BREAKING
January 22, 2025

အယ်ဒီတာ့ အာဘော်

ဈေးကွက်ကို အခြေမခံသည့် နွေရာသီ

diz_admin

February 26, 2020

မကြာမီ နွေရာသီ ကျောင်းပိတ်တော့မည်။ အမျိုးမျိုးအပြားပြားသော သင်တန်းကျောင်းများကလည်း များမြောင် လှစွာသော နွေရာသီ သင်တန်းများကို ဖွင့်လှစ်ရန် ကြော်ငြာလျက် ရှိသည်။ ယေဘုယျအားဖြင့်တော့ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပန်းချီ၊ အားကစား စသည်တို့ဖြစ်သည်။ အများစု၏ စဉ်းစားချက်သည် ကလေးများအတွက် ဈေးကွက်ကို အခြေခံကြသည်။ ဘာသာစကား၊ ကွန်ပျူတာ စသည်တို့ကိုသာ အလေးကဲကြသည်။ ပန်းချီနှင့် အားကစားကို သင်ယူကြခြင်းမှာ ဈေးကွက်ကို အခြေခံသည့် စဉ်းစားချက်မဟုတ်သော်လည်း ရေစီးနောက်လိုက်ခြင်းထက် ပိုသည့် ခံယူချက် ဖြင့် သင်ယူကြသည်က ရှားသည်။ ကလေးများအား သင်ကြားခွင့်ပေးခြင်းသည် တစ်စုံတစ်ရာကို သင်ယူရန် ဖြစ်သော်လည်း ဈေးကွက် သို့မဟုတ် ဈေးနှုန်းကို အခြေခံသည့် စဉ်းစားချက်သည် တချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရရန်အတွက်တစ်ခုတည်းကိုသာ ဦးတည် စဉ်းစားခြင်းမျိုး ဖြစ်သည်။ ကလေးများနှင့် […]

တစ်ကိုယ်ရေက ခွာပါ

diz_admin

February 20, 2020

တိုင်းပြည်တစ်ပြည်မှ တော်ပေ့တတ်ပေ့ဆိုသည့်သူများ အခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်ကြ အခြေချကြသည့်ကိစ္စနှင့် ပတ်သက်ပြီး ကောင်း၏ ဆိုး၏၊ ဖြစ်သင့်၏ မဖြစ်သင့်၏ ပြောဆို ငြင်းခုန်ကြလေ့ ရှိသည်။ တစ်စုံတစ်ရာကို ထူးချွန်တတ်မြောက်သောသူများ တိုင်းပြည်သို့ လာရောက် အခြေချစေချင်သူများ ပြောလေ့ ရှိသည်မှာ “တိုင်းပြည်ကောင်းမှ ပြန်လာမယ် ပြောမနေနဲ့ ။ တိုင်းပြည်ကောင်းအောင် ပြန်လာလုပ်”။ ကိုယ်တတ်သည့် ပညာဖြင့် သင့်တော်သည့် အရပ်ဒေသသို့ အခြေချသည်ကို ထောက်ခံကြသည့်သူများက “ဒီတိုင်းပြည်မှာ ပညာတတ်သူတွေအတွက်လုပ်သာ ကိုင်သာရှိတဲ့ ရေခံမြေခံမှ မရှိတာ”ဟူ၏။ တစ်ဦးချင်းအရကြည့်လျှင် ရေကြည်ရာ မြက်နုရာ သွားရောက် အခြေချခြင်းက မှန်သည်ဟု ဆိုနိုင်သော်လည်း တိုင်းပြည်အတွက် ကြည့်သည့်အခါ တစ်စုံတစ်ရာ ထူးချွန်တတ်ကျွမ်းသူများ ပြည်တော် ပြန်မလာခြင်း (သို့မဟုတ်) ပြည်တော်က ခွာသွားခြင်းသည် တိုင်းပြည်အတွက် အင်မတန် […]

ကျောင်းပြီး၍ စာတတ်ကြရလေအောင်

diz_admin

February 11, 2020

အချို့သော နိုင်ငံများတွင် ကျောင်းပြီးသော်လည်း စာမတတ်သော လူငယ်များ ကိစ္စကို အလေးပေး ထောက်ပြလာကြပြီဖြစ်သည်။ ဤနေရာတွင် စာမတတ်ခြင်းဆိုသည်မှာ စာရေး၊ ဖတ်တတ်ခြင်းကို ဆိုလိုရင်းမဟုတ်ပါ။ အဓိကအားဖြင့် စာဖတ်တတ်သော်လည်း စာ၏ အကြောင်း အရာကို နားလည်သဘောမပေါက်ခြင်း၊ အနှစ်သာရကို သိရှိနားလည်ခြင်း မရှိခြင်း၊ စာဖတ်ပြီး စိတ်ခွန်အား၊ ဘာသာရပ်ဆိုင်ရာများကို သဘောပေါက် နားလည်ခြင်း မရှိခြင်း၊ မိမိ၏ နိုင်ငံရေး၊ လူမှုစီးပွားဘ၀အတွက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အသုံးချနိုင်မှု မရှိခြင်းတို့ကို ညွှန်းလိုရင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျောင်းပြီးသူ ထက်ဝက်ကျော်မှာ အထက်ပါ ညွှန်းဆို သည့် အတိုင်း စာမတတ်ဟုဆိုသည်။ ကျောင်းပြင်ပ စာအုပ်စာပေနှင့် လက်လှမ်းမီမှု နည်းပါးခြင်း၊ စာဖတ်ခြင်း အလေ့အထကို အားပေးမြှင့်တင်မှု နည်းပါးခြင်း တို့က ထိုသို့ဖြစ်ပွားလာခြင်း […]

