BREAKING
March 29, 2025

အားကစား

ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင် စပွန်ဆာကြေးရရှိသည့် ဝတ်စုံစာချုပ်ကို မန်ယူချုပ်ဆို

Dawei Watch

August 1, 2023

အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းစုသည် မန်ယူအသင်းကို ပရီးမီးယားလိဂ်သမိုင်းတွင် စံချိန်တင်စပွန်ဆာကြေးပေးအပ်ကာ ဝတ်စုံစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ အက်ဒီးဒတ်စ်သည် မန်ယူကို ၁၀ နှစ်သက်တမ်းရှိ ဝတ်စုံစပွန်ဆာစာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ်ကတစ်ဆင့် မန်ယူမှာ စပွန်ဆာကြေးပမာဏ ပေါင်သန်း ၉၀၀ အထိ ရရှိသွားတော့မည်ဖြစ်သည်။ အက်ဒီးဒတ်စ်နှင့် မန်ယူတို့သည် ၂၀၁၅-၁၆ ဘောလုံးရာသီကစတင်ကာ လက်တွဲခဲ့ခြင်းဖြစ်ပြီး ပုံရိပ်ကြီးမားသော မန်ယူနှင့် ဆက်လက် အလုပ်လုပ်ခွင့်ရရှိသည့်အတွက် အားရကျေနပ်မိပါကြောင်း အက်ဒီးဒတ်စ်က သတင်းထုတ်ပြန်ထားသည်။ ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အရ အက်ဒီးဒတ်စ်သည် မန်ယူ၏ဝတ်စုံစပွန်ဆာမိတ်ဖက်အဖြစ် ၂၀၃၅ ခုနှစ်ထိတိုင် ရပ်တည်သွားနိုင်တော့မည်ဖြစ်ပြီး မန်ယူမှာ ဆုဖလားရရှိမှု၌ အားရကျေနပ်စရာ မရှိတော့သော်လည်း ကွင်းပြင်ပ ဈေးကွက်တွင်မူ ပုံရိပ်ကြီးမားစွာ ထင်ကျန်နေဆဲဖြစ်ကြောင်း ယခုစပွန်ဆာစာချုပ်က သက်သေခံလျက်ရှိသည်။ မန်ယူသည် အက်ဒီးဒတ်စ်နှင့် ချုပ်ဆိုခဲ့သော စာချုပ်ဟောင်း၌ […]

အမ်ဘတ်ပေကို ကမ္ဘာ့လုပ်ခလစာ အများဆုံးပမာဏဖြင့် ဆော်ဒီကလပ်ကမ်းလှမ်း

Dawei Watch

July 25, 2023

ထိပ်တန်ကစားသမားများကို ခေါ်ယူနိုင်ရန် ကြိုးစားနေသော ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်လ်အသင်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကို တစ်နှစ်လုပ်ခ ယူရိုသန်း ၇၀၀ အထိ ပေးချေကာ ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ အယ်လ်ဟီလယ်လ်က အမ်ဘတ်ပေကို ပေးချေမည့် တစ်နှစ်လုပ်ခလစာသည် အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်ခဲ့မည်ဆိုပါက ကမ္ဘာ့စံချိန်တင်လုပ်ခလစာသစ် ဖြစ်လာလိမ့်မည်ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့စံချိန်တင် လုပ်ခလစာရရှိသော ဘောလုံးသမားအဖြစ် ရပ်တည်နေသူမှာ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအတွက် ကစားပေးနေသော စီရော်နယ်ဒို ဖြစ်သည်။ အမ်ဘတ်ပေနှင့် ပီအက်စ်ဂျီအသင်းတို့အကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် သက်တမ်းအားဖြင့် ဘောလုံးရာသီ တစ်ရာသီစာအတွက်သာ ကျန်ရှိတော့ပြီး ကစားသမားဖြစ်သူဘက်က စာချုပ်သစ်ချုပ်ရန် လက်မခံဘဲဖြစ်နေသည့်အတွက် ပီအက်စ်ဂျီက အမ်ဘတ်ပေကို ရောင်းထုတ်ရန် စီစဉ်နေပြီလည်းဖြစ်သည်။ ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ပီအက်စ်ဂျီအသင်း၏ရာသီကြိုခြေစမ်းခရီးစဉ်တွင် အမ်ဘတ်ပေ ပါဝင်မလာသည့်အတွက် ပီအက်စ်ဂျီက အမ်ဘတ်ပေ […]

