များအသင်း (TMIA) ၏ တာဝန်ရှိသူနှင့်တွေ့ဆုံမေးမြန်းခြင်း ငလျင်ကြောင့် ဘန်ကောက်ရှိ ဆောက်လက်စ အထပ်မြင့်အဆောက်အအုံပြိုကျမှုတွင် ပိမိပျောက်ဆုံးသူများ၏ အတည် မပြုနိုင်တော့သည့် ရုပ်အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ကျန်ရစ်သည့် မိသားစုဝင်များနှင့် မျိုးရိုးဗီဇ (DNA) တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောက်ရွက်နေသည်။ ထိုမှသာ မိသားဝင်များက သင်္ဂြိုဟ်ပေးနိုင်မည်၊ ကောင်းမှု ကုသိုလ်များ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ DNA စစ်ဆေးခြင်းသည် ပျောက်ဆုံးနေသူများနှင့် မိသားစုအတွက် နောက်ဆက်တွဲ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အတွက်အရေးပါပုံ၊ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက DNA စစ်ဆေးခြင်းကို မည်သို့ လုပ်ဆောင်ရမည်၊ ဆွေမျိုးသားချင်းမှာ မြန်မာနိုင်ငံတွင် ရှိနေပါက မည်သို့လုပ်ဆောင်ရမည် စသည်တို့ကို […]

ငလျင် ၅ ရက်မြောက် စစ်ကိုင်းမြို့အခြေအနေ

Dawei Watch

April 1, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့သည် ထိခိုက်သေကြေပျက်စီးမှု အလွန်များပြား သော်လည်း ကယ်ဆယ်ရေးအင်အားနည်းသောကြောင့် ရှာဖွေကယ်ဆယ်ရေးအတွက် အခက်အခဲများစွာကြုံခဲ့ရသည်။ ငလျင် ၅ ရက်မြောက်မြောက်သည့် ယနေ့ ဧပြီလ ၁ရက်နေ့၏ ကူညီကယ်ဆယ်ရေးအခြေအနေကို သိရှိနိုင်ရန် စစ်ကိုင်းမြို့တွင် ကယ်ဆယ်ရေးလုပ်နေသည့် မုံရွာအခြေစိုက် သုခဟိတပရဟိတ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းထားပါသည်။ DW ။ သုခဟိတပရဟိတအဖွဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ကူညီကယ်ဆယ်ရေး အခြေအနေလေးပြောပြပေးပါ။ ဖြေ ။ ကူညီကယ်ဆယ်ရေးက ကျွန်တော်တို့က ရတနာသိင်္ဂီကျောင်း အဲဒီဘက်မှာ တာဝန်ကျနေတယ်။ မနေ့က ကျွန်တော်တို့ စဝင်တယ်။ မနေ့က သုံးလောင်းချ (သင်္ဂြိုဟ်) ပေးရတယ် ။ ဒီနေ့က (သင်္ဂြိုဟ်တာ) ငါးလောင်းရှိသွားပြီ ။ DW ။ […]

စစ်ကိုင်းမြို့ ဘာဖြစ်နေလဲ

Dawei Watch

March 30, 2025

ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီး၏ ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းမြို့အတွင်း ထိခိုက်မှုများ အား ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် မုံရွာအခြေစိုက် လူမှုကယ်ဆယ်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch မှ ဆက်သွယ်၍ ငလျင်နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးအခြေအနေနှင့် အကူအညီ လိုအပ်မှုအခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။ DW ။ စစ်ကိုင်းမြို့ထဲက အခြေအနေဘယ်လိုလဲရှိလဲ။ ဘာတွေလိုအပ်နေလဲ။ ဖြေ ။ ရေသန့်လိုတယ်။ သောက်ရေသန့်လိုတယ်။ အိပ်ဖို့ ခေါင်းအုံးတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ခြင်ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေက အဓိကအလိုအပ်ဆုံးပါ။ DW ။ စားနပ်ရိက္ခာ တွေရော အဆင်ပြေရဲ့လား။ လာလှူသူတွေရှိလား။ ဖြေ ။ သင့်တင်လျောက်ပတ်စွာတော့ရှိပါတယ်။ မားမား၊ ခေါက်ဆွဲခြောက်၊ ကိတ်တွေ အဲဒီလို […]

