BREAKING
March 31, 2025

အားကစား

တရုတ်ဖိုက်တာ ဖန်ရောင်းကို အောင်လအန်ဆန်း ရင်ဆိုင်ထိုးသတ်ရမည်၊ နိုင်လျှင် ရွှေခါးပတ်ဆုစိန်ခေါ်ပွဲများ ထိုးသတ်ရဖွယ်ရှိ

diz_admin

February 3, 2023

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းသည် ရှေ့လာမည့်ပွဲစဉ်တွင် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရတော့မည်ဖြစ်ကြောင်း One Championship က အသိပေးထားသည်။ ယင်းပွဲစဉ်ကို လာမည့် မေလ ၅ ရက်နေ့၌ ကျင်းပမည့်ပြိုင်ပွဲတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အောင်လအန်ဆန်းသည် One Championship ပြိုင်ပွဲတွင် ၎င်းလက်လွှတ်ခဲ့ရသော ချန်ပီယံရွှေခါးပတ်များကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ အောင်လအန်ဆန်းနှင့် ဖန်ရောင်းတို့မှာ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပရန် စီစဉ်ထားသောပြိုင်ပွဲ၌ မစ်ဒယ်ဝိတ်တန်းအဖြစ် ထိုးသတ်သွားမည်ဖြစ်သည်။ အောင်လအန်ဆန်းနှင့် ဖန်ရောင်းတို့သည် အစောပိုင်းက ထိုင်းနိုင်ငံတွင်ကျင်းပသောပြိုင်ပွဲ၌ တွေ့ဆုံယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ပြိုင်ပွဲထိုးသတ်ရန် ၁၀ ရက်အလိုတွင် ဖန်ရောင်း၌ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသည့် အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီဘက်က အောင်လအန်ဆန်းကို ပြိုင်ဘက်ပြောင်းလဲပေးလိုက်ရသည်။ အောင်လအန်ဆန်းသည် ဇန်နဝါရီလ ၁၄ […]

ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

diz_admin

January 30, 2023

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ ၅ ချီ ယှဉ်ပြိုင်ထိုးသတ်ရသော ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲချီပြည့်သည်အထိ အနိုင်အရှုံး အဖြေမပေါ်ခဲ့သည့်အတွက် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများက သွေးသစ်ဝင်းလှိုင်ကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။ ယခုပွဲစဉ်ကို ၃ မိနစ်ထိုး ၂ မိနစ်နားပုံစံဖြင့် ၁၅ မိနစ်ကြာ ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး The Great Lethwei (TGL) ပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်။ နည်းစနစ်ပိုင်းဆိုင်ရာတွင် နာမည်ကောင်းရရှိထားသော သွေးသစ်ဝင်းလှိုင်သည် ပါဝါအားကောင်းသော ထွန်းထွန်းမင်းကို လက်ရည်အသာစီးဖြင့် […]

ကမ္ဘာ့စံချိန်လုပ်ခလစာပေးပြီး ခေါ်ယူထားသည့် စီရော်နယ်ဒို ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အချို့ လွဲမည်

diz_admin

January 29, 2023

ဆော်ဒီအာရေဗျ အယ်လ်နတ်စ်ဆာအသင်း၏အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အတွက် အသင်း၏ပွဲစဉ်တချို့ကို ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ဘဲ လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ အယ်နတ်စ်ဆာသည် စီရော်နယ်ဒိုကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြစ်သည့် တစ်နှစ်လုပ်ခ ပေါင်သန်း ၁၇၀ ပေး၍ခေါ်ယူထားခြင်းဖြစ်ပြီး အကယ်၍ စီရော်နယ်ဒိုကို ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားပေးရမည်ဆိုပါက စီရော်နယ်ဒို၏ပုံရိပ်မှတစ်ဆင့် ရှာဖွေရရှိနိုင်မည့် ငွေကြေးပမာဏ အချို့အဝက်ကို အယ်လ်နတ်စ်ဆာက ဆုံးရှုံးရတော့မည်ဖြစ်သည်။ စီရော်နယ်ဒိုသည် လက်ရှိတွင် အယ်လ်နတ်စ်ဆာအသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲကြီး ပွဲစဉ်နှစ်ခု ပါဝင်ကစားပေးခဲ့ပြီးဖြစ်ကာ ယင်းပွဲစဉ် နှစ်ပွဲတွင် စီရော်နယ်ဒိုက ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာ ရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရလျက်ရှိသည်။ စီရော်နယ်ဒိုသည် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ရီယာ့ဒ်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်း၏အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပီအက်စ်ဂျီက ငါးဂိုး လေးဂိုးဖြင့် အနိုင်ရသွားခဲ့သော […]

အာဆင်နယ် သို့မဟုတ် ချယ်လ်ဆီးထံသို့ ပြောင်းခွင့်ပေးရန် ဘရိုက်တန်ကို ကိုင်စီဒို တောင်းဆို

diz_admin

January 28, 2023

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို သည် ၎င်းအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားသည်ကို လက်ခံကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ပြုရန် မိခင်ကလပ် ဘရိုက်တန်ကို တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ ဘရိုက်တန်သည် ကိုင်စီဒိုအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ထံမှ သန်း ၆၀ ဖြင့် ကမ်းလှမ်းမှုကို လက်ခံရရှိထားသော်လည်း ပေါင်သန်း ၈၀ ရမှသာ ကိုင်စီဒိုကို လက်လွှတ်ပေးနိုင်မည်ဟု အကြောင်းပြန်ထားပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ဘက်ကမူ ဘရိုက်တန်၏တောင်းဆိုချက်ကို လက်လွှတ်ဖွယ်မရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ကိုင်စီဒိုအတွက် ပေးအပ်ထားသည့် ပြောင်းရွှေ့ကြေးပမာဏသည် ဘရိုက်တန်အတွက် ကစားသမားတစ်ယောက်ကို ရောင်းချရာမှနေ၍ စံချိန်တင်ပမာဏရရှိမည့်ငွေကြေးဖြစ်နေပြီး ယင်းအတွက် ကစားသမားဖြစ်သူ ကိုင်စီဒိုက မတန်တဆ ပြောင်းရွှေ့ကြေးကို မတောင်းဆိုရန်၊ ၎င်းကို […]

ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်က အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ပါဝင်ကစားပြနေလို့ အားလုံး အံ့အားသင့်နေ

diz_admin

January 22, 2023

အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီ အသက် ၉၀ အရွယ် ဂျပန်အမျိုးသမီးနှစ်ယောက်ဟာ ပြိုင်ပွဲအမျိုးအစားတစ်ခုတည်းကို ဝင်ကစားတာ မဟုတ်ဘဲ ပြိုင်ပွဲအမျိုးအစား သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့လို့ ပိုပြီး အံ့အားသင့်စရာဖြစ်နေကြရပါတယ်။ အားကစားဆိုတာ အသက်အရွယ် အပိုင်းအခြားနဲ့မဆိုင်ဘဲ ကျန်းမာရေးကောင်းမွန်အောင် ဂရုတစိုက်နဲ့ ကိုယ်ခန္ဓာကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်ရင် အသက် ၉၀ အရွယ်အထိ အခုလိုကစားနိုင်တယ်ဆိုတာကို ဒီဂျပန် အမျိုးသမီးနှစ်ယောက်က သက်သေပြလိုက်တာပဲဖြစ်တယ်လို့ သတင်းတင်ဆက်သူတွေက ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ကစားနေတဲ့ […]

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

diz_admin

January 22, 2023

အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။ မက်ဆီရဲ့ဂျာစီကို အမြင့်ဆုံးဈေး ပေးချေဝယ်ယူထားသူက တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဘာစီလိုနာမှာ မက်ဆီကစားနေတုန်းက မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို ယူရို ၄၃,၀၀၀ ပေးကာ ဝယ်ယူထားတာဖြစ်ပါတယ်။ အခုဂျာစီအင်္ကျီကတော့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ အမှတ်တရပွဲတစ်ပွဲအနေနဲ့ ကစားတဲ့နေရာမှာ ဝတ်ဆင်ခဲ့တဲ့အထိမ်းအမှတ်ပစ္စည်းတစ်ခုသဖွယ်ဖြစ်နေလို့ လေလံဈေး ထပ်တိုးပေးပြီး ကမ္ဘာ့စံချိန်တင် အမြင့်ဆုံးဈေးနဲ့ လေလံအောင်တာမျိုးဖြစ်သွားနိုင်တယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို အားပြိုင်မယ့်ပွဲအတွက် အထူးသီးသန့် VIP လက်မှတ်တစ်စောင်ကို ပေါင် ၂ ဒသမ ၂ သန်းဖြင့်ဝယ်ယူ

diz_admin

January 19, 2023

မက်ဆီနဲ့ စီရော်နယ်ဒို တို့ တွေ့ဆုံအားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲအတွက် တစ်စောင်တည်းအဖြစ် အထူးစီမံကာ လေလံစနစ်နဲ့ ရောင်းချပေးခဲ့တဲ့ VIP လက်မှတ်ကို ဆော်ဒီအာရေဗျ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ လေလံဆွဲသွားခဲ့ပြီး လေလံအောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ အားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲမှာ ထိပ်တိုက်တွေ့ဆုံ အားပြိုင်ကြမှာပါ။ စီရော်နယ်ဒိုဟာ အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ကျောနံပါတ် ၇ ကို ဝတ်ဆင်ကာ ဒီပွဲကို ကစားသွားဖို့ ရှိနေပါတယ်။ ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ ဒီလက်မှတ်ကို လေလံအောင်သွားခဲ့တဲ့ ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်ဟာ အထူးစီစဉ်ပေးထားတဲ့နေရာက ပွဲကြည့်ရှုခွင့်၊ မက်ဆီနဲ့ […]

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ခြေစမ်းပွဲကစားပေးဖို့ နီးစပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ် အသိပေး

diz_admin

January 18, 2023

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ခြေစမ်းပွဲလာရောက်ကစားပေးဖို့အရမ်းပဲ နီးစပ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။ ဒီသတင်းကို ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာဇီ ဆလာဟူဒင် က တရားဝင်ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပြီး လာမယ့်ဇွန်လရောက်ရင် ကစားခွင့်ရှိတဲ့ ဖီဖာနိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲသီတင်းပတ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲကို မြင်တွေ့ခွင့်ရဖို့အတွက် အရမ်းပဲ နီးစပ်နေပြီလို့ ကာဇီ ဆလာဟူဒင်က ပြောကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘောလုံးပရိသတ်တွေဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းက အာဂျင်တီးနားကို အရူးအမူး အားပေးခဲ့ကြပြီး အာဂျင်တီးနားဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားချိန်မှာလည်း အဲ့ဒီသတင်းကိုဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေက ခေါင်းကြီးသတင်းတွေအဖြစ် တခမ်းတနားနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက အာဂျင်တီးနားဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်တာကိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ အာဂျင်တီးနားက ဘင်္ဂလားဒေ့ရှ်ကို G-20 ထိပ်သီးအစည်းအဝေးဆီ ဧည့်သည်နိုင်ငံအဖြစ် တက်ရောက်ဖို့ ဖိတ်ခေါ်တာတွေ၊ […]