BREAKING
January 22, 2025

အယ်ဒီတာ့ အာဘော်

တကယ့် အချိန်ကောင်း

diz_admin

May 11, 2020

ကမ္ဘာကြီးကား တကယ်ကို အလှည့်အပြောင်း တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ အမြတ်သာ ပဓာနစီးပွားရေးပုံစံနှင့် လစ်ဘရယ် အရှင်းရှင်စနစ်အပေါ် ဝင်ရိုးတင် တည်ဆောက်ထားသော ခေတ်သစ် ကမ္ဘာကြီး၏ လမ်းကြောင်း အန္တရာယ်ရှိနေ ပါကြောင်း လွန်ခဲ့သော ဆယ်စုနှစ်တွေကတည်းက ပညာရှင်အချို့က ထောက်ပြ လာခဲ့ပြီး ဖြစ်သည်။ သို့သော် လက်ရှိ အခင်းအကျင်းအပေါ် အလွန်အကျွံပျော်မွေ့နေသော နိုင်ငံခေါင်းဆောင်များနှင့် လူသားတို့ အကြား ထိုအသံမှာ တိုးမပေါက်လှပါ။ အလွန်အကျွံ သုံးစွဲ၊ စားသုံးခြင်း၊ ရုပ်ဝတ္တုများအပေါ် အလွန်အကျွံဇိမ်ခံ ခုံမင်ခြင်း တို့တွင် အသားကျနေပြီး ဖြစ်သော လူသားတို့အကြား တိုးမပေါက်လှပါ။ သို့သော် ကိုဗစ်ကပ်ရောဂါ ဂယက်သည် ထိုအသံများကို ပိုမြှင့်ပေးလိုက်ပြီဖြစ် သည်။ ယခု ကပ်ရောဂါသည် သီးခြားကျန်းမာရေး ကိစ္စသက်သက်မဟုတ်ဘဲ ဂေဟစနစ်ပျက်ယွင်းမှုမှ ဖြစ်လာခြင်း ဖြစ်ကြောင်း […]

ကျွန်ုပ်တို့ အမှတ်ရနေမှာပါ

diz_admin

May 4, 2020

နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့က ထုတ်သည့် စာတစ်စောင်တွင် အလွန်လှပ အဓိပ္ပာယ်ရှိသော မူဝါဒ စကားရပ်တစ်ခု ပါရှိသည်။ “လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်”ဟု ဖော်ပြထားပါသည်။ ကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်သည့် နိုင်ငံတော်၏ မူဝါဒကို ယင်းစာတွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။ သို့သော် ထားဝယ်ခရိုင် အပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများ ချန်လှပ်ခံ နေရသော အရေးကိစ္စတစ်ခုက ထိုမူဝါဒကို လှောင်ပြောင်သရော်နေသလိုပင်။ (က) မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း […]

မာရသွန်အတွက် သက်လုံကောင်း လိုပါသည်

diz_admin

April 28, 2020

ကိုရိုနာရောဂါပိုးကြောင့် ဖြစ်လာသည့် ကိုဗစ်နိုင်တီး ရောဂါကပ်ဘေးသည် လက်ရှိ အလွန်လျင်မြန်စွာ လည်ပတ်နေသော ကမ္ဘာကြီးကို ဂျမ်းတုံးခုပစ်လိုက်သည်။ လူသန်းထောင်ချီ အပြင်မထွက်ရတော့။ စက်ရုံများ ရပ်ဆိုင်းထားရသည်၊ ခရီးသွားလာမှုများ ရပ်ကုန်သည်။ မူလက ဝန်အားနှင့် မမျှလည်ပတ်နေရသော ကမ္ဘာကြီးအတွက် ခေတ္တခဏ အနားယူချိန်ရသွားသည်။ သို့သော် မနိုင်မနင်း ကမ္ဘာကြီးကို အခြေပြုကာ သာသာ ယာယာ လည်ပတ်နေသော လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးမှာ အမျိုးမျိုးသော ဆိုးကျိုးများ စတင်ခံစားရတော့သည်။ ကျန်းမာရေး ဂယက်မှသည် စီးပွားရေး ကျဆင်းမှုတို့အပြင် စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာသည်။ လူသည် အဖော်နှင့် အပေါင်းနှင့် နေတတ်သူများဖြစ်ရာ အိမ်တွင်သာ နေရသောအခါ၊ အပေါင်းအဖော်များနှင့် တွေ့ဆုံပျော်ပါးရခြင်း မရှိရသောအခါ စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း […]

