BREAKING
January 22, 2025

အယ်ဒီတာ့ အာဘော်

ပြန်မရနိုင်တော့သည့် ကြွယ်ဝမှု

diz_admin

December 28, 2020

ကိုဗစ် ကပ်ဘေး ကာလအတွင်း လူအများ ခရီးသွားလာခွင့် ကန့်သတ်မှု များပြားသည်နှင့် အမျှ အပန်းဖြေ လည်ပတ်စရာ ရှားပါးလာသည်။ ကမ်းခြေ၊ ရေတံခွန်၊ ဘုရားစေတီများ လူစုလူဝေး ခွင့်မပြုဘဲ ပိတ်ထားခြင်းကြောင့် သွားရောက် လည်ပတ်စရာ နေရာသစ်များ ရှာဖွေလည်ပတ်လာကြသည်။ ယင်းတွင် တောင်တက်ခရီးသွားခြင်း၊ တောတွင်း လမ်းလျှောက်ခြင်း၊ စခန်းချခရီးသွားခြင်း၊ စက်ဘီးစီးခြင်း၊ ဝေးလံသော ကမ်းခြေများသို့ ခရီးသွား အပန်းဖြေခြင်း စသည့် ပုံမှန်အားဖြင့် လူအများစု စိတ်ဝင်စားလေ့မရှိသော အပန်းဖြေလှုပ်ရှားမှုများ လုပ်ဆောင်လာကြသည်။ ယင်းသို့သော လူထု နှစ်ခြိုက်သည့် အပန်းဖြေရာ နေရာများသည် သဘာဝတောတောင်ရေမြေ ကောင်းမွန် သန့်ရှင်းသော နေရာများ ဖြစ်လေ့ရှိသည်။ ပို၍ အရေးကြီးသည်မှာ ယင်းသို့သော နေရာများသည် အများပြည်သူပိုင် နေရာများ ဖြစ်မှသာ လူထုက […]

မြေအိပ်မက်အတွက် တရားမျှတမှု

diz_admin

December 21, 2020

တနင်္သာရီတိုင်း တောင်ပိုင်းသို့ မော်တော်ကား တစ်စီးဖြင့် ခရီးနှင်ပါက မဆုံးနိုင်သော ဆီအုန်းတောကြီးများကို တွေ့နိုင်သည်။ ထိုမှ တစ်ဆင့် အနောက်ဘက်သို့ ခရီးဆက်ပါက ရာချီသော ကျွန်းစုများကို တွေ့ရမည်ဖြစ်သည်။ ထိုနေရာ နှစ်ခု စလုံးတွင် အထင်းသား မြင်နိုင်၊ ကြားနိုင်သည်မှာ မြေယာ ပြဿနာများ ဖြစ်သည်။ မကြာသေးမီက ထိုနေရာ တစ်လျှောက် ခရီးသွားရာတွင် မြင်ရ၊ ကြုံရသည့် ပြဿနာများအနက် မြေယာ ပြဿနာလည်း ပါဝင်သည်။ ယင်းအနက် ဘဏ်လုပ်ငန်းစုကြီး နှစ်ခုနှင့် ဒေသခံတို့၏ မြေယာပြဿနာ ဖြစ်သည်။ တစ်ခုမှာ ဆီအုန်းတောများအတွင်း ဒေသခံများ ဝင်ရောက်လုပ်ကိုင်ခြင်း ကြောင့် တရားစွဲထားခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ဆလုံတိုင်းရင်းသားများ နှစ်ပေါင်းများစွာ နေထိုင် လုပ်ကိုင်လာသော ကမ်းခြေမြေယာတွင် ဒေသခံ တိုင်းရင်းသားတို့ […]

ပိုအရေးကြီးသော အခြေခံ အဆောက်အဦကိစ္စ

diz_admin

December 14, 2020

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်နည်းတူ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး အခြေခံ အဆောက်အဦများ တည်ဆောက်ရေး အရေးကြီးကြောင်းများစွာ အသိအမှတ်ပြု လက်ခံလေ့ရှိသည်။ ယင်းကြောင့်ပင် အစိုးရ အသုံးစရိတ်များတွင် ယင်းသို့သော အခြေခံ အဆောက်အဦတို့ကို မည်သို့မည်မျှ အလေးပေး သုံးစွဲထားကြောင်း မကြာခဏ ဖော်ပြလေ့ရှိကြသည်။ ယင်းသို့သော လမ်းတံတား ပညာရေး၊ ကျန်းမာရေး အခြေခံ အဆောက်အဦများ တိုးတက်ရေးမှာ များစွာအရေးကြီးသည်မှာ ပစ်မလွဲပင်ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်လည်း ထိုမျှမက (ထိုထက်ပင်) အရေးကြီး နိုင်သော သဘာဝပေး အခြေခံ အဆောက်အဦများကို မေ့ထားရန်၊ မျက်ကွယ်ပြုရန် မဖြစ်နိုင်ပါ။ အခြေခံ အဆောက်အဦဆိုသည်မှာ လူသားတို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သော ဝန်ဆောင်မှုများ၊ ပံ့ပိုးမှုများ၊ စနစ်များ၊ ရေခံမြေခံများကို ဆိုလိုပါသည်။ […]

