BREAKING
March 31, 2025

အားကစား

စံချိန်မှတ်တမ်းတွေ ရယူပြီး အုပ်စုအဆင့်ကနေပဲ ကာတာ လှည့်ပြန်ပြီ

diz_admin

November 26, 2022

အိမ်ရှင်ကာတာအသင်းဟာ စံချိန်မှတ်တမ်းတွေ တပွေ့တပိုက်ရယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ကနေ နှုတ်ဆက်လှည့်ပြန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်မှာတုန်းက အီကွေဒေါကို ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့တဲ့ ကာတာဟာ အုပ်စုဒုတိယပွဲစဉ်မှာလည်း ဆီနီဂေါကို ယှဉ်မကစားနိုင်ဘဲ အရေးနိမ့်သွားခဲ့ရပါတယ်။ အီကွေဒေါနဲ့ပွဲစဉ်တုန်းက ကမ္ဘာ့ဖလား ၉၂ နှစ်သက်တမ်းအတွင်း အုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်အသင်းတွေ တစ်ခါမှ မရှုံးခဲ့ဖူးဘူးဆိုတဲ့ စံချိန်မှတ်တမ်းကို အရှုံးရလဒ်ရယူပြီး မှတ်တမ်းဆိုးရေးသားခဲ့တဲ့ ကာတာဟာ ဆီနီဂေါကို သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာလည်း နောက်ထပ် မှတ်တမ်းဆိုးတွေကို ဆက်လက်ရရှိသွားခဲ့ပါတယ်။ ကာတာဟာ အုပ်စုအဖွင့်ပွဲစဉ် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားတဲ့ ပထမဆုံး အိမ်ရှင်အသင်းဆိုတဲ့ မှတ်တမ်းဆိုး ရသွားခဲ့သလို အုပ်စုအဆင့်ကနေ လှည့်ပြန်ရတဲ့ ဒုတိယမြောက်အိမ်ရှင်အသင်းအဖြစ်လည်း စာရင်းဝင်သွားခဲ့ပါတယ်။ ကာတာ မတိုင်ခင်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်နဲ့တင် ကျေနပ်လိုက်ရတဲ့ ပထမဆုံးအိမ်ရှင်နိုင်ငံအသင်းကတော့ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို […]

တနင်္သာရီတိုင်းက အမျိုးသမီး အားကစားသမားနှစ်ဦး ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိ

diz_admin

May 22, 2022

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။ ယင်းဆီးဂိမ်းပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်သူ မခြူးမြတ်နိုးဝေက ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပြီး ပုလောမြို့နယ်သူ မအေးငြိမ်းထူးမှာ လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ မအေးငြိမ်းထူးမှာ ၂၀၁၉ ခုနှစ်ကပြုလုပ်သည့် ဖီလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း လက်ဝှေ့အားကစားနည်းဖြင့် တတိယဆု ကြေးတံဆိပ်ဆွတ်ခူးပေးထားသူဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ၄ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး […]

ကြက်တောင်အားကစား ပိုဖွံ့ ဖြိုးဖို့

diz_admin

January 31, 2021

သက်ထားသူဇာနှင့်အတူ ကြက်တောင် အားကစားကို မြန်မာနိုင်ငံတွင် လူပိုစိတ်ဝင်စားလာသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း ကြက်တောင်အားကစားနှင့် ပတ်သက်၍ အစဉ်အလာ ရှိပြီး နိုင်ငံကိုယ်စားပြု၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားကောင်းများ မွေးထုတ် ပေးနိုင်ခဲ့သည်။ သဟာယကြက်တောင် အသင်းကို ၁၉၅၃ ခုနှစ်ခန့်ကပင် ဖွဲ့စည်း ခဲ့သည်ကိုတွေ့ရသည်။ သဟာယကြက်တောင် အသင်းအား မြိတ်မြို့၊ ဈေးတန်း ရပ်ကွက်၊ ပုလဲလမ်းမကြီးနှင့် သဟာယလမ်းထောင့်တွင် ဖွင့်လှစ် ထားပြီး ၂၀၁၇ ခုနှစ်တွင် ယခင် အားကစား ရုံဟောင်းအားဖျက်၍ နှစ်ထပ်မိုးလုံ လေလုံအဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သည်။ တစ်ခေတ်တစ်ခါက သဟာယ ကြက်တောင်အသင်း၏ အထင်ကရ ကြက်တောင်အားကစားသမားများ ဖြစ်ကြသည့် ဦးဘွန်ဝါ၊ ဦးစံမြင့်၊ ဦးလှတင့်၊ ဒုတိယဗိုလ်မှူးကြီး လှမြင့်သိန်း၊ ဦးစုံပင် (ခ) ဦးဇုံမင်းဝေ စသည့်အားကစားသမား […]

အား/ကာသိပ္ပံ ကျောင်းသားအချို့ ကျောင်းပြန်တက်ရမည်

diz_admin

June 21, 2020

တနင်္သာရီတိုင်းမှ အားကစားသိပ္ပံ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအချို့ ဇူလိုင်လတွင် ကျောင်းပြန်တက်ရတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ကနဦးအနေဖြင့် ဆယ်တန်း ကျောင်းသားများမှလွဲပြီး မော်လမြိုင် အားကစားသိပ္ပံတွင် တက်ရောက်နေ သည့် ၂၇ ဦး ကျောင်းတက်သွားရတော့မည်ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ရန်ကုန်အားကစားသိပ္ပံကျောင်းတွင် တက်ရောက်ရမည့် ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးကိုမူ ခေါ်ယူခြင်းမရှိသေးကြောင်း ဦးစိုးမိုးနိုင်က ပြော သည်။ “အားကစားသိပ္ပံ ကျောင်းတွေကိုလည်း အခြေခံကျောင်းတွေနဲ့ အတူတူဖွင့်ဖို့ လုပ်နေတယ်” ဟု ゞင်းက ပြောသည်။ တနင်္သာရီတိုင်းမှ အားကစားသိပ္ပံတက်နေသည့် ကျောင်းသားများသည် ကိုဗစ်ကြောင့် နေရပ်သို့ ပြန်ရောက်နေ ကြသည်။ တိုင်းအတွင်း အားကစားလှုပ်ရှားမှုများကိုမူ ရပ်နားထားဆဲဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။ […]

