BREAKING
September 19, 2024

အားကစား

အားကစားကဏ္ဍတွင် တနင်္သာရီတိုင်း အဆင့်လေးသို့ ပြန်ဆင်း

diz_admin

February 26, 2020

၂၀၁၉-၂၀၂၀ အားကစားနှစ်အတွက် တိုင်းနှင့်ပြည်နယ် အားကစားအဆင့် သတ်မှတ်ချက်များ ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ တနင်္သာရီတိုင်းက ယမန်နှစ်ကထက် အဆင့်တစ်ဆင့် လျော့ကျပြီး အဆင့်လေးသို့ ပြန်ဆင်း သွားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ အထက်ပါ အားကစားနှစ်တွင် တနင်္သာရီတိုင်းသည် ရွှေတံဆိပ် ၃၃ ခု၊ ငွေ ၁၆ ခု၊ ကြေး ၂၉ ခု စုစုပေါင်း ဆုတံဆိပ် ၇၈ ခုဖြင့် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်တို့အောက် အဆင့်လေး တွင် ရပ်တည်နေခြင်းဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ တိုင်းနှင့်ပြည်နယ် အားကစား အဆင့်သတ်မှတ်ချက်တွင် တနင်္သာရီ တိုင်းသည် ၂၀၁၇-၁၈ အားကစားနှစ် တွင် အဆင့်လေး၊ […]

နွေရာသီ အားကစားသင်တန်း တက်သူတိုင်း အားကစားဝတ်စုံ အခမဲ့ ရမည်

diz_admin

February 26, 2020

ယခုနှစ် နွေရာသီ ကျောင်းပိတ် ကာလတွင် ပြုလုပ်မည့် အားကစားသင် တန်းများသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူတိုင်း အားကစားဝတ်စုံတစ်စုံစီ အခမဲ့ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယမန်နှစ်ကမူ ရန်ပုံငွေ အခြေအနေအရ တိုင်းအတွင်း အားကစားသင်တန်း တက်သူများအနက် ထားဝယ်မြို့နယ်တွင် အားကစားသင်တန်းတက်သူများကိုသာ အားကစားဝတ်စုံ ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြား ရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ “မြို့နယ်အားလုံး တန်းတူဖြစ်သွား အောင်ဆိုပြီး တစ်ယောက်တစ်စုံစီ သင်တန်းသား အားလုံးကို ထုတ်ပေးမယ်”ဟု ဦးစိုးမိုးနိုင်က ဆိုသည်။ နွေရာသီအားကစားသင်တန်းကို မတ် ၁၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်တစ်မြို့ နယ်လျှင် အားကစားနည်းငါးမျိုး၊ ခရိုင်တစ်ခုလျှင် […]

သဲသောင်ပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲ မောင်းမကန်ကမ်းခြေတွင် ကျင်းပမည်

diz_admin

February 25, 2020

တနင်္သာရီတိုင်းတွင် ပထမဆုံး ကျင်းပမည့် အသက်၂၅ နှစ်အောက် သဲသောင်ပြင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကို မောင်းမကန် ကမ်းခြေတွင် ကျင်းပရန် ရွေးချယ်ထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် စတင်ကျင်းပမည်ဟု ယာယီ သတ်မှတ်ထားသော်လည်း အချိန်အပြောင်း အလဲ ရှိနိုင်သေးကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းပြိုင်ပွဲသို့ နေပြည်တော် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး လာရောက်မည် ဖြစ်သောကြောင့် အချိန်အတိအကျ သတ်မှတ်မရသေးကြောင်း ၎င်းက ပြော သည်။ ယင်းပြိုင်ပွဲတွင် ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့မှ နှစ်သင်းစီ၊ ကျန်မြို့နယ်နှင့် မြို့များက တစ်သင်းစီ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း […]

ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

diz_admin

February 20, 2020

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြည်နယ်တိုင်း အသီးသီး မှ စစ်တုရင်ကလပ် ၂၇ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ “တစ်ဦးချင်း ခုံအလိုက်မှာတော့ ပထမရတယ်”ဟု မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။ ခုံအလိုက်ပြိုင်ပွဲတွင် မြိတ်စစ်တုရင် ကလပ်မှ ကိုကျော်ဇေယျာက ခုံနံပါတ် လေးတွင် ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကလပ်အသင်းပေါင်းစုံ […]

ထားဝယ်တွင် ဖူဆယ်ကွင်း ငါးကွင်းအထိရှိလာ

diz_admin

February 11, 2020

ထားဝယ်မြို့တွင် ပုဂ္ဂလိကပိုင် ဖူဆယ်ကွင်း လေးကွင်းနှင့် တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင် ဖူဆယ်ကွင်း တစ်ကွင်း စုစုပေါင်း ငါးကွင်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကွင်းငှားခ တစ်နာရီ ကျပ် ၁၃၀၀၀ မှ ၁၅၀၀၀ အကြား ပေးရသည့် ပုဂ္ဂလိက ဖူဆယ်ကွင်းများမှာ ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်ရပ်ကွက်တွင် တစ်ကွင်း၊ ဗျောတော၀ရပ်ကွက်တွင် နှစ်ကွင်းရှိပြီး ပေါက်တိုင်းတံတားအနီးရှိ တစ်ကွင်းမှာ ဆောက်လုပ်ဆဲ ဖြစ်သည်။ ဖိုးသီးချို ကလေးအားကစားကွင်း အနီးရှိ အားကစားဌာနပိုင် ဖူဆယ်ကွင်း ကိုမူ ညနေ ၃ နာရီမှ ၆ နာရီအထိကို အများပြည်သူ အခမဲ့ ကစားခွင့်ပြုထားပြီး အသင်းအဖွဲ့များအနေဖြင့် ပြိုင်ပွဲကျင်းပ မည်ဆိုပါက အားကစားဌာနထံ ခွင့်ပြု ချက်တောင်းခံကာ အခမဲ့ […]

ယမန်နှစ်ချန်ပီယံ တနင်္သာရီဘောလုံးအသင်း ကွာတားအဆင့်မှ လှည့်ပြန်

diz_admin

February 11, 2020

တိုင်းနှင့်ပြည်နယ် အသက် ၂၁ နှစ် အောက် ဘောလုံးပြိုင်ပွဲ ယမန်နှစ်ချန်ပီယံ တနင်္သာရီတိုင်း ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်တွင် ချင်းပြည်နယ် အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲ မှ ထွက်ခွာသွားပြီဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် အုပ်စုအတွင်း မကွေးတိုင်းအသင်းကို ၁ဂိုး၊ ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းကို ဂိုးမရှိသရေ၊ ရန်ကုန်တိုင်းအသင်းကို ၂ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပထမ ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင် ခဲ့သော်လည်း ကွာတားတွင် ချင်းပြည် နယ်အသင်းကို ရှုံးသွားခဲ့သည်။ ကွာတားပွဲစဉ် ပထမပိုင်း ပွဲကစား ချိန်တစ်လျှောက်လုံး တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော တနင်္သာရီတိုင်း အသင်းသည် ဒုတိယပိုင်း သွင်းဂိုးများ ဖြင့် ချင်းပြည်နယ်အသင်းကို အရှုံးပေး လိုက်ရခြင်း […]