ပျော်အောင်နေကြမည်

diz_admin

December 7, 2020

မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ ပျော်ရွင် အကောင်းမြင်နေဖို့ လိုသည်။ ယခုအခါ နှစ်ပတ်လည်နေပြီဖြစ်သော ကိုဗစ်ကမ္ဘာ့ကပ်ဘေးသည် လူအများ၏ စိတ်ကျေနပ်ပျော်ရွင်မှုကို နုတ်ယူသွားသည်။ မျှော်လင့်ချက် အနာဂတ်များကို နုတ်ယူသွားသည်။ စည်းကမ်းကန့်သတ်ချက်များနှင့် နေထိုင်ရခြင်း၊ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ကျင့်ကြံနေထိုင်ရခြင်း၊ ချစ်သူခင်သူများနှင့် မတွေ့ရခြင်းတို့ကြောင့် ပိုမိုမွန်းကျပ်သော အနေအထားများနှင့် ကြုံနိုင်ပါသည်။ သို့သော် အကျဉ်းထောင်ကျနေသူများသည်ပင် နေတတ်ပါက ပျော်ရွှင်စရာ ဖြစ်နေရာ ဘဝတွင် ပျော်ရွှင်အောင်နေနည်းမှာ အမှန်တကယ် အသုံးလိုသော နည်းဖြစ်သည်။ ယုံကြည်မှု၊ ဘာသာတရား အမျိုးမျိုးအလိုက် ပျော်ရွှင်အောင်နေနည်း၊ လမ်းညွှန်၊ ဆုံးမချက်များ ရှိပေလိမ့်မည်။ အချို့သိပ္ပံပညာရှင်များပြောသော ကိုဗစ်ကာလ ပျော်ရွှင်အောင် နေနည်းတွေ အနက်အချို့ကတော့ ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးကို ယခင်ထက် ပိုမို ဂရုစိုက်ခြင်း၊ တရားထိုင်ခြင်း၊ ပုံမှန် အိပ်ချိန် ထချိန်ကို […]

ရေမှတစ်ဆင့် လူသတ်မှုဖြစ်လာနိုင်သည်

diz_admin

November 30, 2020

မိုးများသည်ဟု နာမည်ကြီးသော တနင်္သာရီတိုင်းအတွင်း ယခုနှစ်တွင် မိုးရာသီစံချိန်တင်မိုး လျော့နည်းခဲ့သည်။ မိုးရွာရက် ပျမ်းမျှ ၂၅ ရက်အထိ လျော့နည်းပြီး မိုးရေချိန်လက်မ သုံးပုံတစ်ပုံ ကျဆင်းခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ယခင်ကမကြုံဖူးခဲ့သည့် ရေရှားရာသီများ ယခုနှစ်ပိုင်းတွင် ပိုမိုရှည်လျားလာပြီး နွေရာသီရောက်တိုင်း ရေရှားသည်မှာ ဓလေ့တစ်ခုပင် ဖြစ်နေပြီဖြစ်သည်။ ယခုနှစ်တွင် မိုးရေချိန်သိသာစွာ လျော့နည်းခဲ့ရာ လာမည့် နွေရာသီတွင် ရေဆိုးဆိုးရွားရွား ရှားပါးလာနိုင်သည်။ သို့သော် အစိုးရက ယင်းကို စိတ်ပူပုံ မရသေးပါ။ ရေအရေး ကြိုတင်စီစဉ်နေကြောင်း သတင်း တစ်စွန်းတစ်စမျှ မကြားရသေးပါ။ ဤနေရာတွင် ညွှန်းလိုသည့် ရေအရေးကြိုတင်စီစဉ်ခြင်း ဆိုသည်မှာ ရေရှားစဉ် အစိုးရက ရေလှူသည့် ကိစ္စမဟုတ်ဘဲ ရာသီမရွေး ရေမရှားအောင်၊ ရေလုံလုံလောက်လောက် ရရှိအောင် စီမံအုပ်ချုပ်ရေးနည်းဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ […]

