ပုလောက တပိုရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေပြီး နေအိမ်တစ်လုံးမီးရှို့ခံရ
Dawei Watch
November 26, 2024ပုလောမြို့နယ်၊ တပိုကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားနေအိမ်တစ်လုံး မီးရှို့ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ တပိုကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်က တပိုရွာအတွင်းဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထိုနောက် နိုဝင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ကင်ပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို စက်တော်ရာရွာအဝင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။ စက်တော်ရာရွာမှာ တပိုရွာနှင့် မနီးမဝေးတွင်တည်ရှိပြီး မြိတ်-ထားဝယ်သွား ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။ ယင်းနောက် စစ်ကောင်စီတပ်က တပိုကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးနှစ်ကြိမ်ချ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “ပကဖ က […]