ထိုင်းက ဖမ်းဆီးခံ မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်ပို့မခံရဖို့

Dawei Watch

March 10, 2025

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်နေတဲ့ ပဋိပက္ခ၊ တိုက်ပွဲနဲ့ အဓမ္မစစ်မှုထမ်းစနစ်ကြောင့် မြန်မာနိုင်ငံသားတွေက အိမ်နီးချင်းထိုင်းနိုင်ငံထဲ အလုံးအရင်းနဲ့ ပြောင်းရွှေ့ဝင်ရောက်လာကြပါတယ်။ ဒီလို တရားမဝင် ဝင်ရောက်လာချိန်အဖမ်းခံရသူ အများအပြားရှိသလို လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာအပြင် အခြားပြစ်မှုအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ရှိနေပါတယ်။ ဒီလို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူအပြစ်ပေးခံရပြီးသူတွေကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီဘက်ကို တောက်လျှောက် ပြန်လွှဲနေပါတယ်။ တစ်ဘက်မှာလည်း ထိုင်းနိုင်ငံက ပြန်ပို့သူတွေကို မြန်မာစစ်ကောင်စီက တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းပြီး စစ်သင်တန်းကျောင်းတွေကို ဆက်တိုက်ပို့ဆောင်နေပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံထဲအဖမ်းခံရပြီး မြန်မာဘက်ခြမ်းကို ပြန်မပို့အောင် ဥပဒေအရ ဘယ်လိုခုခံချေပလို့ရလဲ။ ဘယ်လိုအခွင့်အရေးတွေ တောင်းဆိုပိုင်ခွင့်ရှိလဲ။ ဒါတွေကို သိရှိနိုင်ဖို့အတွက် ထိုင်းနိုင်ငံအခြေစိုက် PEACE RIGHT FOUNDATION က ထိုင်းနိုင်ငံသား အကြီးတန်းရှေ့နေ Chatchai Amornlerdwattana […]

စစ်ဘေးရှောင်များကို ရိုက်ခတ်လာသည့် အမေရိကန်အကူအညီ ရပ်တန့်မှု

Dawei Watch

February 3, 2025

ခုနစ်စဉ်ကြယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့နှင့် တွေ့ဆုံခြင်း အမေရိကန်ပြည်ထောင်စုတွင် သမ္မတသစ် ဒေါ်နယ်ထရမ့် တက်လာပြီးရက်ပိုင်းအတွင်းပင် USAID အပါအဝင် နိုင်ငံတကာ အကူအညီထောက်ပံ့ပေးနေမှုများကို ရပ်တန့်လိုက်သည်။ ယင်းရပ်တန့်မှုကြောင့် မြန်မာပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများအနေဖြင့် အခက်အခဲပိုများလာသလို မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များလည်း ပိုမိုကျပ်တည်း ခက်ခဲလာနေကြသည်။ ယခင်တည်းက တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များအတွက် ပြင်ပအကူအညီ အထောက်အပံ့များ လုံလုံလောက်လောက် မရရှိသဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေသည်။ ယင်းအချိန် အမေရိကန်အစိုးရဘက်က ကူညီထောက်ပံ့မှုများ ရပ်တန့်လိုက်သည့်အတွက် တိုင်းအတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ပညာရေးကဏ္ဍများအတွက် ပိုမိုခက်ခဲလာနေကြသည်။ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသောအဖွဲ့များ၏ ကူညီရေးလုပ်ငန်းစဉ်များကိုလည်း ထိခိုက်သွားသည်။ လက်ရှိ အမေရိကန်ဘက်က အကူအညီများ ရပ်ဆိုင်းလိုက်သည့်အတွက် တိုင်းအတွင်းရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ ကြုံတွေ့နေရသော […]

