BREAKING
January 22, 2025

None

လောင်းလုံး ခလရ ၁၀၄နှင့် အထက ကမြောကင်းကြားတွင် ပစ်ခတ်မှုဖြစ်

Dawei Watch

August 28, 2024

လောင်းလုံးမြို့နယ်၊ ခြေလျင်တပ်ရင်း ခလရ (၁၀၄) နှင့် ကမြောကင်း အထက်တန်းကျောင်းကြားတွင် ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ နံနက် ကျောင်းတက်ချိန်တွင် တပ်မိသားစု ကျောင်းကားအတွက် လမ်းကင်းလုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများနှင့် PDF တပ်ဖွဲ့တို့ကြားပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ကျောင်းကား လမ်းကင်းလာယူပေးတဲ့ တပ်သားတွေ တိုက်ခိုက်ခံရတာပါ။ သူတို့က မနက် ကျောင်းတက်ချိန်တစ်ခေါက် ညနေ ကျောင်းဆင်းချိန် တစ်ခေါက် နေ့တိုင်း လမ်းကင်းလုံခြုံရေးယူပေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်မှုကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်သည်နှင့် ပစ်ခတ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုအခြေနေတို့ကို အသေးစိတ် မသိရသေးပေ။ ယင်းပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ၁၀၄ ခြေလျင်တပ်ရင်းရှေ့တွင် ဘယ်ရီဂိတ်များချကာ စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို စစ်ဆေးလျက်ရှိကြောင်း […]

မောင်းမကန်ရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရ

Dawei Watch

August 10, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံမိသားစုဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၈ ရက် ညနေပိုင်းတွင် မောင်းမကန်ရဲစခန်းသို့ တော်လှန်ရေးအဖွဲ့တစ်ခုက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ရဲစခန်းအတွင်းမှ လက်နက်ကြီးလေးကြိမ်ပစ်ခတ်ခဲ့သည့်အနက် လက်နက်ကြီးကျည်ဆန်တစ်လုံးမှာ မောင်းမကန် ပန်းတင်အင်းသွားလမ်းပေါ်ရှိ ဆိုင်ကယ်ရေ‌ဆေး လုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ်ပေါ်ကျရောက် ပေါက်ကွဲခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် နေအိမ်ရှိ ကလေးနှစ်ဦးနှင့် မိခင်ဖြစ်သူတို့တွင် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးနှင့် မိခင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ‌ပြောဆိုသည်။ “ကလေးနှစ်ယောက်ကတော့ ဒဏ်ရာမစိုးရိမ်ရဘူး။ သူ့အမေမှာတော့ လက်နက်ကြီးအစက ခေါင်းထဲဝင်သွားတယ်လို့ ကြားရတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ ဒဏ်ရာရသူများနှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေသိရရန် […]

ထိုင်းတွင် မြန်မာမောင်နှမနှစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

Dawei Watch

August 3, 2024

ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်လိုက်သော ထိုင်းထီ၏ အမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးက နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်းထီပေါက်ကြကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၄၀၇၀၄၁ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မောင်နှမနှစ်ဦးက နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ကံထူးခဲ့ခြင်းဖြစ်သည်။ ဘတ် ၁၂ သန်းထီပေါက်ခဲ့သော မောင်နှမနှစ်ဦးက ဆုငွေထုတ်ယူရန် မြန်မာအလုပ်သမားအဖွဲ့အစည်းဖြစ်သော MHAC မဟာမိတ်အဖွဲ့ကို အကူအညီလာတောင်းခံခဲ့သဖြင့် ဩဂုတ်လ ၂ ရက်နေ့တွင် ဆုငွေထုတ်ယူပေးခဲ့ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ “ထီပေါက်တဲ့ မောင်နှမနှစ်ဦးက […]

စစ်ကောင်စီတပ် သိမ်းသွားသည့် ဆိုင်ကယ်များကိုလာထုတ်သည့် လောင်းလုံးဒေသခံများ သေနတ်ဖြင့်ခြိမ်းခြောက်ခံရ