စီးပွားရေး အားပေးမြှင့်တင်ရေး

diz_admin

April 7, 2020

လက်ရှိဖြစ်ပွားနေသော ကိုရိုနာရောဂါပိုး ဂယက်သည် ကျန်းမာရေးပြဿနာ သက်သက်မဟုတ်ကြောင်း ထင်ရှင်းနေပြီး ဖြစ်သည်။ ကျန်းမာရေးသက်သက်ကြောင့် ထိခိုက်မှုထက် နိုင်ငံ၏စီးပွားရေးကြီး တစ်ခုလုံးကို ကိုင်လှုပ်နေပြီဖြစ်သည်။ အခြားနိုင်ငံမှ အစိုးရများသည် ယိုင်နဲ့လာသော၊ အချို့နိုင်ငံများတွင် ကျဆင်း လာသော စီးပွားရေးကို ကုစားရန်၊ ပြန်လည် နာလန်ထလာစေရန် နည်းအမျိုးမျိုးဖြင့် စီမံနေကြသည်။ ယင်းတို့ အနက် ထင်ရှားသော နည်းလမ်းတစ်မျိုးမှာ Stimulus Package ဟု ခေါ်သော စီးပွားရေး အားပေးမြှင့်တင်ရေး အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်၏ သဘောတရားမှာ တုံ့ဆိုင်းကျဆင်းနေသော လုပ်ငန်းများ ပြန်လည် နိုးထလာစေရန် ဈေးကွက်အတွင်း အစိုးရက ငွေထည့်ကာ လှုံ့ဆော်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရက ယင်းအစီအစဉ်အရ ငွေကျပ်ဘီလီယံ ၁၀၀ ကို လုပ်ငန်း များအား ထုတ်ချေးကာ စီးပွားရေး […]

ပြတ်သားချိန် တန်ပါပြီ

diz_admin

March 30, 2020

အီတလီတွင် လူရှစ်သောင်းခွဲကျော် ရောဂါပိုးကူးစက်ခံရပြီး ကိုးထောင် ကျော် သေဆုံးခဲ့ရသည်။ ရောဂါစတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင်ပင် လူ ရှစ်သောင်းကျော် ရောဂါပိုးကူးစက်ခံရပြီး သုံးထောင်ကျော်သာ သေဆုံးခဲ့သည်။ အီတလီမှာ တရုတ်နိုင်ငံပြီးနောက် ၁၉ ရက်အကြာတွင်မှ ရောဂါပိုးစတွေ့ ခဲ့သော်လည်း သေဆုံးသူဦးရေ ကြောက်ခမန်းလိလိ တိုးလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်နိုင်တီး ရောဂါကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ အီတလီတွင် ထိန်းမနိုင် သိမ်းမရ ထိုသို့ လူသေဆုံးမှု မြင့်မားရခြင်းနှင့် ပတ်သက်၍ အီတလီအစိုးရ၏ ကိုင်တွယ်ပုံ သင်ခန်းစာများကို ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်၏ မဂ္ဂဇင်းတစ်ခုဖြစ်သော Harvard Business Review က မတ်လ ၂၇ ရက်နေ့ထုတ် ဆောင်းပါးတစ်ရပ်တွင် ထောက်ပြ ဝေဖန်ထားသည်။ ဆောင်းပါးပါ အဓိကသင်ခန်းစာ လေးချက်အနက် အချို့မှာ […]