မီဒီယာ အကြောင်း နားလည်သဘောပေါက်ခြင်း

diz_admin

February 6, 2020

အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးစွဲနိုင်သည်အထိ မီဒီယာ ဆိုသည်မှာ ပုံနှိပ်၊ ရုပ်သံနှင့် ရေဒီယိုတို့သာ ဖြစ်သည်။ ယင်းအချိန်က မီဒီယာ ဆိုသည်များကို အစိုးရများ၊ စီးပွားရေး လုပ်ငန်းစုများကသာ ပိုင်ဆိုင်ထားလေ့ရှိပြီး မီဒီယာကိုအသုံးပြု၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့အပေါ် လွှမ်းမိုးနိုင်သော အင်အားတစ်ရပ်အဖြစ် ရှိခဲ့သည်။ အင်တာနက်များ ပေါ်လာပြီးနောက်ပိုင်း အင်တာနက် စာမျက်နှာများ (Websites)များ ပေါ်လာခြင်း၊ ဘလော့ (Blog) များ ရေးသားထုတ်လွှင့်လာခြင်း ရေပန်းစားခဲ့သည်။ အင်တာနက်အသုံးပြုနိုင်သူ၊ နည်းပညာနှင့် ထိတွေ့မှု ရှိသူ မည်သူမဆို မီဒီယာစာမျက်နှာတစ်ခု ပိုင်ဆိုင်နိုင်ပြီး မီဒီယာတစ်ခု ကိုင်ထား နိုင်သည့် သဘောရှိလာခဲ့သည်။ နောက်ဆုံး Facebook (ဖေ့ဘွတ်)၊ Twitter (တွစ်တာ)၊ Instagram (အင်စတာဂရမ်) တို့ကဲ့သို့သော လူမှုမီဒီယာ (Social […]

ကိုယ်ခံအား ကိစ္စ

diz_admin

January 30, 2020


အလွယ်ဆုံး နိုင်ငံတည်ဆောက်ရေး

diz_admin

January 22, 2020

ဆင်းရဲသော၊ နိုင်ငံတကာ၏ အပယ်ခံဖြစ်နေသော နိုင်ငံအဖြစ်မှ ရုန်းထွက် လာသည့် မြန်မာနိုင်ငံ၏ ရှေ့ခရီးတွင် များစွာ အသုံးများသော စကားရပ်တစ်ခုမှာ နိုင်ငံတည်ဆောက်ရေး ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ အင်စတီးကျူးရှင်း ခိုင်မာရေး စသည့် ဖွံ့ဖြိုးရေး အညွှန်းကိန်း အများစုတွင် မြန်မာနိုင်ငံ၏ အဆင့်မှာ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမြဲတမ်း လိုလိုပင် အောက်ဆုံးတွင် တည်ရှိနေတတ်သည်။ ထိုကြောင့်ပင် မြန်မာနိုင်ငံ တည်ဆောက်ရေးကို ပညာရှင်များ၊ အစိုးရများ အပါအဝင် သာမန်နိုင်ငံသူ နိုင်ငံသားတို့ကလည်း စိတ်ဝင်တစား ပူပန်မေးခွန်း ထုတ်တတ်ကြသည်။ နိုင်ငံတည်ဆောက်ရေးဆိုသည်ကို အချို့က နိုင်ငံရေး ကိစ္စအဖြစ်မြင်သည်။ အချို့က နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ စီးပွားရေး တည်ဆောက်ရေး အဖြစ်လည်း ဖွင့်ဆိုကြသည်။ အချို့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ […]

လူငယ်သည် အနာဂတ်မဟုတ်တော့ပါ

diz_admin

January 16, 2020

လူငယ်မှာ တိုင်းပြည်၏ အနာဂတ်ဟုဆိုသည်။ သို့သော် ယခုဆိုလျှင် ယင်းအဆိုမှာ လုံးလုံးမှန်သည် မဆိုသာတော့။ လူငယ်မှာ တိုင်းပြည်၏ ပစ္စုပ္ပန်ပင် ဖြစ်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းထွက် ငွေစက္ကူအသစ်စက်စက်တွင် ရိုက်နှိပ် ဂုဏ်ပြုထားသော လူပုဂ္ဂိုလ်မှာ အညာသားမြန်မာ လူငယ်တစ်ဦးဖြစ်သော အောင်ဆန်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် တိုင်းမဂ္ဂဇင်းကြီး၏ ကမ္ဘာ့အထင်ရှားဆုံးပုဂ္ဂိုလ်မှာ ဥတုဘေးအရေးကိစ္စဖြင့် ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့သူ အသက် ၁၇ နှစ်အရွယ် လူငယ် အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။ ဟောင်ကောင်ကျွန်း၏ လွတ်လပ်မှု၊ ဒီမိုကရေစီ အရေးတို့ကို တဖြည်းဖြည်း ကန့်သတ်ရန် ကြိုးပမ်းလာသည့် တရုတ်ပြည်မကြီးမှ ဥပဒေများကို အသက်ပေး ကာကွယ်သူများမှာ ဟောင်ကောင်လူငယ်တို့ ဖြစ်သည်။ ဟောင်ကောင် တက္ကသိုလ် ကျောင်းသားလူငယ်များက ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့အင်အားကြီးတရုတ်အစိုးရ […]