မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ စပါးနှင့် ဘရန့်ဖို့ဒ်တို့က ငလျင်ဒဏ်သင့် မြန်မာနှင့် ထိုင်းအတွက် ဆုတောင်းပေး
Dawei Watch
March 29, 2025နာမည်ကျော် ဘောလုံးကလပ်အသင်းများဖြစ်ကြသော မန်ယူ၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ စပါးနှင့် ပီအက်စ်ဂျီတို့က ငလျင်ဒဏ်သင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက် ၎င်းတို့အသင်းပိုင် ဝက်ဘ်ဆိုက်များကတဆင့် ဆုတောင်းစကားများ ပြောကြားထားသည်။ မန်ယူ၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ စပါးနှင့် ပီအက်စ်ဂျီတို့သည် အင်အားပြင်းငလျင်ဒဏ်ကို ရင်ဆိုင်ကြုံဆုံခဲ့ရသော မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် အားပေးစကားများပြောကြားပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်း လွှင့်တင်ဖော်ပြထားကြသည်။ ONE Championship သည်လည်း သောကြာည၌ ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကို ရပ်နားရွှေ့ဆိုင်းပစ်ခဲ့ပြီး ONE ၏ CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင် တို့ကလည်း ငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရပါကြောင်း ရေးသားအသိပေးခဲ့ကြသည်။ အင်အားပြင်းငလျင်သည် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ငလျင်၏စွမ်းအားသည် […]