ထိုင်းတွင် မြန်မာမောင်နှမနှစ်ဦး ဘတ် ၁၂ သန်း ထီပေါက်
Dawei Watch
August 3, 2024ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သော ထိုင်းထီ၏ အမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးက နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်းထီပေါက်ကြကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၄၀၇၀၄၁ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မောင်နှမနှစ်ဦးက နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ကံထူးခဲ့ခြင်းဖြစ်သည်။ ဘတ် ၁၂ သန်းထီပေါက်ခဲ့သော မောင်နှမနှစ်ဦးက ဆုငွေထုတ်ယူရန် မြန်မာအလုပ်သမားအဖွဲ့အစည်းဖြစ်သော MHAC မဟာမိတ်အဖွဲ့ကို အကူအညီလာတောင်းခံခဲ့သဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် ဆုငွေထုတ်ယူပေးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ “ထီပေါက်တဲ့ မောင်နှမနှစ်ဦးက […]