BREAKING
January 22, 2025

အယ်ဒီတာ့ အာဘော်

တစ်မီးငြိမ်းဆေး

diz_admin

September 1, 2020

စည်းကမ်းမဲ့မှု၊ မိုက်ကန်းမှု၊ ရန်လိုမှု၊ မယုံကြည်မှု၊ သွေးကွဲမှု၊ ဆင်းရဲမှု စသည့်လက်ရှိဖြစ်ပျက်နေသည့် အလုံးစုံသောအခြေအနေများသည် လွန်လေပြီးသောနှစ်ရှည်လများအတွင်း ကလေးငယ်များ၏ပညာရေးကို ဖျက်ဆီးခဲ့ ကြခြင်း၏အကျိုးဆက်သာဖြစ်သည်ဟုပင် လက်ခံလိုပါသည်။ တစ်ဖက်ပိတ်ဝါဒမှိုင်းများအား အတင်းထိုးသိပ်ထည့်ထားသော ပညာရေး၊ အလင်းရောင်တို့အား ပိတ်ဆို့ထားသောပညာရေးကို လူကြီးများသည် သေနတ်ပြောင်းဝတွင် တေ့ကာ ကလေးများကို အတင်းအဓမ္မ တိုက်ကျွေး ခဲ့ကြသည်။ သေနတ်ပြောင်းဝမှစီးထွက်လာသောပညာရေးသည်ဆင်ခြင်တွေးတော၊ ဝေဖန်ပိုင်းခြားခြင်းကို မည်သို့မျှအားပေးအားမြှောက်ပြုမည်မဟုတ်ပေ။ ထိုကလေးများသည် ယခုအခါတွင် အရွယ်ရောက်လာကြပြီ ဖြစ်သည်။ပညာမတတ်၊ ဆင်ခြင်ဉာဏ်လည်းမရှိစွာဖြင့် ကြီးပြင်းလာခဲ့ပြီးသည့်နောက်ယခုအခါတွင် အခြေအနေတို့မှာ ပရမ်းပတာ၊ ဖရိုဖရဲဖြစ်၍နေသည်မှာ ဆန်းတော့လည်း မဆန်းလှပါ။ မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း ကိုးကွယ်ရာဘာသာမတူသော ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍တိုက်ခိုက်မှုများ၊ အချို့နေရာများတွင် ပေါ်ပေါ်တင်တင်ကန့်ကွက်မှုများ ရှိနေခဲ့သည်ကိုတွေ့ရမည် ဖြစ်သည်။ ထို့အရာတို့သည် မပြုကောင်းသောအရာဖြစ်သည်ဟု သဘော ပေါက်ရန်မှာ ထိုက်သင့်သောပညာရည်နှင့် အသိÓဏ်တို့ရှိနေရန်လိုပါသည်။ သို့သော်ထိုသူများနှင့် တုဖက်ပြိုင်၍တုံ့ပြန်ရန်ဖြစ်နေသူကြသူတို့အား […]

တနင်္သာရီတိုင်း၏ အနာဂတ်

diz_admin

August 24, 2020

နေပြည်တော်တွင် မကြာသေးမီကကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သဘောတူစာချုပ် အစိတ်အပိုင်းအချို့ကို ချုပ်ဆိုခဲ့သည်။ ယင်းတွင် အဓိကအားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ငါးချက်ပါဝင်သည်။ ယင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို အနှစ်သာရ အားဖြင့် မည်သို့ ဖွဲ့စည်းမည် ဆိုသည့် အချက်များလည်း ပါဝင်သည်။ အသွင်သဏ္ဌာန်အားဖြင့် ပြည်နယ် မည်မျှ ဖွဲ့စည်းမည်၊ ပြည်နယ်များကို မည်သို့ဖွဲ့စည်းမည်၊ တိုင်းရင်းသား လူမျိုးများ စုပေါင်းနေထိုင်သော တိုင်းများ ကို မည်သို့ ခေါ်ဝေါ် သုံးစွဲမည်၊ ပြည်နယ် (သို့) တိုင်းဒေသကြီး ဖွဲ့စည်းပုံများကို မည်သို့ ခေါ်ဝေါ်မည်ဆိုသည့် အရေးကား သဘောတူညီမှုမရပါ။ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများ ရသင့်သည့်၊ ゞင်းတို့တွင် […]