နာမည်ကျော် ကာယဗလမောင် လေ့ကျင့်‌နေစဉ် ဝိတ်တန်းပိ၍သေဆုံး

Dawei Watch

July 22, 2023

အင်ဒိုနီရှား ကာယဗလနှင့် ကာယအလှ လေ့ကျင့်ရေးအကျော်အမော် ဂျပ်စတင်ဗစ်ကီသည် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆဖြစ်ပြီး ဝိတ်တန်းပိမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂျပ်စတင် ဗစ်ကီ သည် ယင်းမတော်တဆမှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ကာယဗလနှင့် ကာယအလှ လောက၌ ဆယ်လီ(Cele)တစ်ဦးအဖြစ် ကျော်ကြားသူလည်းဖြစ်သည်။ ဂျပ်စတင် ဗစ်ကီသည် ကွယ်လွန်ချိန်၌ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးပြီး လေ့ကျင့်ရေးခန်းမတွင် ဝိတ်တန်းမသည့် လေ့ကျင့်ခန်းကို ပြုလုပ်စဉ်အချိန်၌ ဝိတ်တန်းပိကာ ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်။ ဂျပ်စတင် ဗစ်ကီသည် The Paradise Gym လေ့ကျင့်ရေးခန်းမတွင် ပေါင် ၄၀၀ နီးပါးရှိသော ဝိတ်တန်းကို သယ်မလေ့ကျင့်ရန် ဝိတ်တန်းကို ထိုင်နေသည့်အနေအထားမှနေ၍ ဆွဲမပင့်တင်လိုက်စဉ်အချိန်၌ ရှေ့သို့လဲကျသွားစဉ်တွင် ဝိတ်တန်းက ၎င်း၏ပခုံးကို ပိရာကတစ်ဆင့် […]

စပိန်နောက်ခံလူ အိုင်နီဂိုမာတီနက်ဇ် ဘာစီလိုနာထံသို့ ပြောင်းရွှေ့

Dawei Watch

July 6, 2023

မြန်မာနိုင်ငံ၏အထင်ကရ သမိုင်းဝင်နေရာ ပုဂံမြေသို့ အလည်အပတ်ခရီး ရောက်ရှိခဲ့ဖူးသော စပိန်နောက်ခံလူ အိုင်နီဂို မာတီနက်ဇ်သည် ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်သော ဘာစီလိုနာထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အိုင်နီဂို မာတီနက်ဇ် သည် သမိုင်းဝင် ပုဂံမြေသို့ လွန်ခဲ့သည့် ၆ နှစ်ခန့်က လာရောက်လည်ပတ်ခဲ့ဖူးပြီး လက်ရှိတွင် ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားသော အိုင်နီဂို မာတီနက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ အိုင်နီဂို မာတီနက်ဇ်သည် လွန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ဘီလ်ဘာအိုနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီးသည့်နောက် ဘာစီလိုနာထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ဘာစီလိုနာနှင့် အိုင်နီဂို မာတီနက်ဇ်တို့အကြားတွင် ၂ နှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် UFC ပထမဆုံးပွဲကို အနိုင်ရရှိ

Dawei Watch

June 25, 2023

ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရခဲ့သည့် ပွဲစဉ်ကို အနိုင်ရလဒ်ဖြင့် အစပြုလိုက်နိုင်ပြီဖြစ်သည်။ ဂျိုရွှာဗန်သည် မြန်မာပြည်ဖွားများအနက်မှနေ၍ UFC ကို ပထမဆုံး ထိုးသတ်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး One Championship ကြယ်ပွင့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းတို့၏ဝန်းရံမှု၊ အားပေးမှုတို့ကိုလည်း ရရှိထားသူဖြစ်သည်။ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် ၎င်း၏ပထမဆုံး UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်ကို ကာဇက်စတန်နိုင်ငံသား ဇူမာဂူလော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်ပြီး အကြိတ်အနယ် အပြန်အလှန် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ဂျိုရွှာဗန်နှင့် ဇူမာဂူလော့ဗ်တို့သည် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ထားသောပွဲချီပြည့်သည်အထိ တစ်ဦးကို တစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့သည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူရာတွင် အမှတ်ပေးဒိုင်လူကြီးများက ဂျိုရွှာဗန်ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသော ဂျိုရွှာဗန်သည် […]