ထိုက်တန်သောဘဝ

diz_admin

November 23, 2020

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ပါတီအသစ်များ အခြေမလှဘဲ အရှုံးနှင့် ရင်ဆိုင်သွားရပြီး တိုင်းရင်းသားပါတီအချို့သာလျှင် ယခင်ထက် အနည်းငယ်ပိုသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရရှိခဲ့သည်။ အနိုင်ရပါတီ အရေအတွက် ပိုမိုနည်းပါးလာပြီး ပါတီ ငါးပုံလေးပုံမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ မရရှိခဲ့ပေ။ NLD ပါတီသာလျှင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များကို စိတ်ကြိုက် စိုးမိုးနိုင်သည့် အနေအထားဖြင့် ဆက်လက်အောင်ပွဲ ခံသွားသည်။ ပါတီဒုတိယ ဥက္ကဋ္ဌအဖွဲ့၏ အဆိုအရ အစိုးရအဖွဲ့ကို ယခင်ထက် ပိုမိုအားကောင်းသော ပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟုဆိုသည်။ သဘာဝ သယံဇာတပေါကြွယ်ဝသော်လည်း လူ့စွမ်းအားအရင်းအမြစ် ချို့တဲ့သော နိုင်ငံ၊ စိုက်ပျိုး လုပ်ကိုင်စားသောက်ရန် […]

နိုဝင်ဘာ ဆုတောင်း

diz_admin

November 9, 2020

ကသောင်းကနင်း နှစ်၏ နောက်ဆုံး တောင်ကုန်းဖြစ်ပါစေဟုသာ ဆုတောင်း လိုပါသည်။ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေး၊ အစိုးရနှင့် တပ်မတော်တို့အကြား မပြေလည်မှုများဖြင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသွားတော့မည် ဖြစ်သည်။ ဗုံးလှန့်သံများအကြားမှ ရွေးကောက်ပွဲ၊ ကိုဗစ်အကြားမှာ ရွေးကောက်ပွဲ၊ ခြိမ်းခြောက်မှုများအကြားမှ ရွေးကောက်ပွဲ၊ လူထု အံကြိတ်သံအကြားမှ ရွေးကောက်ပွဲ၊ လူထုအားမရမှုကြားမှ ရွေးကောက်ပွဲ၊ တိုင်းရင်းသားတို့ ရုန်းထသံ အကြားမှ ရွေးကောက်ပွဲ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နာမဝိသေသန အမျိုးမျိုးဖြင့် ကင်ပွန်းတပ် နိုင်သည်။ပို၍ အရေးကြီးသည်မှာ ၂၀၂၀ ရွေးကောက်ပွဲမှ မြန်မာ့ အသွင်ကူးပြောင်းရေး ခရီးလမ်းကြောင်း ပဲ့ကိုင် အကူးအပြောင်းဖြစ်သွားနိုင်၊ မနိုင်နှင့် မြန်မာ့ အနာဂတ် ကံကြမ္မာကို စောင့်ကြည့်ရမည့် မှတ်တိုင်လည်း ဖြစ်သောကြောင့် ဖြစ်သည်။ စိတ်မချမ်းမြေ့ဖွယ်ရာ၊ စိတ်အားလျော့စရာ […]

ရလဒ်နှင့် ဖြစ်စဉ်

diz_admin

November 2, 2020

ကိစ္စရပ်တစ်ခုခုကို အကောင်အထည်ဖော်တိုင်း ဖြစ်စဉ်နှင့် ရလဒ်ဟူ၍ ရှိသည်။ ရလဒ်မှာ ကိစ္စရပ်တစ်ခုခု အကောင်အထည်ဖော်ပြီးချိန် ထွက်ပေါ်လာသော အရာဖြစ်ပြီး ဖြစ်စဉ်မှာ (ထွက်ပေါ်လာသော) ရလဒ်ကို မည်သို့ အကောင် အထည်ဖော် လုပ်ဆောင်ခဲ့သနည်းဟူသော လုပ်ငန်းစနစ်ဖြစ်သည်။ ဥပမာအားဖြင့် ဘောလုံးပွဲတစ်ပွဲတွင် အနိုင်၊ အရှုံးမှာ ရလဒ် ကိစ္စဖြစ်ပြီး ယင်း ပွဲကို နိုင်အောင် မည်သို့သော နည်းနာ၊ လုပ်ငန်းစဉ်များ အသုံးပြုကစားခဲ့သည် ဆိုသည်မှာ ဖြစ်စဉ်ဖြစ်သည်။ အသင်းတစ်သင်းသည် အခြားတစ်သင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် နိုင်သွား ဆိုပါစို့။ နှစ်ဂိုး တစ်ဂိုးဆိုသည့် အနိုင်မှာ ရလဒ်ဖြစ်သည်။ သို့သော် ထိုအနိုင်ရ အသင်းသည် ဒိုင်လူကြီး ဘက်လိုက်မှုဖြင့်လည်း နိုင်ကောင်း နိုင်နိုင်သည်၊ အိမ်ကွင်းပရိသတ်အားကြောင့်လည်း နိုင်ကောင်းနိုင်နိုင်သည်၊ ဘောလုံးမကန်ဘဲ လူချကစား၍လည်း နိုင်ကောင်းနိုင်နိုင်သည်။ […]