လူထုက စောင့်ကြည့်နေသည်

diz_admin

August 19, 2020

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် များစွာသော သတင်းပလင်း လှုပ်ရှားမှု များ စုံလင်လာသည်။သမ္မတဦးသိန်းစိန် လက်ထက်ကတည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေး လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်လာခဲ့သော အရပ်ဘက်အဖွဲ့အစည်း တစ်ခုကို စောင့်ကြည့်ခွင့် မပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဆုံးဖြတ်လိုက်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည်ကျင်းပရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်လက်နက်ကိုင်အဖွဲ့ကို အစိုးရက မဖိတ်ခေါ်သဖြင့် မြောက်ပိုင်း တိုင်းရင်းသားမဟာမိတ် အဖွဲ့များက တက် ရောက်ရန် ငြင်းဆန်လိုက်သည်။ တပ်မတော်နှင့် နိုင်ငံရေး ပါတီ ၃၄ ခုတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲ မဟုတ်ပါက မည်သို့ တာဝန် ယူမည်ကို မေးခွန်းထုတ် ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲကို ပြည်ထောင်စု […]

လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ကြိုဆို

diz_admin

August 11, 2020

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်များစွာ တိုးလာသည်။ ၂၀၁၅ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ကိုယ်စားလှယ်လောင်း လျှောက်ထားမှု တစ်ရာကျော် တိုးလာသည်။ လွှတ်တော် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ ရေးရာများတွင် ပိုစိတ်ဝင်စားမှုပိုလာကြောင်း အကြမ်းဖျင်းဆိုနိုင်သည်။ လူထုအတွက် ပိုရွေးစရာများကြောင်း အကြမ်းဖျင်းဆိုနိုင်သည်။ နိုင်ငံနှင့် လူထုအတွက် အလုပ်လုပ်ရန် ရွေးကောက်ပွဲဝင်ရောက် အရွေးချယ်ခံခြင်းသည် ကောင်းမွန်သော အလုပ်ဖြစ်သည်။ သို့သော် အခြားတစ်ဘက်တွင် လည်း ပြိုင်ပွဲအသွင်ဆောင်လေရာ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှုများ၊ ခြေထိုးမှုများကို မြင်ရနိုင်သည်။ ပါတီတစ်ခုနှင့် တစ်ခု၊ ကိုယ်စားလှယ်လောင်း တစ်ဦးနှင့်တစ်ဦး အရည်အသွေးအရ ယှဉ်ပြိုင်ခြင်းသည် ကောင်းမွန်သော်လည်း ညစ်ပတ်သော နည်းသုံးခြင်း၊ မဟုတ်မမှန် သတင်းလွှင့်ခြင်း၊ ကျင့်ဝတ်နှင့်မညီသော လုပ်ရပ်လုပ်ဆောင်ခြင်းတို့ တနင်္သာရီနိုင်ငံရေး […]

အချိန်ကောင်း

diz_admin

August 5, 2020

ကိုဗစ်အလွန် မြန်မာ့စီးပွားရေးကို နယ်သာလန်၊ နယူးဇီလန်တို့ကဲ့သို့ လယ်ယာထွက်ကုန် တင်ပို့ရောင်းချသောနိုင်ငံအဖြစ် အခြေတည်ရန် စဉ်းစားနေကြောင်း မြန်မာနိုင်ငံ၏ ခေါင်းဆောင်အချို့ စတင်ဖွင့်ဟလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ တောင်သူဦးကြီးများသည် ကျေးဇူးရှင်များဖြစ်ကြောင်း အစိုးရအဆက်ဆက် ကြွေးကြော်ခဲ့သည်။ သို့သော် မြေယာပြဿနာ ဖြစ်ပွားလေ့ရှိသည့် အချိန်တိုင်း လယ်သမားများသည်သာ ရှုံးတတ်သည်၊ မြေသိမ်းယာသိမ်းကိစ္စများဖြစ်ပွားတိုင်း လယ်သမားများသည်သာ နင်းပြား ဖြစ်နေဆဲဖြစ်သည်။ ကိုဗစ်ကပ်ဘေးသည် တစ်ကမ္ဘာလုံးရှိ လူမှုစီးပွားအခင်းအကျင်းကို တပ်လှန့် လိုက်သည်။ ကမ္ဘာကြီးသာ ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်သွားပါက များမကြာမီ ကပ်ဘေးများ ခပ်စိပ်စိပ်ရောက်လာပြီး ပျက်စီးခြင်းနွံအတွင်း ဆင်းသွားနိုင်ကြောင်း သတိပေးသံများ ညံလာပြီ ဖြစ်သည်။ ကပ်ဘေးကြောင့် နိုင်ငံစုံ ကော်ပိုးရေးရှင်းကြီးများ အထိနာခဲ့သည်။ ယင်းတို့ကို မှီခိုထားသော စီးပွားရေး အဆောက်အအုံတစ်ခုလုံး သွေးလန့်သွားသည်။ ယင်းတို့နှင့် လွတ်ကင်းသော […]

