BREAKING
September 19, 2024

အားကစား

မြို့နယ်ပေါင်းစုံ အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပမည်

diz_admin

February 6, 2020

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ မြို့နယ်ပေါင်းစုံမှ အသင်း ၁၀ သင်း ဝင်ရောင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ် နှင့်တိုင်း ပြိုင်ပွဲသွားရန်အတွက် လူရွေးပွဲ အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။ “ဒီပြိုင်ပွဲပြီးရင် လူရွေးမယ်။ လူရွေး ပြီးရင် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ သွားမယ်” ဟု ဦးခင်မောင်ဌေးက ဆိုသည်။ အသင်းတစ်သင်းလျှင် ကစားသမား ငါးဦးနှင့် အရန်ကစားသမားငါးဦး ပါဝင် မည်ဟု ၎င်းက ပြောသည်။ ပြည်နယ်နှင့် တိုင်းပြိုင်ပွဲကို မတ်လ တွင် […]

ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲ ကျင်းပမည်

diz_admin

February 6, 2020

ထားဝယ်ခရိုင်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ငြိမ်းချမ်းရေးမာရသွန် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညားစီးဌာနထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။ “အဓိကတော့ ကလေးတွေ ဆုလည်း ရစေချင်တယ်။ သွေးသစ်ကစားသမား လေးတွေကို တိုးတက်စေချင်တဲ့ ဆန္ဒပေါ့။ မျိုးဆက်သစ်ရစေချင်တာပဲ” ဟု ဦးခင် မောင်ဌေးက ဆိုသည်။ ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲ ခရီးရှည် မှာ သုံးမိုင်ခန့်သာရှိပြီး တိုင်းနှင့်ပြည်နယ် ပွဲများတွင် ဝင်ရောက်ကစားဖူးသူများကို ပါဝင်ခွင့်မပြုကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို တိုင်းအတွင်းရှိ ခရိုင်သုံးခုစလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် […]

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း မပါဝင်

diz_admin

January 30, 2020

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းကိုပါ ထည့်သွင်းကျင်းပမည်ဟု စီစဉ်ထားသော်လည်း မထည့်သွင်းတော့ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသမီးဘောလုံးအသင်းတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားများ မရှိခြင်းကြောင့် ပြိုင်ပွဲတွင် အမျိုး သမီးအသင်းကို မထည့်သွင်းရန် ထားဝယ်တက္ကသိုလ်ဘက်မှ ဇန်နဝါရီလ ၂၃ ရက်က အကြောင်းကြားလာကြောင်း အထက်ပါဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ “အမျိုးသမီးကစားသမားတွေက မရှိဘူး။ တစ်သင်းစာကို မပြည့်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါ ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားတွင် တစ်နေ့နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ယင်းပြိုင်ပွဲကို […]

တနင်္သာရီဘောလုံးအသင်း ဗိုလ်ထပ်စွဲနိုင်မလား

diz_admin

January 30, 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျင်းပသော သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲတွင် အသက်ကြီးဆုံးဖြစ်သည့် အသက် ၂၁ နှစ်အောက် တနင်္သာရီအမျိုးသားအသင်းသည် တိုင်းနှင့်ပြည် နယ်ပြိုင်ပွဲဝင်ရန်အတွက် နေပြည်တော်ကို ဇန်နဝါရီလ ၂၃ ရက်က ထွက်ခွာသွားပြီ ဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ယူကာ ဆယ်စုနှစ်တစ်ခုစာခန့် ဝေးကွာနေသည့် ဆုဖလားကို ပထမဆုံး ရယူပေးနိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ တနင်္သာရီတိုင်း နောက်ဆုံးရရှိခဲ့ စသည့် ဆုဖလားမှာ ၂၀၁၁ ခုနှစ်က ကျင်းပသည့် ၅၆ ကြိမ်မြောက် အလွတ်တန်း ဘောလုံးပြိုင်ပွဲမှ ရရှိသည့် တံခွန်စိုက်ဒိုင်း ဆုဖလားဖြစ်သည်။ ယခုနှစ်တွင် ချန်ပီယံဆုကို ကာကွယ် နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတို့တွင် ထိပ်တန်းလေးသင်းဝင် အသင်းများဖြစ်သည့် မွန်နှင့် […]

ဝူရှူးပြိုင်ပွဲတွင် တနင်္သာရီ အမျိုးသမီးအသင်း နှစ်နှစ်ဆက် တံခွန်စိုက်ဒိုင်းဆု ဆွတ်ခူး

diz_admin

January 30, 2020

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ဝူရှူးပြိုင်ပွဲအမျိုးအစားတစ်ခု ဖြစ်သည့် ဆန်ဆိုအတိုက်အခိုက် အားကစားနည်းတွင် တနင်္သာရီတိုင်း အမျိုးသမီးအသင်းက တံခွန်စိုက်ဒိုင်းဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ကြောင်း ယင်းအသင်းနည်းပြဖြစ်သူ စောကျော်စိုးမိုးက ပြောသည်။ ယင်းပြိုင်ပွဲကို တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်တစ်ခုရရှိကာ အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုကို ရရှိခဲ့ကြောင်း စောကျော်စိုးမိုးက ပြောသည်။ အားကစားသိပ္ပံကျောင်းများတွင် အထူးလေ့ကျင့်နေသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရသော်လည်း ယမန်နှစ်က ရရှိထားသည့် တံခွန်စိုက်ဒိုင်းဆုကို တနင်္သာရီ အမျိုးသမီးအသင်းက ကာကွယ်သွား နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့အသင်းမှာက အားကစားသိပ္ပံတက်နေတဲ့သူတစ်ယောက်မှ မပါဘဲ အပြင်က ကစားသမားတွေနဲ့ ဝင်ပြိုင်ခဲ့တာ။ အဲမှာဘာဖြစ်လဲဆိုတော့ အားကစားသိပ္ပံတက်နေတဲ့သူတွေက နည်းပြနဲ့ အံမဝင်ဘဲဖြစ်နေကြတယ်။ ကျွန်တော်တို့ကတော့ […]

အားကစားကဏ္ဍအတွက် ကျပ်သန်း ငါးရာကျော်သုံးမည်

diz_admin

January 15, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍများအတွက် ငွေကျပ်သန်း ငါးရာ ငါးဆယ် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အားကစားပွဲကျင်းပခြင်း၊ ဗဟို အဆင့် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေခြင်း၊ ဆုချီးမြှင့် ခြင်းများနှင့် သက်ဆိုင်ရာအားကစားနည်း များအတွက် လိုအပ်သည့် အားကစား ပစ္စည်းများ ဝယ်ယူရန် စသဖြင့် အားကစား ကဏ္ဍများအတွက် သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စစ်တုရင် စသဖြင့် အားကစားနည်း ၃၀ ခန့် ပါဝင်သည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် တစ်နှစ်ပတ်လုံး လေ့ကျင့်သော […]