ဘောလုံးနည်းပြသင်တန်း ကော့သောင်းတွင် ပြုလုပ်မည်

diz_admin

March 13, 2020

ယခုနှစ်တွင် ပြုလုပ်မည့် ဘောလုံး နည်းပြ (စီလိုင်စင်) သင်တန်းကို ကော့သောင်းမြို့တွင် ဧပြီလ ၂၅ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ ယင်းသင်တန်းကို ထားဝယ်နှင့် မြိတ်မြို့တို့ တစ်ကြိမ်စီ ကျင်းပပြီးဖြစ် သောကြောင့် ယခုနှစ် ကော့သောင်းမြို့ တွင် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းသင်တန်းတွင် လက်ရှိ ဘောလုံး အားကစားသမား(သို့) ဘောလုံးအား ကစားသမားဟောင်း အသက် ၁၈ နှစ်မှ ၆၀ အထိ ရှိသူများ လျှောက်ထားနိုင် ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။ သင်တန်းတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အေလိုင်စင်ရရှိထားသည့် နည်းပြနှစ်ဦးက […]

တနင်္သာရီတိုင်း အမျိုးသမီးဘောလုံးအသင်း အောင်မြင်ရေးအတွက် အစီအစဉ်

diz_admin

March 13, 2020

ယခုနှစ် တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲတွင် အဆင့်လေး သာရရှိခဲ့သော တနင်္သာရီတိုင်းအသင်း လာမည့်နှစ်တွင် အောင်မြင်မူရရှိရေး တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တနင်္သာရီအသင်းသည် ကစားသမား အင်အား ၁၄ ဦးတည်းဖြင့် အကြို ဗိုလ်လုပွဲကို ဧရာဝတီအသင်းနှင့် ကစား ခဲ့ရပြီး ယင်းပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲတွင်လည်း မွန်ပြည် နယ်အသင်းကို ပင်နယ်တီဖြင့် အရှုံးပေး ခဲ့ရသဖြင့် အဆင့်လေးနေရာကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို ယမန်နှစ် ဒီဇင်ဘာ လကပြုလုပ်သည့် ကျောင်းသား အားကစားပွဲတော်တွင် ပထမရသည့် အသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အဆင့် လေးရရှိလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းသည် တနင်္သာရီတိုင်း […]

တနင်္သာရီ အမျိုးသမီဘောလုံးအသင်း ကစားသမားအင်အားမပြည့်ဘဲ ပြိုင်ပွဲဝင်နေရ

diz_admin

March 5, 2020

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော တနင်္သာရီ တိုင်း အသင်းသည် လက်ရှိတွင် ကစား သမား အင်းအားအပြည့်မရှိဘဲ ပြိုင်ပွဲဝင် နေရကြောင်း ယင်းအသင်းအုပ်ချုပ်သူ ဦးခင်မောင်ဌေးက ပြောသည်။ တနင်္သာရီအမျိုးသမီးအသင်းသည် တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ အားကစားသမား ၁၉ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသည်။ ရန်ကုန်တိုင်းအသင်းနှင့် ယှဉ်ပြိုင် ရမည့် ကွားတာဖိုင်နယ်ပွဲစဉ်အရောက် တွင် တနင်္သာရီအသင်းမှ ကစားသမား ၁၉ ဦးအနက် ၈ ဦးမှာ စာမေးပွဲဖြေရန် အတွက် နေရပ်ကိုပြန်လာခဲ့ကြသဖြင့် ကွားတာဖိုင်နယ်ကို လူစားလဲမည့်သူ မရှိဘဲ ကစားမား ၁၁ ဦးဖြင့်သာ ယှဉ်ပြိုင် ခဲ့ရကြောင်း ဦးခင်မောင်ဌေးက ပြော […]

နည်းပညာတက္ကသိုလ်အသင်းက ယမန်နှစ်ချန်ပီယံ ထားဝယ်တက္ကသိုလ် အသင်းကို အနိုင်ယူဗိုလ်စွဲ

diz_admin

February 26, 2020

ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ယမန်နှစ်က ထားဝယ်ခရိုင်နှင့် တနင်္သာရီတိုင်း တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ နှစ်ခုတို့၏ ချန်ပီယံဖြစ်သော ထားဝယ်တက္ကသိုလ်အသင်းကို ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ထားဝယ် နည်းပညာ တက္ကသိုလ်အသင်းက အနိုင်ရရှိသွားခြင်း ဖြစ်သည်။ ထားဝယ်နည်းပညာ တက္ကသိုလ် အသင်းက ပထမပိုင်း ပွဲကစားချိန် ကတည်းက နှစ်ဂိုးအသာဖြင့် ဦးဆောင် နေခဲ့ရာမှ ဒုတိယပိုင်း ပွဲကစားချိန်တွင် ချေပဂိုးနှစ်လုံး အသွင်းခံလိုက်ရသဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှ အနိုင် ရရှိသွားခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ လ ၂၂ ရက်က ထားဝယ်မြို့ တိုင်းအား ကစားကွင်းတွင် […]