BREAKING
January 22, 2025

အယ်ဒီတာ့ အာဘော်

အိမ်ပြန်ပါရစေ

diz_admin

October 26, 2020

တစ်ခုသော တနင်္ဂနွေနေ့တွင် သတင်းစာတိုက်ရုံးတယ်လီဖုန်း တစ်လုံး အကြိမ်ကြိမ်မြည်နေသည်။ ကောက်ဖြေလိုက်သောအခါ “ညီလေးတို့ကို ကူညီပါ အစ်ကိုရယ်” ဟု အလွန် ရိုကျိုးသော အသံဖြင့် ပြောလာသည်။ ဇာတ်ကြောင်းစုံသိရသောအခါ သူတို့မှာ အိမ်ပြန်ချင်သူများ ဖြစ်နေလေသည်။ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် အလုပ်လာလုပ်သော လူငယ်လေးဦးမှာ ရန်ကုန်ပြန်လိုသဖြင့် အကူအညီပေးနိုင်ပါရန် တယ်လီဖုန်းဆက် လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မှ ကျွန်းစုသို့ စက်ဘီးစီး အိမ်ပြန်လာသော လူငယ်တစ်ဦး၏ ဇာတ်လမ်းကို တွေ့လိုက်ရသဖြင့် ထိုလူငယ် ကဲ့သို့ ရန်ကုန်သို့ ပြန်လိုသဖြင့် ကူညီပေးရန် ဆက်သွယ်လာခြင်း ဖြစ်သည်။ လက်ထဲတွင် ငွေသားလည်း သိပ်မကျန်တော့ဟုဆိုသည်။ တည်းခိုစရိတ်၊ စားစရိတ်တို့လည်း ပါးလျလာပြီဟုဆိုသည်။ ကိုဗစ်ကပ်ဘေးသည် လူ့ကိုယ်ခန္ဓာကျန်းမာရေးကို သာမက စိတ် ကျန်းမာရေးကိုပါ ပြင်းစွာ ထိခိုက်စေပါသည်။ […]

ဗဟိုနှင့် ဒေသန္တရ အစိုးရအကြား သဟဇာတနှင့် ထားဝယ်လျှပ်စစ်ဈေးနှုန်း

diz_admin

October 19, 2020

စက်တင်ဘာလအတွက် လျှပ်စစ်မီတာခများကို လျှော့ချကောက်ခံသွားမည်ဟု သိရသည်။ တစ်ယူနစ်လျှင် ၁၉ ကျပ် လျှော့ချပေးသည်မှာ မများပြားသည့် ပမာဏဖြစ်သော်လည်း လူထုအား တစ်စုံတစ်ရာ ဝန်ပြေစေပါလိမ့်မည်။ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်ကို လုပ်ပိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီအနေနှင့် အစိုးရထံမှ ဓာတ်ငွေ့ကို ဒေါ်လာနှုန်းထားဖြင့် ဝယ်သုံး နေရသည်။ ယင်းသို့ ဝယ်ယူရာတွင် ဒေါ်လာဈေးနှုန်းကို ခြောက်လစာ တစ်ခါတည်း သတ်မှတ်လိုက်သည်။ ပြီးခဲ့သည့်လများအတွင်း ဒေါ်လာဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းနေခဲ့သော်လည်း ယင်းလောင်စာဈေးနှုန်းမှာ မူလသတ် မှတ်ထားသည့်အတိုင်းသာ ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒေါ်လာဈေး ကျဆင်းနေသော်လည်း ယင်းအတွက် သုံးစွဲသူ လူထုက မခံစားရပေ။ ပြဿနာမှာ ယင်းဒေါ်လာဈေးနှုန်းကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ခြင်းဖြစ်ပြီး ဒေသခံလူထုနှင့် အနီးကပ်ရှိနေရသည့် တိုင်းအစိုးရက ဆုံးဖြတ်ပေးနိုင်ခွင့် မရှိပေ။ အခြားတစ်ဖက်တွင်မူ ဒေသတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ […]

