BREAKING
January 22, 2025

အယ်ဒီတာ့ အာဘော်

အယ်ဒီတာ့ အာဘော်

diz_admin

July 6, 2020

သယံဇာတ ကပ် မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံအဖြစ် ခေတ်အဆက်ဆက်က ဟစ်ကြွေးခဲ့သည်။ စစ်အစိုးရခေတ်ကဆိုလျှင် သီချင်းများဖြင့် လူထုကို ဝါဒဖြန့်ခဲ့သည် အထိဖြစ်သည်။ မြန်မာနိုင်ငံသည် အတိုင်းအတာ တစ်ရပ်အထိ သယံဇာတ ပေါပါသည်။ သယံဇာတပေါကြွယ်ဝခြင်းသည် ကောင်းချီးတစ်မျိုး ဖြစ်ပါသည်။ သို့သော် သယံဇာတကို ကောင်းမွန်စွာ မစီမံနိုင်ပါက ပို၍ပင် ကပ်ဘေးသင့်နိုင်ပါသည်။ တိုင်းပြည်တည်ဆောက်ရေးတွင် သယံဇာတပေါကြွယ်သည်ဆိုတိုင်း သယံဇာတ ထုတ်ယူသုံးစွဲ၊ ရောင်းချရေးကိုသာ ဦးတည်လွန်းပြီး အခြားရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးပုံစံကို မျက်ကွယ်ပြုပါက ကပ်ဘေးသင့်နိုင်ကြောင်း ပညာရှင်အများအပြားက ထောက်ပြပြောဆိုနေခဲ့ပြီး ဖြစ်သည်။ ယင်းအပြင် သယံဇာတ စီမံရာတွင် လူအုပ်စုတစ်ခု၊ သို့မဟုတ် လူနည်းစုကိုသာ အကျိုးရှိစေပြီး ယင်းမှရရှိသည့် အကျိုးအမြတ်ကို လူအများစု မျှတစွာ ခံစားနိုင်အောင် မစီမံနိုင်ပါက ဆင်းရဲချမ်းသာ […]

တာဝန်ခံမှု Vs လျှို့ဝှက်ချက်

diz_admin

July 1, 2020

တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ ရဲဝံ့သော သဘောထားမှတ်ချက်ကို ကြိုဆိုဂုဏ်ပြုရမည်ဖြစ်သည်။ ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီကို နောက်ထပ် သက်တမ်းတိုး ခွင့်မပြုသင့်ဟု တိုင်းအစိုးရက ပြည်ထောင်စု အစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ပေးပို့လိုက်သည်။အဆိုပါကုမ္ပဏီသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းလိုက်နာမှု အားနည်းသည်ဟုဆိုကာ ဆက်လက်လုပ်ကိုင်ခွင့် မပြုသင့်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောထားပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့သော ရဲဝံ့သော သဘောထားသည် ပြည်ထောင်စု အစိုးရ အဖွဲ့က အဆိုပါကုမ္ပဏီကို ဆက်လုပ်ခွင့် မပြုသင့်ကြောင်း နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရာတွင် များစွာအရေးပါသော ထည့်သွင်းစဉ်းစားချက်ဖြစ်သွားစေသည်။ ထိုအပြင် ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်နေသော လုပ်ငန်းဖြစ်သည်နှင့် အညီ ပြည်သူ့သဘောထားကို ထင်ဟပ်စေသော သဘောထားအဖြစ် ကောက်ယူနိုင်သည်။ ထိုသို့သော သဘောထားကို လူသိရှင်ကြား အသိပေးသဖြင့်လည်း များစွာကြိုဆိုရမည့် […]

အနာဂတ်မျိုးဆက်အတွက် အခြေခံ အုတ်မြစ်

diz_admin

June 22, 2020

အစိုးရများ၏ အလုပ်မှာ သက်ဆိုင်ရာ နိုင်ငံသူနိုင်ငံသားများ ကိုယ်စီကိုယ်ငသော ပန်းတိုင်များထံ ရောက်ရှိစွမ်းဆောင်နိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖော်ဆောင်နိုင်ရေး ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် ဖြစ်သည်။ ထပ်ရှင်းရလျှင် ဥပမာအားဖြင့် ချမ်းသာကြွယ်ဝလိုသူတို့ ကောင်းမွန်စွာ စီးပွားရှာနိုင်ရန်၊ ပညာရှာလိုသူတို့ ကောင်းစွာပညာရှာနိုင်ရန်၊ တရားရှာလိုသူတို့ စိတ်အေးချမ်းသာစွာ တရားရှာနိုင်ရန် ဝန်းကျင်စနစ်ကောင်းများ ဖန်တီးပေးထားရေး ဖြစ်သည်။ အစိုးရများတွင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများ၊ ဌာနအဖွဲ့အစည်း များ၊ ဆက်သွယ်ညွှန်ကြားသည့် ပုံစံများရှိသော်လည်း အစိုးရများ၏ တကယ်ဘုံ အလုပ်၊ ရည်မှန်းချက်မှာ အထက်ပါအတိုင်းသာ ဖြစ်သည်။ ပြီးခဲ့သည့် လပိုင်းအတွင်း တနင်္သာရီအပတ်စဉ်အနေနှင့် ရေချိုရှားပါးလာမည့်အရေး၊ လယ်ယာမြေများမြေဖို့ အကွက်ရိုက်ခြင်းများကို ထုတ်ဖော်အလေးပေး ဖော်ပြခဲ့သည်။ လူဦးရေ ထူထပ်လာသည်နှင့်အမျှ နေအိမ်အမိုးအကာ လိုအပ်ချက် များပြားလာမည်ဖြစ်ရာ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများတွင် ချဲ့ထွင် […]