နိုင်ငံရေး ချန်ပီယံများနှင့် ရပ်ဝန်း

diz_admin

July 27, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်တင်သွင်းရန် ရက်နီးကပ်လာသည်နှင့်အမျှ ကိုယ်စားလှယ်လောင်း ရှာဖွေသံလည်း တညံညံ ထွက်လာသည်။ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ဦးစွာ ထွက်ရှိလာသည်။ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များကို ယခု သက်တမ်းအတွင်း အားမလိုအားမရ ဖြစ်မှုများ ရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းမှာ အပြောင်းအလဲ ကြီးကြီးမားမားမရှိဘဲ ထွက်ပေါ်လာသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု ၁၀ နှစ်တာကာလအတွင်း လူအများ က လွှတ်တော် နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားလာသော်လည်း ဦးဆောင်သူများ၊ လွှတ်တော်အတွင်းမှ ကစားသမားများကို အားမလိုအားမရရှိဆဲ ဖြစ်သည်။ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် အပြောင်းအလဲကို ဖော်ဆောင် နိုင်သော ချန်ပီယံနိုင်ငံရေးသမားများ […]

ရှုမြင်ခြင်း

diz_admin

July 20, 2020

အပင်တစ်ပင်ကို တစ်ယောက်ယောက်က စိုက်နေသည်ကို မြင်သည့်အခါ အတော်များများ ဦးတည်မေးလေ့ရှိကြသည်က ဈေးကွက်ဝင်အပင် ဖြစ်လားဟူ ၏။ တစ်နည်းဆိုရလျှင် တိုက်ရိုက် ငွေဖြစ်သည့် အပင်ဖြစ်မဖြစ် ဦးတည် မေးကြသည်။ အပင်တစ်ပင်ကို ခုတ်မခုတ်၊ သတ်ပစ်မပစ်ကိုလည်း ထိုသို့ စဉ်းစား ဆုံးဖြတ်ကြသည်။ပညာရေးတွင်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး တက္ကသိုလ်တက် မည့် ဘာသာရပ်ရွေးပြီဆိုပါက ဝင်ငွေကောင်းသည့် အလုပ်ရနိုင်သည့် ဘာသာရပ် ဖြစ်မဖြစ်ကို စဉ်းစားပြီး ရွေးချယ်ကြသည်။ အပင်များကဲ့သို့ပင် လတ်တလော အလုပ်အကိုင်ဈေးကွက်တွင် ရေပန်း မစားသည့် ဘာသာရပ်များကိုလည်း ပစ်ပစ်ခါခါ သဘောထားကြသည်။ လက်ရှိ ကိုဗစ်ကပ်ဘေးဖြစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ဂေဟစနစ်ရှုထောင့်က လေ့လာချက် တစ်ခုလုံးကို ဖတ်ကြည့်သည့်အခါ ခြုံပြီး ကောက်ချက်ချနိုင်သည်မှာ ကပ်ဘေး သည် လူသားတို့၏ ငွေကြေးကိုသာ ဦးတည်သည့် လုပ်ရပ်များကြောင့်ဟု […]

ကွင်းထဲက ဗျူရိုကရက်

diz_admin

July 13, 2020

မည်သို့သော အစိုးရ ဖြစ်စေကာမူ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ကို ဖော်ဆောင်စီမံနိုင်ရန် အုပ်ချုပ်ရေးယန္တရား မရှိမဖြစ် လိုအပ်သည်။ ဗျူရိုကရေစီဟုလည်း ခေါ်ကြသော အုပ်ချုပ်ရေး ယန္တရားသည် အဆင့် ဆင့်သော အစိုးရ ခေါင်းဆောင်များ၏ မူဝါဒများကို အကောင်အထည်ဖော်ခြင်း၊ နေ့စဉ် ပုံမှန်စီမံအုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို စီမံဆောင်ရွက်ခြင်းတို့ ဆောင်ရွက် ရသည်။ အစိုးရ၏ မူဝါဒက မည်မျှပင် ကောင်းမွန်စေကာမူ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည်မရှိပါက အချည်းနှီးပင်ဖြစ်သည်။ ဗျူရိုကရေစီ ယန္တရားအတွင်းရှိသော အရာရှိများ၊ ဝန်ထမ်းများကို ဗျူရို ကရက်များဟုလည်း ခေါ်ဆိုကြသည်။ အများစုသော ဗျူရိုကရက်များသည် ပြည်သူလူထုနှင့် နေ့စဉ် ထိတွေ့ လုပ်ကိုင်နေရပြီး အစိုးရ တစ်ရပ်၏ ပေါ်လစီ မျက်နှာစာ ဟုပင်ဆိုနိုင်သည်။ ယင်းတို့ကို ကွင်းထဲက ဗျူရိုကရက် […]