Dawei Watch

July 30, 2024

လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် သဗျာကျေးရွာ နတ်ရေရတနာဘုန်းကြီးကျောင်းထဲသို့ ပြီးခဲ့သည့် ဥပုသ်နေ့က စစ်ကောင်စီတပ် လာရောက်ပြီး တန်ဖိုးကြီးဆိုင်ကယ်အချို့ကို သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၂၈ရက် ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် ဘုန်းကြီးကျောင်း၌ ဥပုသ်စောင့်သူများ၊ ဝေယာဝစ္စပြုသူများ၊ အလှူရှင်များ၏ ဆိုင်ကယ်အမြောက်အများရှိသည့်အနက် အကောင်းစား ဆိုင်ကယ်အချို့ကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ကျွန်တော်မျက်စိနေရှေ့မှာ သူတို့ယူသွားတာကတော့ သုံးစီးရှိတယ်။ ဘယ်လောက်ပါသွားလဲတော့ တိတိကျကျ မသိဘူး။ အကောင်းဆုံးဆိုင်ကယ်ကိုမှ ရွေးပြီးယူသွားတာ” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောဆိုသည်။ ပုံမှန်အားဖြင့် လိုင်စင်ရှိသော ဆိုင်ကယ်များ အသိမ်းခံရပါ ငွေကြေးဖြင့် ပြန်‌ရွေးနေကြဖြစ်သောကြောင့် ဒေသခံတို့က ဆိုင်ကယ်ပြန်ရွေးရန် လောင်းလုံး ရဲစန်းအားလိုက်သွားခဲ့ကြကြောင်း ဒေသခံအချို့က ဆိုသည်။ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း ဆိုင်ကယ်များ သိမ်းသွားပြီးနောက် ညနေပိုင်းတွင် […]

လောင်းလုံးက ရွာတစ်ရွာတွင် ကာကွယ်ရေးအဖွဲ့ အတွက် ငွေကြေးအချိုးကျထည့်ဝင်စေသဖြင့် ဒေသခံများအခက်တွေ့

Dawei Watch

July 30, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုအတွက် ငွေကြေး အချိုးကျသတ်မှတ် ထည့်ဝင်စေသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့က Dawei Watch ကို ပြောသည်။ ထားဝယ်နှင့် လောင်းလုံးမြို့ကြားရှိ ကျေးရွာတစ်ရွာသို့ ဇူလိုင်လ ၂၆ ရက်က လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန်-၃ က တပ်ဖွဲ့ဝင်အချို့ရောက်လာပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ထိုအစည်းအဝေးတွင် ဇုန် – ၃ တပ်ဖွဲ့ အသုံးပြုရန် ကားတစ်စီးလိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “သူတို့က ဒရုန်းတွေဘာတွေသယ်ဖို့ဆိုရင် ဆိုင်ကယ်နဲ့သွားလို့ အဆင်မပြေဘူး။ ကားနဲ့မှ အဆင်ပြေမယ်ဆိုပြီး ကားတစ်စီး ဝယ်ဖို့လိုနေတယ်ပြောတယ်။ အဲဒီအတွက် ရွာသားတွေဝိုင်းပြီး ကူညီပေးကြပါဆိုပြီးပြောတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ ထိုကားဝယ်ရန်အတွက် စပါးရိတ်စက်တစ်စီးပိုင်ဆိုင်သူက ကျပ် ၅ သိန်း၊ လယ်ထွန်စက်အကြီးတစ်စီးပိုင်သူက […]

လောင်းလုံးရဲစခန်းကို ရိက္ခာလာပို့သည့်ကား တော်လှန်ရေးအဖွဲ့ဖမ်းမိ

Dawei Watch

July 27, 2024

ထားဝယ်မြို့မှ လောင်းလုံးမြို့မရဲစခန်းသို့ ရိက္ခာလာပို့သည့် ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းမိထားကြောင်း သိရသည်။ မနေ့ (ဇူလိုင် ၂၆) မနက် ၁၀ နာရီခန့်က ထားဝယ် လောင်းလုံးလမ်းအတိုင်း မောင်းလာသည့် ဟိုက်ဂျက်ကားတစ်စီးကို စစ်ဆေးရာ လောင်းလုံးမြို့မ ရဲစခန်းကို ရိက္ခာပို့မည့်ကားဖြစ်နေ၍ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် ကျောင်းသားတော်လှန်ရေးတပ် တာဝန်ခံ ရဲဘော်ရီရန်က ပြောသည်။ အဆိုပါကားပေါ်တွင် ဆန်အိတ်(ကြီး)ဆယ်အိတ်၊ စားသုံးဆီ၊ ကော်ဖီမစ်၊ ပဲ စသည့်ရိက္ခာများ တင်ဆောင်လာကြောင်း ၎င်းကဆိုသည်။ ရိက္ခာသယ်ဆောင်လာသူမှာလည်း ယခင်က လက်နက်ကိုင်ဆောင်ဖူးသည့် ပျူစောထီးတစ်ဦးဖြစ်နေသဖြင့် ကားရောလူပါ ဖမ်းဆီးထားပြီး စစ်ဆေးနေဟု ရဲဘော်ရီရန်က ပြောဆိုသည်။ “ပထမစစ်မေးတော့ သူကငြင်းတယ်။ အမှန်တိုင်းပြောဆိုမှ လောင်းလုံးရဲစခန်းပို့ဖို့ဆိုပြီး ပြောတာ အဲမှာကားသမားကို မသင်္ကာလို့ ထပ်စုံစမ်းတော့ သူကပျူဖြစ်နေတယ်။ အရင်က သူ့မှာလက်နက်ရှိတယ်။ […]