ဒီမိုကရေစီကို ယုံကြည်လျှင်

diz_admin

March 24, 2020

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလိုကြောင်း ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံဖြင့် ကမ္ဘာသိ ကြေညာခဲ့ပြီး ဖြစ်သည်။ လက်ရှိ အခြေအနေတွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်ရေး နိုင်ငံရေးခေါင်းဆောင်များက ကြိုးပမ်းလျက် ရှိသည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဆိုသည်မှာ အဓိကအားဖြင့် စနစ်တည်ဆောက်ရေး ဟုဆိုနိုင်သော်လည်း တစ်ဖက်တွင်လည်း နိုင်ငံသူနိုင်ငံသားများ၏ အလေ့အကျင့် သည်လည်း အသက်တမျှ အရေးကြီးပါသည်။ နိုင်ငံရေးခေါင်းဆောင်များက စနစ်မည်မျှပင် တည်ဆောက်စေကာမူ ဒီမိုကရေစီ အလေ့အကျင့်မရှိသော နိုင်ငံသူ နိုင်ငံသားများဖြင့် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပေ။ ဒီမိုကရေစီ အလေ့အကျင့်များတွင် အရေးကြီးဆုံးနှင့် သော့ချက်အကျဆုံးမှာ မတူညီသော သဘောထားအမြင်များကို သည်းခံနားလည်ခြင်း ဖြစ်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် နိုင်ငံရေးအရ လွတ်လပ်မှုနှင့် ချိတ်ဆက်နေပြီး ဒီမိုကရေစီတန်ဖိုးတစ်ခု ဖြစ်သော […]

မည်သို့သော အဖြေထွက်ရေးနည်း

diz_admin

March 12, 2020

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိများအနက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ဆွေးနွေးပွဲကြီး ပြီးစီးသဖြင့် ခေတ္တရပ်နားထားပြီ ဖြစ်သည်။ ဆွေးနွေးမှုများ ပြီးနောက် များမကြာမီ ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ပုဒ်မအလိုက် မဲခွဲဆုံးဖြတ်တော့မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ရာချီက နာရီပေါင်းများစွာ ဆွေးနွေးပြီးနောက် ခန့်မှန်းချက်အရ မြန်မာ့ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု အခြေခံများ ဖြစ်တည်လာရေး အဓိကပုဒ်မများ သဘောတူ ပြောင်းလဲနိုင်ဖွယ် မရှိပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ပြီး ပုဒ်မများ တံခါးပိတ် ညှိနှိုင်းပြင်ဆင်စဉ်ကပင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့ပြီး ဖြစ်သည်။ ကော်မတီပါ အချို့ပါတီကိုယ်စားလှယ်များ နုတ်ထွက်ခြင်း၊ တပ်မတော်သား အစုအဖွဲ့များက အစည်းအဝေးခန်းအတွင်းမှ ထွက်ခွာသွားခြင်းတို့ ရှိခဲ့သည်။ ယင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ […]

အလုပ်က လုပ်၊ အလုပ်ကို လုပ်

diz_admin

March 4, 2020

အလုပ်က လုပ်ရန် တွန်းသည့်အတွက် လုပ်နေရသည့်သူနှင့် အလုပ်ကို ကိုယ်က လုပ်နေသူဟူ၍ နှစ်မျိုး ရှိသည်။ အများစုတွေ့ရသည်မှာ အလုပ်က လုပ်ရန် ခိုင်းသည့်အတွက် လုပ်နေသည်က များသည်။ အနည်းစုသောသူတချို့သာလျှင် အလုပ်ကို ကိုယ်က စီးစီးပိုင်ပိုင် လုပ်နေခြင်း ဖြစ်သည်။ အလုပ်က လုပ်ဖို့ ပြောနေနိုင်မှလုပ်သူ များသည့် လုပ်ငန်းခွင်သည် လစ်ဟာမှုပေါင်းများစွာ အဆင်သင့်မဖြစ်မှုပေါင်းများစွာဖြင့် လုံးချာလည်နေလေ့ ရှိပြီး ကာယကံရှင်ကိုယ်တိုင်သည်လည်း ဒုံရင်းက ဒုံရင်း တက်မလာပေ။ ထိုသူတို့ ပါဝင် ပတ်သက်နေသည့် လုပ်ငန်းခွင်သည်လည်း လုံးချာလည်လိုက်နေလေ့ရှိသည်။ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသည် စစ်ကြေညာ၊ ညာသံပေးပြီး လာလေ့မရှိသည့်အတွက် အလုပ်တွင် လုပ်စရာ ရှိသလောက်ကိုသာ လုပ်နေသူ များသည် ရုတ်တရက်ရောက်လာသည့် အခွင့်အလမ်းများကို ဆုံးရှုံးပြီး ကြုံရသည့် စိန်ခေါ်မှုရှေ့တွင် ငုတ်တုပ်မေ့တတ်သည်။ […]