မေးခွန်း အထုတ်မခံရဲသော နိုင်ငံရေးသမားများ

diz_admin

October 12, 2020

မီဒီယာ၊ သတင်းစာသည် ဒီမိုကရေစီ၏ အောက်ဆီဂျင် ဖြစ်ကြောင်း တနင်္သာရီ အပတ်စဉ်က မကြာခဏ ညွှန်းဆိုလေ့ရှိပါသည်။ သတင်းအချက်အလက် ပွင့်လင်းမြင်သာစွာ သိရှိရေး၊ လွှတ်တော်၊ အစိုးရ စသည်တို့ကို ထိန်းကျောင်း နိုင်ရေး၊ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာအတွက် ကြိုးပမ်းနေသော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများကို မေးခွန်းထုတ်ရေး သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာများစွာ အရေးပါသည်။ ယခုအချိန်ကဲ့သို့သော ရွေးကောက်ပွဲကာလတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာ အထူးအရေးပါလှသည်။ ပြည်သူများ မှန်ကန်စွာ ရွေးချယ်မဲပေးနိုင်ရန် နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး သမားများ၏ စွမ်းဆောင်ရည်၊ လုပ်ဆောင် ချက်များကို အလေးပေး၍ ဖော်ထုတ် တင်ပြကြသည်။ မေးခွန်းထုတ်ကြသည်။ ကတိကဝတ်များ တောင်းကြသည်။ ဒီမိုကရေစီနိုင်ငံများတွင် ဆိုလျှင် ရွှေးကောက်ပွဲဝင် နိုင်ငံရေးသမားများကို မီဒီယာများက မေးခွန်းထုတ်ရုံမက […]

နတ္ထိပစ္စယော

diz_admin

October 5, 2020

နတ္ထိပစ္စယောကို မရှိခြင်းဖြင့် ကျေးဇူးပြုမှုဟု ရိုးရိုးရှင်းရှင်းအနက် ပြန်ကြလေ့ရှိပါသည်။ ဘာသာရေးဆိုင်ရာ စကားလုံးဖြစ်သော်လည်း နိုင်ငံရေးနှင့် အခြားသောနယ်ပယ်များတွင်ပါ ချိတ်ဆက်အသုံးပြုလာကြပါသည်။ လူဟူသည်ကား သာမန်အားဖြင့်မူ အရေးအရာကိစ္စများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်လိုကြသည်။ အချို့က မိသားစု၏ အရေးတွင် ဝင်ပါကြသည်။ အချို့က ရပ်ရေးရွာရေးကိစ္စတွင် ဝင်ရောက်ကူညီလိုသည်။ နိုင်ငံ၏ အရေး ကိစ္စများတွင် ဝင်ရောက်အမှုထမ်းကြသည်။ ထိုသို့သော စိတ်ခံယူမှုမျိုးသည် ကောင်းမွန်သည်ကို မည်သူမျှ ငြင်းချက်ထုတ်နိုင်လိမ့်မည်မဟုတ်ပါ။ သို့သော်၊ မိမိဝင်ပါမှ ပို၍ကောင်းသော အခြေအနေတို့ ရှိနေသည့်နည်းတူ အခြားတစ်ဖက်တွင်မူ အချို့သောအခြေအနေများသည် မိမိမပါမှ ပို၍ ကောင်းသွားစေသော သဘာဝလည်း ရှိနေပေသည်။ ဘောလုံးကစားပွဲနှင့် ဥပမာပေးရသော် ခြေမပေါ်သောကြောင့် ကစားပွဲမှ ထွက်သွားပေးလိုက်ပြီး အခြားတစ်ယောက်နှင့် လူစားထိုးလိုက်သည့်အခါမှ မိမိအသင်း၏ အခြေအနေမှာ ပို၍ကောင်းသွားတတ်သည်မျိုးဖြစ်သည်။ ယင်း သည် မရှိခြင်းဖြင့် […]

ကိုဗစ်ကာလ တိုင်းပြည်တည်ဆောက်နည်း

diz_admin

September 28, 2020

ကိုဗစ်ကပ်ဘေးကာလတွင် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆုံစည်းမှုများကို ကန့်သတ်ထားလိုက်သည်။ ရောဂါအခြေအနေအပေါ် မူတည်၍ ကျောင်းများ ပိတ်သည်။ ဈေးများ အကန့်အသတ်ဖြင့် ဖွင့်သည်။ စားသောက်ဆိုင်များတွင် လူမထိုင်ရတော့။ အချို့မြို့များတွင် အိမ်တွင်သာနေရန် ကန့်သတ်ထားလိုက်သည်။ အလုပ်အကိုင်များလည်း ရပ်နားလာသည်နှင့်အမျှ လူအများစုတွင် အချိန်ပိုများ ထွက်လာသည်။ ပုံမှန်အားဖြင့် လူမှုရေး၊ စီးပွားရေးရာများနှင့် အလုပ်ရှုပ်၊ အချိန်ကုန်နေတတ်ရာ ယခုအခါ ကိုဗစ်ကပ်ဘေး ကာလအကြား အချိန်ပို၊ အချိန်အား ပိုရှိလာသည်။ ယင်းအခွင့်အလမ်းကို အသုံးပြု၍လည်း တိုင်းပြည် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်နိုင်သည်။ တိုင်းပြည် တည်ဆောက်ရေး၊ တိုင်းပြည် အင်အား၊ တိုင်းပြည်အတွင်း ကြွယ်ဝမှု ဆိုလျှင် အများအားဖြင့် တော၊ တောင်၊ ပင်လယ်၊ ကျောက်သံ ပတ္တမြား၊ သဘာဝဓာတ်ငွေ့ကဲ့သို့သော သဘာဝ သယံဇာတ အရင်းအမြစ်များကိုသာ […]