တိုင်းစစ်ကောင်စီဝန်ကြီးအိမ်ရာ လုံခြုံရေးကျသည့် ရဲတပ်ဖွဲ့ဝင်အလောင်း ရေနုတ်မြောင်းတွင်တွေ့

Dawei Watch

July 25, 2024

ထားဝယ်မြို့ ကမြောကင်းလမ်း ရေနုတ်မြောင်းထဲတွင် ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။ သေဆုံးသူမှာ တနင်္သာရီတိုင်း စစ်ကောင်စီ အစိုးရအဖွဲ့ရုံးဝန်ကြီးအိမ်ရာတွင် လုံခြုံရေးတာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း မြို့ခံပြည်သူတို့က ပြောသည်။ ရုပ်အလောင်းမှာ ဝန်ကြီးအိမ်ရာနှင့် မယ်ဒီလမ်းဆေးရုံအနီးရှိ ရေမြောင်းထဲတွင် ပေါ် နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ရှာနေတာသုံးလေးရက်ရှိပြီ။ အရက်သောက်ပြီး အပေါ့သွားတော့ မြောင်းထဲကျ သေဆုံးနေတာဖြစ်လိမ့်မယ်” ဟု အနီးနားရှိ မြို့ခံပြည်သူတစ်ဦးက ပြောသည်။ ရဲတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို မြို့ခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ များက လာရောက်ဆယ်ယူပြီး သယ်ဆောင်သွားကြောင်း မြင်တွေ့ရသည့် မြို့ခံများပြောကြားချက်အရ သိရသည်။ ထားဝယ်မြို့တွင် လွန်ခဲ့သည့် နှစ်ရက်ခန့်ကစပြီး မိုးသည်းထန်စွာရွာသွန်းသောကြောင့် မြို့အတွင်းရှိ ရေနုတ်မြောင်းများတွင် ရေကြီး ရေလျှံလျက်ရှိသည်။

သောက်ရေခွက်ပျောက်သဖြင့် ကလိန်အောင် တံတားစောင့်တပ်သားနှင့် ဒေသခံအမျိုးသမီးတို့ ခိုက်ရန်ဖြစ်

Dawei Watch

July 24, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ တံတားကြီးဂိတ်အနီးရှိ သဲအိတ်ဘန်ကာငယ်တွင် ဂိတ်စောင့်သည့် မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်သားတစ်ဦးနှင့် အမှတ် ၁ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ ဇူလိုင်လ ၁၉ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံများကပြောသည်။ ယင်းအမျိုးသမီး နေအိမ်နှင့် ဂိတ်သည် နီးကပ်ပြီး ၎င်းနေအိမ်မှ သောက်ရေခွက်ပျောက်သည့် ကိစ္စဖြင့် စကားများကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံကသိရသည်။ “ရေခွက်ပျောက်တယ်ဆိုပြီး စစ်သားကို အသားခုတ်ဓားနဲ့ ထွက်ရမ်းတယ်။ စစ်သားကလည်းသူမယူဘူး ပြန်ငြင်းရင်း တစ်ယောက်တစ်ပေါက်နဲ့ စကားများကြတယ်။ အခြားစစ်သားတစ်ယောက်က မိုးပေါ်သေနတ်နှစ်ချက် ဖောက်လိုက်မှ ရန်ပွဲပြီးသွားတယ် ” ဟု ဖြစ်စဉ် မျက်မြင်တွေ့ရသည့် မြို့ခံအမျိုးသမီးကပြောသည်။ ခိုက်ရန်ဖြစ်ပြီးနောက် မောရဝတီရေတပ်က ယင်းအမျိုးသမီးအား လက်နက်ကိုင်ခြိမ်းခြောက်သည်ဟု အမှုဖွင့်၍ ကလိန်အောင်နယ်မြေရဲစခန်းက တစ်ရက်‌ကြာ ခေါ်ယူစစ်ဆေးခဲ့သေးသည်ဟု ယင်းအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ […]