မြန်မာလက်ဝှေ့မယ် ဘရော်နီကာ အီတလီတွင် စိန်ခေါ်ပွဲထိုးသတ်ရန် စတင်ထွက်ခွာ
diz_admin
April 20, 2023မွေထိုင်းစိန်ခေါ်ပွဲ ၁၀ ပွဲဆက်တိုက် အနိုင်ရယူကာ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ထားသည့် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာသည် ၎င်း၏မွေထိုင်းပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုတလျှောက် ၁၂ ပွဲမြောက် စိန်ခေါ်ပွဲ ထိုးသတ်ရန်အတွက် အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ ဘရော်နီကာသည် မြန်မာ့လက်ဝှေ့နှင့် မွေထိုင်း နှစ်ခုလုံးကို မှတ်တမ်းကောင်းများဖြင့် ဖြတ်သန်းထားနိုင်သူဖြစ်ပြီး မွေထိုင်းဘက်သို့ ကူးပြောင်းပြီးနောက်တွင် ပွဲဦးထွက်ပွဲစဉ်သာ ရှုံးနိမ့်၍ ကျန် ၁၀ ပွဲဆက်တိုက်ကို အနိုင်ထိုးသတ်နိုင်ခဲ့သူဖြစ်သည်။ ကယန်းကျားသစ် ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဘရော်နီကာ သည် လာမည့်ဧပြီလ ၂၂ ရက်နေ့တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ အီတလီလက်ဝှေ့မယ် အက်စ်တာ ဗွိုင်အိုလာနှင့် စိန်ခေါ်ပွဲ ထိုးသတ်သွားလိမ့်မည်ဖြစ်ပြီး ယခုပွဲစဉ်မှာ ၅၃ ကီလိုတန်းပွဲစဉ်ဖြစ်လာလိမ့်မည်ဟု သိရသည်။ ဘရော်နီကာ သည် မြန်မာ့လက်ဝှေ့နည်းစနစ်ဖြင့် […]