အယ်ဒီတာ့ အာဘော်

diz_admin

June 15, 2020

တင်ဦးခေတ်ဟုဆိုလိုက်သဖြင့် ယခင် စစ်အစိုးရလက်ထက် ဆုံးပါးသွားသော ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ခေတ်ကို ဆိုလိုကြောင်း တွေးထင်သွားနိုင်သည်။ သို့သော် ထိုသို့မဟုတ်ပါ။ Facebook ကဲ့သို့သော လူမှုမီဒီယာများ လူထုအကြား များစွာအရေးပါ လာပြီးနောက် ပြောင်းလဲလာသော လူမှုအခင်းအကျင်းကို ဆိုလိုရင်းဖြစ်သည်။ အကြောင်းရေးရာ တစ်ခုခု ဆိုပါက Facebook ပေါ်တင်လိုက်ရမလားဟူသော ရေစီးကြောင်း ပေါ်လာသည်ကို ဆိုလိုရင်းဖြစ်သည်။ ထိုရေစီးကြောင်းနှင့်အတူ ဖြစ်လာသော အခြေအနေတစ်ရပ်မှာ Facebook ပေါ် ဦးစွာတင်သူက အမှန်ဖြစ်သွားသော ခေတ်၊ တစ်နည်းအားဖြင့် တင်ဦးခေတ် ဖြစ်လာခြင်းကို ရည်ညွှန်း ပြောဆိုပါသည်။ Facebook ကဲ့သို့သော လူမှုမီဒီယာများ မပေါ်မီကတည်းကပင် ပြောဦးသူနိုင်၊ တိုင်ဦးသူနိုင် သည့် အခြေအနေများရှိနှင့်နေပြီးဖြစ်သည်။ အချင်းချင်း အငြင်းပွား၊ ရန်စောင်သည့် ဖြစ်ရပ်များတွင်လည်း တရားရုံး သို့မဟုတ် ရဲစခန်းတွင် ဦးစွာတိုင်တန်းနိုင်သူက […]

နိုင်ငံရေး လွန်သွားလျှင်

diz_admin

June 8, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပုံမှန်အတိုင်း နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ လိုက်သည်။ ရွေးကောက်ပွဲတို့၏ ထုံးစံအတိုင်း အပြိုင်အဆိုင်များ လာတော့မည်။ တစ်ဘက်နှင့်တစ်ဘက် အပုပ်ချ ထိုးနှက်မှုများ၊ ခြေထိုးမှုများ၊ အနိုင်ယူလိုမှုများ လာတော့မည်။ မည်သို့ပင် ဒိုင်လူကြီးရှိစေကာမူ မည်သို့ပင် စည်းမျဉ်းများ ချမှတ်စေကာမူ ဉာဏ်ဆင်၊ ပရိယာယ်ချကာ ရသမျှ အခွင့်အရေးအသုံးချ၍ အနိုင်ရရေး ဆင်နွှဲကြ တော့မည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ကဲ့သို့မဟုတ်ဘဲ ပါတီ အမျိုးအစားများ ပိုမိုစုံလင်လာသည်။ မျက်နှာသစ်၊ မျက်နှာဟောင်းတို့ကို နည်းပေါင်းစုံဖြင့် မြင်ရမည့်ပွဲ ဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ မတိုင်မီ လေးလခန့်အလိုကတည်းကပင် နိုင်ငံ့ အရေး၊ တိုင်းပြည် အရေးမဟုတ်သော နိုင်ငံရေးများ၊ နိုင်ငံရေး အားပြိုင်ပွဲများ […]