ကယန်းသူ ဗရော်နီကာ နိုင်ပွဲဆက်ယူပြီး ရည်မှန်းရာ One Championship ဆီ ခြေတစ်လှမ်းဆက်တိုးမယ့် စိန်ခေါ်ပွဲ

Dawei Watch

June 17, 2023

မနက်ဖြန် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့မှာတော့ ကယန်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ က စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဒီစိန်ခေါ်ပွဲမှာ ဗရော်နီကာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဗီယက်နမ် မွေထိုင်းလက်ဝှေ့မယ် ထရိုင်အူသီ ဖြစ်ပါတယ်။ ထိုးသတ်ခဲ့ပြီးသမျှ မွေထိုင်းလက်ဝှေ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူပြီး ပုံစံကောင်းရရှိနေတဲ့ ဗရော်နီကာ ဟာ နောက်ထပ်နိုင်ပွဲတစ်ပွဲ ရယူပြီး သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ One Championship ဝင်ရောက်ထိုးသတ်ခွင့်ရဖို့ ခြေတစ်လှမ်း ဆက်တိုးနိုင်လေမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲစဉ်ပါပဲ။

ဖလားသုံးလုံးချန်ပီယံဖြစ်သွားမှာက မန်စီးတီးလား၊ အင်တာမီလန်လား?

Dawei Watch

June 10, 2023

ဒီည သန်းခေါင်ယံကျော် မြန်မာစံတော်ချိန်အရ ဇွန်လ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ကျင်းပပါတော့တယ်။ ထိပ်တိုက်တွေ့နေတဲ့နှစ်သင်းက မန်စီးတီးနဲ့ အင်တာမီလန်တို့ပါပဲ။ မန်စီးတီးက ဖလားသုံးလုံးလမ်းကြောင်းထက်မှာ ရှိနေသလို အင်တာမီလန်ကလည်း အီတလီစူပါဖလားကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဖလားသုံးလုံးလမ်းကြောင်းထက်မှာ ရှိနေတဲ့အသင်းပါပဲ။ ဘယ်အသင်းက ချန်ပီယံလိဂ်ချန်ပီယံဖြစ်သွားလေမလဲဆိုတာကို ဒီညမှာ ရင်ခုန်ကြရပါတော့မယ်။

အီတလီလက်ဝှေ့မယ်ကို အနိုင်ယူပြီး မွေထိုင်း ၁၁ ပွဲဆက်တိုက် အနိုင်ရသည့်စံချိန်ကို ဘရော်နီကာ စိုက်ထူ

diz_admin

April 23, 2023

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် အီတလီနိုင်ငံ၊ ရောမမြို့သို့ သွားရောက်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲစဉ်တွင် ပြိုင်ဘက် အီတလီလက်ဝှေ့မယ် အက်စ်တာ ဗွိုင်အိုလာ ကို အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ ပွဲချီ သုံးချီပြည့် ထိုးသတ်ပြီးသည့်နောက် တစ်ဦးနှင့် တစ်ဦး အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် ဘရော်နီကာနှင့် အက်စ်တာ ဗွိုင်အိုလာတို့က အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူခဲ့ရကာ အမှတ်ပေးဒိုင်လူကြီးများက လက်ရည်အသာစီးဖြင့် ထိုးသတ်သွားခဲ့သော ဘရော်နီကာ ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။ Thai Fight: Rome အမည်ဖြင့် ကျင်းပခဲ့သော ယခုပြိုင်ပွဲသည် ဘရော်နီကာအတွက် သူမ၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ပထမဆုံးသော နိုင်ငံတကာပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ကာ မွေထိုင်းပွဲစဉ်များ ယှဉ်ပြိုင်ထိုးသတ်ရာတွင် ၁၁ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကောင်းကိုလည်း ကယန်းကျားသစ်ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဘရော်နီကာက ရရှိသွားခဲ့ပြီဖြစ်သည်။ ဘရော်နီကာသည် […]