စိုးရိမ်သောကမြင့်တက်နေတဲ့ မဲဆောက်ရောက် မြန်မာများ

Dawei Watch

January 28, 2025

“နိုင်ငံရေးအခြေအနေကြောင့် ပြောင်းလာတဲ့သူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပိုရှိနေကြတာပေါ့” မဲဆောက်အခြေစိုက် အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA) အဖွဲ့ တာဝန်ခံ ကိုဖိုးသင်္ကြန်နှင့် တွေ့ဆုံမေးမြန်းခြင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တစ်ဖက်ကမ်း မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာရှိသလို စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း၊ ဖမ်းဆီးခြင်းအပါအဝင် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် လာရောက်တိမ်းရှောင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများစွာလည်း ရှိနေသည်။ မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့များက ယခင်ကတည်းက မြန်မာနိုင်ငံသားများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လေ့ရှိသည့် မြို့ဖြစ်သည်။ လက်ရှိတွင် ကျားဖြန့်လုပ်ငန်းတွေကြောင့် စစ်ဆေးဖမ်းဆီးမှု ပိုမိုတင်းကျပ်လာသည်။ မြဝတီဘက်ခြမ်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွင် တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှု ပေါ်ပေါက် လာပြီးနောက် ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်၊ လူကုန်ကူးခံရမှုများကို တားဆီးနိုင်ရေးတို့အတွက် နိုင်ငံခြားသားများကို စစ်ဆေးဖမ်းဆီးမှု နေရာအနှံ့တွင်လုပ်ဆောင်နေသည်။ နိုင်ငံခြားသားများ […]

ပန်းရောင်ဘတ်နှင့် သတိပြုရမည့် အချက်များ

Dawei Watch

January 8, 2025

ထိုင်းနိုင်ငံတွင်ရှိသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းခွင့် ပြုခဲ့သည်။ ဆေးရုံတွင် သွေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် (work permit) အတွက် ငွေသွင်းခြင်းများကို ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မတိုင်ခင် အပြီးလုပ်ရမည်ဖြစ်ပြီး ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်း အချက်အလက်သွင်းခြင်းများကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် နောက်ဆုံးထား ပြုလုပ်ကြရမည်ဖြစ်သည်။ အလုပ်လုပ်ခွင့်လက်မှတ် (work permit) ရရှိလာပြီးသူများက ထိုင်းနိုင်ငံအတွင်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ နေ့အထိ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ပန်းရောင်ဘတ်တင်ထားသူများမှာ နာမည်စာရင်း ကျနေကြပြီဖြစ်သော်လည်း […]

NUG တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားနှင့် မေးမြန်းချက်

Dawei Watch

December 18, 2024

ဒေါင်းနက်အဖွဲ့ဝင်များကို ကျွန်းစုပကဖ ဖမ်းဆီးသွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံနှင့် တွေ့ဆုံမေးမြန်းထားချက်ကို ဖော်ပြလိုက်ပါသည်။ ကျွန်းစုမြို့နယ်အတွင်းလှုပ်ရှားနေသည့် ဒေါင်းနက် (Black Peacock) အဖွဲ့ဝင် ၄ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောဆိုထားသည်။ အဆိုပါ ဒေါင်းနက်အဖွဲ့သည် ‌ကျွန်းစုမြို့နယ်အတွင်း‌ရှိ လုပ်ငန်းရှင်အချို့နှင့် ကုန်သည်အချို့ကို သတ်ဖြတ်မည်ဆိုသည့် ခြိမ်းခြောက်စာများ ပေးပို့နေ‌သည့်အဖွဲ့ဖြစ်၍ ယင်းသို့ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းများထွက်နေသည်။ တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားကမူ ဒေါင်းနက်အဖွဲ့ဝင်အချို့ကို ကျွန်းစုမြို့နယ် ပကဖ အဖွဲ့၏ အောက်ခြေရဲဘော်များက နားလည်မှုလွဲမှားကာ ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။ ယင်းကြောင့်ဒေါင်းနက်အဖွဲ့ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားအား မေးမြန်းထားချက်များကို ပြန်လည်ဖော်ပြလိုက်သည်။ နားလည်မှုလွဲပြီးဖမ်းတာ ကျွန်းစုပကဖဆီကနေ လွှဲပြောင်းယူခဲ့တာမဟုတ်ဘူး။အဲဒီဒေါင်းနက်အဖွဲ့ကို ကျွန်တော်ခေါ်လိုက်တာ။ဘာကြောင့်လဲဆိုရင် ကျွန်းစုပကဖ […]