ကိုဗစ်ကို ကျော်ကြည့် ကြရအောင်

diz_admin

June 1, 2020

ကပ်ကြီးမှာ တစ်ချိန်ချိန်တွင် ပြီးသွားနိုင်သည်။ သို့မဟုတ် ခေတ္တခဏ ရပ်ဆိုင်း သွားနိုင်သည်။ သို့မဟုတ် နောက်ထပ် ပုံစံတစ်မျိုးဖြင့်လည်း ထပ်လာနိုင်သည်။ ဝေဖန်စရာများစွာ ရှိလင့်ကစား အစိုးရတာဝန်ရှိသူများ အနေနှင့် ကပ်ကြီး ကြောင့် ဖြစ်လာသည့် ကျန်းမာရေး၊ စီးပွားရေး ပြဿနာများကို နိုင်သမျှ စိတ်အား၊ လူအား၊ ဉာဏ်အားဖြင့် ဖြေရှင်းနေသည်ကို တွေ့ရသည်။ ထိုသို့ ဖြေရှင်းရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိလုပ်ငန်းများ၊ အလှူရှင်များ၏ အကူအညီ အထောက်အပံ့သည်လည်း များစွာ အရေးပါလှသည်။ ထိရောက်သည်လည်း ရှိသည်၊ ချွတ်ယွင်းချက် အားနည်းချက်များစွာလည်း ရှိပါသည်။ ကပ်ကြောင့်ဖြစ်လာသည့် ပြဿနာများကို နောက်မှ လိုက်ရှင်းရမည့် နည်းတူ ကိုဗစ်ကပ်ဘေးကို ကျော်လွန်၍ ဆင်ခြင်တွေးတောကာ ဖြစ်လာနိုင်ဖွယ် အရေးကိစ္စများကို ကြိုပြင်ထားရန် လိုပါသည်။ လယ်သမားများမှာ လယ်ယာလုပ်ငန်းခွင် […]

ကိုယ်တိုင် လေ့လာတတ်မှ ရတော့မည်

diz_admin

May 25, 2020

ယနေ့ခေတ် ကမ္ဘာကြီးကား အပြောင်းအလဲ မြန်လွန်းလှသည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကုန်သွယ်ရေးစစ်ပွဲ အဆုံးမသတ်မီမှာပင် ကိုဗစ် ကပ်ရောဂါဆိုး ပေါ်လာသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပုံမှန်လည်ပတ်နေသော ကမ္ဘာ့အစီအစဉ်များ ကမောက်ကမ ဖြစ်သွားသည်။ ကိုဗစ်ကပ်ရောဂါမျှ မကြီးမားသော်လည်း ကမ္ဘာကြီး တွင် မထင်မှတ်ထားသည့် အဖြစ်အပျက်များ မကြာခဏ ဖြစ်လေ့ရှိသည်။ ပညာ၏ သဘောမှာ အကျိုးအကြောင်း ဆိုးကောင်းကို စဉ်းစားဆင်ခြင် တတ်ရန်၊ ကြုံလတ္တံ့သော ဘေးအန္တရာယ်၊ ဘဝစိန်ခေါ်မှု အခက်အခဲများကို ရင်ဆိုင် ကျော်လွှားတတ်ရန် ဖြစ်သည်။ ကျောင်းစာသင်ခန်းများတွင်မူ လတ်တလော ကြုံနေရသော၊ ကြုံရမည့် လူ့ဝန်းကျင်လောကအတွက် စိန်ခေါ်မှုများ၊ ယင်းတို့ကို ဖြစ်စေသော အကြောင်းရင်းများ၊ ယင်းတို့ကို မည်သို့ ကျော်လွှားမည် စသည်ဖြင့် တွက်ချက်တွေးတော စဉ်းစားသင်ယူကြလေ့ရှိသည်။ သို့သော် အလွန်လျင်မြန်ပြီး မမျှော်လင့်သော […]

ခေါင်းလောင်းသံ ကြားကြပါ၏လော

diz_admin

May 18, 2020

အမျိုးမျိုးသော ကပ်ဘေးများ ဆက်တိုက်လာနေသည်။ ပိုပူလာပြီးရေရှားလာ သည်။ သီးနှံများ ပျက်လာသည်။ ရှေးအစဉ်အဆက် မှတ်သားလာခဲ့သော ရာသီဥတု ဖြစ်စဉ်များ ကမောက်ကမ ဖြစ်လာသည်။ ဥတုဘေးက ကမ္ဘာကြီးကို ဒဏ်ပေးနေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ယခု ကိုဗစ်ကပ်ဘေးသည်ပင်လျှင် ကမ္ဘာကြီး၏ ဂေဟစနစ် ပျက်ယွင်းမှုကြောင့် ဖြစ်လာကြောင်း အသေအချာထောက်ပြနေကြပြီဖြစ်သည်။ ဥတုဘေးက ပိုအားနည်းသော လူ့အသိုင်းအဝိုင်း၊ ပိုဆင်းရဲသော လူ့အသိုင်း အဝိုင်းကို ဘေးသင့်စေသည်။ အထူးသဖြင့် သဘာ၀ကို မှီခိုစားသောက် လုပ်ကိုင် နေရသူများကို ပိုထိခိုက်စေသည်။ လူအများ ပိုနေမြဲ ကျားနေမြဲ နေ၍ မရတော့။ အသက်ရှင်သန်ရပ်တည်ရေး အတွက် နေပုံထိုင်ပုံ၊ အသက်မွေးပုံတွေ၊ စနစ်တွေ ပြောင်းမှ ရတော့မည်ဟူသော ခေါင်းလောင်းသံ ထိုးနေပြီဖြစ်သည်။အနီးစပ်ဆုံး ဥပမာ ပြရလျှင် နွေရာသီတွင် […]