မြန်မာ့ကိုဗစ်နှင့် ခုတ်ရာတခြား ရှရာတခြား

diz_admin

September 21, 2020

ပါတီများ အပြိုင်အဆိုင် မဲဆွယ်နေကြသည်ကို အပြင်မှာရော အွန်လိုင်း တစ်ခွင်မှာပါ မြင်တွေ့နေရသည်။ အချို့မဲဆွယ်မှုများသည် အင်အား ရာနှင့်ချီ၍ ပါဝင်နေကြသည်။ တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာရန် မဆိုထားနှင့်။ ပခုံးဖက်၊ ခါးဖက် တိုးဝှေ့နေကြသည်တို့ပင် ရှိနေသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက မည်သို့ပင်ထုတ်ပြန်ထားစေကာမူ လက်တွေ့တွင် ထိုသို့သာ ရှိနေသည်။ နှာခေါင်းစည်းတပ်သူများရှိသလို မတပ်သူများကိုလည်း တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါပိုးသည် အခြားနေရာများတွင်သာ ပျံ့နှံ့ကူးစက်ပြီး ပါတီများနှင့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းတို့၏ မဲဆွယ်စည်းရုံးမှုများကိုမူ မကူးစက်သလောဟုပင် တွေးထင်ရမလိုလို ရှိနေသည်။ တစ်ချိန်ထဲမှာပင် အခြားတစ်ဖက်တွင် စက်ရုံ၊ အလုပ်ရုံနှင့် ဈေးဆိုင်များ၊ စားသောက်ဆိုင်အချို့မှာ ပိတ်ထားကြရသည်။ ယင်းသို့ပိတ်ထားသောကြောင့် အလုပ်လက်မဲ့ ဖြစ်နေရသူများ၊ ဝင်ငွေကျဆင်းသူများ ရှိနေသည်။ ခရီးသွား လာမှုနှင့် ကုန်စည်စီးဆင်းမှုများကိုလည်း […]

ကွင်းထဲက အစိုးရ

diz_admin

September 18, 2020

မြန်မာနိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအရ အစိုးရ နှစ်လွှာ ရှိသည်။ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံဟု အမည်တပ်ထားသော်လည်း တိုင်းဒေသ ကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတကသာ ခန့်အပ်ရာ တစ်ပြည်ထောင်စနစ်ဟု ဆိုနိုင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများမှာ လူထုနှင့် ပိုအနီးကပ် ရင်ဆိုင်ထိတွေ့ရသော အစိုးရများ ဖြစ်သည်။ ထိုကြောင့် ယင်းတို့ကို ကွင်းထဲမှ အစိုးရ ဟုလည်း တင်စားတတ်သည်။ သို့သော် လုပ်ပိုင်ခွင့်အာဏာမှာ ပြည်ထောင်စု အစိုးရတွင် ပိုမိုများပြားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ကြက်မကြီးက ကြက်ပေါက်ကလေးများကို အုပ်ထားသကဲ့သို့ ပြည်ထောင်စု အစိုးရက ကျင့်သုံးလေ့ရှိသည်။ ထိုကြောင့် ပုံမှန် အခြေအနေများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ အပေါ်ကိုသာ […]

တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ အခန်းကဏ္ဍ

diz_admin

September 7, 2020

ကယားပြည်နယ် လွှတ်တော်က ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်သည်။ ယင်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်တွင် အစိုးရနှင့် လွှတ်တော်အကြား အပြင်းထန်ဆုံးသော ပွတ်တိုက်မှုဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိန်းကျောင်းမှု၏ သရုပ်သကန်လည်း ဖြစ်သည်။ ပြည်နယ် လွှတ်တော်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း မှားယွင်းကြောင်း ဝေဖန်အချက် အချို့ရှိသော်လည်း ဒီမိုကရေစီ စနစ်အရ လွှတ်တော်၏ အဆုံးအဖြတ်ကို သမ္မတက လက်ခံအသိအမှတ်ပြု လိုက်သည်။ ယင်းမှာ ပိုမိုရင့်ကျက်တည်ငြိမ်သော ဒီမိုကရေစီစနစ်အတွက် အလားအလာ ကောင်းလည်း ဖြစ်သည်။ ယင်းအပြင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား (၂) အရ လုပ်ပိုင်ခွင့် အကန့်အသတ်များစွာ ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၏ […]